Thursday, February 3, 2022

ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မူ ICJ စီရင်ပိုင်ခွင့် မြန်မာ ကနဦး ကန့်ကွက်ချက် NUG ရုတ်သိမ်း

VOA
ဗွီအိုအေမြန်မာပိုင်း
03 ဖေဖော်ဝါရီ၊ 2022
ဝင်းမင်း

FILE PHOTO: Rohingya refugees cross the Naf River with an improvised raft to reach Bangladesh at Sabrang near Teknaf, Bangladesh, November 10, 2017. REUTERS/Mohammad Ponir Hossain/File Photo FROM THE FILES - 3RD ANNIVERSARY OF ROHINGYA MUSLIM EXODUS FROM 
 
မြန်မာနိုင်ငံကို ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မူ စွဲချက်နဲ့ ICJ နိုင်ငံတကာတရားရုံးရဲ့ စီရင်ပိုင်ခွင့်ကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ ကနဦး ကန့်ကွက်ခဲ့တာ အားလုံးကို ပြန်ရုတ်သိမ်းလိုက်တဲ့အကြောင်း NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ် ။ ဖေဖော်ဝါရီ ၂၁ ရက်မှာ ICJ ကကြားနာဖို့ ရှိတဲ့ စစ်ကောင်စီရဲ့ချေပမူကို ဖျက်သိမ်းပြီး၊ NUG ကိုယ်စားလှယ်ကိုသာ လက် ခံ ဖြေ ရှင်းခွင့်ပေးဖို့ ICJ ကို တောင်းဆိုထားပါတယ်။ ဘာကြောင့် အခုလို ရုတ်သိမ်းရပြီး၊ ရှေ.ဆက် စီရင်မူ ဖြစ်နိုင်ခြေ အလားအလာနဲ့ ပတ်သက်လို့ Tampadipa မူဝါဒလေ့လာရေးအဖွဲ့ ဒါရိုက်တာ ဒေါက်တာခင်ဇော် ဝင်း နဲ့ မြန်မာရိုဟင်ဂျာများအဖွဲ့ (UK) ဥက္ကဌ ဦးထွန်းခင် တို့ကို ကိုဝင်းမင်းက မေးထားပါတယ်။

ကိုဝင်းမင်း ။. ။ အခုလိုလူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကနဦးကန့်ကွက်မှုကို NUG ဖက်က ပြန်ရုတ်သိမ်းလိုက်ရ တာရဲ့ အရေးပါမှုကို Tampadipa တမ္ပဒီပ အင်စတီကျု့ မူဝါဒလေ့လာရေးအဖွဲ့က ဒေါက်တာ ခင်ဇော်ဝင်း က

ဒေါက်တာ ခင်ဇော်ဝင်း ။. ။ ဒါက သဘာဝကျတယ်။ဒေါ်အောင်ဆန်းစုကြည် က ရှင်းရှင်းပြောရင်ဗျာ။ မဟုတ် တာလုပ်ခဲ့တာ။ အဲဒါနဲ့ကို တိုင်းပြည်ကော လူမျိုးတွေကော ချာလပတ်လည်ကုန်တာ။ အခုတော့ အစိုးရအေ ကာင်းပဲပြောမှာပေါ့။ ဒီ ကလည်း ခေါင်းအေးအေးနဲ့ စဉ်းစားပြီးတော့ မဟုတ်တဲ့ဟာကို မမှန်တဲ့ဟာကို ပြင် လိုက် တာ ။ ကျနော်ကဝမ်းသာတယ်။ ပြောင်းလည်ပစ်ရမယ်။ ဒီလိုပဲဖြစ်ရမှာ။ ဒေါ်အောင်ဆန်းစုကြည် လည်း ဘူးခံခဲ့တာပဲ။ စစ်ဗိုလ်တွေကလည်း ဘူးခံခဲ့တာပဲ။ လုံးဝရှေ့ဆက်သွားလို့လည်းမရဘူး။ အဖြေလည်း မပေါ်ဘူး။ အခုဟာက ပထမအဆင့်တော့ ပထမအဆင့်ပေါ့ဗျာ။

ကိုဝင်းမင်း ။. ။ ဒါအပြင် မြန်မာ ရိုဟင်ဂျာများအဖွဲ့ UK ဥက္ကဌ ဦးထွန်းခင် ကလည်း

ဦးထွန်းခင် ။. ။ ကျနော်တို့အနေနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ ကျနော်တို့ တနိုင်ငံလုံးကို ကိုယ်စားပြု တဲ့အစိုးရတရပ်အနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ Preliminary objections ကန့်ကွက်မှုကို ICJ ကမ္ဘာ့တရားရုံးမှာ ရုတ်သိမ်းတာဟာ ကျနော်တို့နိုင်ငံအတွက် လက္ခဏာကောင်းဖြစ်တယ်။ ရိုဟင်ဂျာတွေ အား လုံးက NUG ရဲ့ ရုတ်သိမ်းမှုအပေါ်မှာ ကြိုဆိုတယ်။ ဒီမှာတခုတွေ့ရတာက NLD အစိုးရက လူမျိုးတုံး သတ် ဖြတ်မှုကို ငြင်းဆန်ခဲ့သလို NUG က မငြင်းဆန်ဘူး။ NLD လုပ်ခဲ့သလိုမလုပ်ဘူး။ ဒီဟာမှာ ပေါ်လွင်နေ တာ က NUG သည် ကျနော်တို့နိုင်ငံရဲ့ တရားမျှတတဲ့ မဏ္ဍိုင်တွေအားလုံးမှာ နိုင်ငံတကာနဲ့ ပူးပေါင်းသွား မယ်ဆို တဲ့ဟာက ဒီနေရာမှာ ပေါ်ပေါ်လွင်လွင်ထင်ထင်ရှားရှားတွေ့ရတယ်။ အဲဒီအတွက် ကျနော်တို့နိုင်ငံသူ နိုင်ငံ သား အားလုံးအတွက် အားရစရာပါ။

ကိုဝင်းမင်း ။. ။ ဘာကြောင့်အခုချိန်မှာပြန်ရုပ်သိမ်းလိုက်တာဖြစ်နိုင်လဲလို့ မေးရာမှာ ဦးထွန်းခင် က ဆက်ပြီး တော့

ဦးထွန်းခင် ။. ။ ဘာကြောင့်ဖြစ်လဲဆိုရင် ကျနော်တို့နိုင်ငံမှာ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုဖြစ်တုံးက နိုင်ငံ သူနိုင်ငံသားအားလုံး လက်မခံခဲ့ဘူး။ မဖြစ်ဘူးလို့ထင်ခဲ့တယ်။ရိုဟင်ဂျာတွေဆိုရင်က အိမ်တွေရွာတွေ မီးရှို့ တာ က ကိုယ်ဟာကိုယ်မီးရှို့တယ်လို့ ပြောခဲ့ကြတယ်။ ဒါပေမယ့် အခု ချင်းပြည်နယ် ထန်တလန်တို့၊ ကရင်နီ တို့၊ ကရင်ပြည်နယ်တို့၊ စစ်ကိုင်းတိုင်းတို့မှာ ဖြစ်နေတာမှာ ကျနော်တို့နိုင်ငံသူ နိုင်ငံသားအားလုံး NUG သေ ဘာပေါက်သွားတာက ဒါတွေက စစ်တပ်က လုပ်ခဲ့တယ်ဆိုတဲ့ဟာက ပေါ်ပေါ်တင်တင်တွေ့ရတယ်။ လူမျိုးတုံး သတ်ဖြတ်မှုတွေက ရိုဟင်ဂျာတင်မကဘူး။ တခြားလူနည်းစု ကရင်တွေရော၊ ချင်းတွေရော လူမျိုးတုံးသတ် ဖြတ်မှုက ရည်ရွယ်ချက်ရှိရှိလုပ်နေပြီဆိုတာ ထင်ထင်ရှားရှားတွေ့ရတယ်။ ဒါတွေကို အခုချိန်မှာ အားလုံးသေ ဘာပေါက်ပြီလို့ ကျနော်က ယူဆပါတယ်။

ကိုဝင်းမင်း ။. ။ အခုလိုရုတ်သိမ်းမှုကြောင့် ICJ တရားစီရင်မှုကို ဆက်ဖြစ်လာမှာမေးရာမှာ ဒေါက်တာ ခင်ဇော် ဝင်း က.

ဒေါက်တာခင်ဇော်ဝင်း ။. ။ ဖွင့်တာမပြောတာပါ။ အားလုံးက ဒါကိုမျှော်လင့်နေကြတာပါ။ အဆိုးဆုံးသံသရာ ထဲကနေပြီးတော့ ဘာပေါ်လာမလဲဆိုတာ ICJ ကအစတခြား နိုင်ငံတွေကလည်း မျှော်လင့်နေတာပဲ။ ဒီဟာက တော်တော်လေးကိုပဲ အရေးပါမယ်။ ဒါကို ရဲရဲဝံဝံ မှန်မှန်ကန်ကန်နဲ့ ရင်ဆိုင်ရမယ်။ အရင်စစ်တပ်ကလည်း မှားခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မှားခဲ့တယ်။ Out Of Court Settlements ဆိုတာပေါ့ဗျာ။ ဒီအမှု စွဲတင်လာတဲ့ ဂန်ဘီယာနိုင်ငံ က. ပုဂ္ဂိုလ်တွေနဲ့ မြန်မာပြည်က NUG က ပုဂ္ဂိုလ်တွေ တွေ့ဖို့လိုလိမ့်မယ်။ Informally ပေါ့ဗျာ။ ကဲ ပွင့်ပွင့်လင်းလင်းပြောကြပါ။ ပြောင်ပြောလိုက်၊ ပွင့်ပွင့်လင်းလင်းပြောလိုက် အဲဒါအကောင်းဆုံးပဲ။

ကိုဝင်းမင်း ။. ။ ဒီအပေါ်မှာ ဦးထွန်းခင် က

ဦးထွန်းခင် ။. ။အခုလို ကန့်ကွက်မှုကြောင့် ခုံရုံးလုပ်ငန်းစဉ်တွေမှာတော့ တရားရုံးက ကိုယ်စားပြုမှုဆို တာ တော့ရှိတယ်။ အဲဒါကျနော်တို့ ရိုဟင်ဂျာတွေအနေနဲ့ကတော့ ဒီကေ့စ် မှာ NUG ကို အာဏာသိမ်း စစ်ကောင် စီအစားတက်ရောက်စေချင်ပါတယ်။ တရားရေးမဏ္ဍိုင်မှာလည်း NUG ရဲ့ ရုပ်သိမ်းမှုဟာ ပိုပြီးထိထိရောက် ရောက် အရေးပါမယ်လို့ ထင်ပါတယ်။ ဒီလိုကြားနာမှု စစ်ဆေးမှုတွေမှာ NUG အခမ်းကဏ္ဍကလည်း ရှိနေ လိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။

ကိုဝင်းမင်း ။. ။ တကယ်တော့ ဒီ ICJ အမှုအတွက် စစ်ကောင်စီဖက်ကလည်း ပြန်လည်ချေပဖို့ ပြင်ဆင် ထားကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း က ဗွီအိုအေ ကိုပြောကြားခဲ့ပါတယ်ခင်ဗျာ။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */