VOA
ဗွီအိုအေ (မြန်မာဌာန)
02 ဖေဖော်ဝါရီ၊ 2022
နတ်မြစ်ကိုဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကူးဝင်နေကြတဲ့ ရိုဟင်ဂျာများ။ (အောက်တိုဘာ ၁၆၊ ၂၀၁၂)
ရိုဟင်ဂျာမူဆလင်တွေအေပါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး တရားစီရင်ပိုင်ခွင့် ရှိတယ်ဆိုတဲ့အချက်ကိုလက်ခံတဲ့အကြောင်း NUG - ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရက ကြေ ညာချက်ထုတ်ပြန်ပါတယ်။
ရိုဟင်ဂျာတွေကိုယ်စား ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်လို့ ICJ ရဲ့တရားစီရင်ပိုင်ခွင့်ကိုအရင် NLD အစိုးရက လက်မခံခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကနဦးအဆင့် ကန့်ကွက်လျှောက် လဲခဲ့ပါတယ်။ NLD အစိုးရလက်ထက်က လွှတ်တော်အမတ်တွေ ပါဝင် ဖွဲ့စည်းထားတဲ့ အတိုက်အခံ NUG အမျိုးသား ညီညွတ်ရေးအစိုးရက အဲဒီ ကနဦး ခုခံ ချေပချက်ကို ပြန်လည် ရုပ်သိမ်းကြောင်း မနေ့က ေဖေဖာ် ဝါရီလ ၁ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့လည်း ဒီကိစ္စ စစ်ဆေးကြားနာရေးမှာ ICJ က ရိုဟင်ဂျာဆိုတဲ့အမည်ကိုလက်မခံတဲ့ မြန်မာစစ်ကောင်စီဘက် က သံတမန်တွေနဲ့သာ ထိတွေ့ဆက်သွယ်နေပါတယ်။ တရားစွဲဆိုထားတဲ့ကိစ္စ ဒီလ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ကြား နာတဲ့အခါ ပြန်လည် ချေပဖို့ ပြင်ဆင်ထားပြီး ဖြစ်တဲ့အကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက VOA ကို ပြောဆိုထားပါတယ်။
အခု ICJ တရားရုံးရဲ့ တရားစီရင်ပိုင်ခွင့်ကို NUG က လက်ခံလိုက်တဲ့အကြောင်း ကြေညာလိုက်တာကြောင့် အမှုသွား အမှုလာအပေါ် ဘယ်လောက်အထိ အကျိုးသက်ရောက်မှု ရှိလာမလဲဆိုတာတော့ မသိရသေးပါဘူး။ ICJ အနေနဲ့ မြန်မာစစ်တပ်ကို အသိအမှတ်ပြု ဆက်ဆံမယ့်အစား အမှုနဲ့ပတ်သက်လို့ နယူးယောက်မြို့မှာ ရှိနေတဲ့ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ယာယီ ကိုယ်စားလှယ်အနေနဲ့ အစားထိုး ဆက်သွယ်ဖို့ NUC က တိုက်တွန်းထားပါတယ်။
ICJ မှာ မြန်မာ့အရေးကို အရင်တခေါက် ကြားနာ စစ်ဆေးစဉ်တုန်းက မြန်မာနိုင်ငံကိုယ်စား တက်ရောက် ဖြေ ကြားခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်နိုင်ရင် Alternate Agent - ကိုယ် စားပြုနိုင်တဲ့ ကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အဆိုပြုထားပြီးဖြစ်တယ်လို့ NUG နိုင်ငံခြား ရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောဆိုထားပါတယ်။
Link : Here
No comments:
Post a Comment