ရခိုင်ပြည်မြောက်ပိုင်း စစ်တွေမြို့နယ်အတွင်းက မွတ်ဆလင်တွေနေထိုင်တဲ့
ကျေးရွာတွေမှာ လမ်းချဲ့ထွင် မယ် ဆိုပြီး အာဏာပိုင်တွေဖက်က မှတ်တိုင်တွေ
လာရောက်စိုက် ထူနေတာတွေကြောင့် နေအိမ်တွေနဲ့ ဈေးဆိုင် တွေ ဖယ်ရှားခံရမှာပို
မွတ်ဆလင်ဒေသခံတွေက စိုးရိမ် နေကြပါတယ်။ မြေတိုင်းဦးစီးစာရင်းမှာရှိတဲ့
သတ်မှတ် လမ်းနေရာတွေအတိုင်း မှတ်တိုင်တွေ လိုက်စိုက်တာဖြစ်တယ်လို့
စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးကတော့ ပြောပါတယ်။
ဒီအကြောင်းအပြည့်အစုံကိုတော့ ရန်ကုန်ကလာတဲ့ သတင်းကို -ကိုရဲမွန် က
တင်ပြပေးပါမယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့ နယ်ထဲက
သက္ကယ်ပြင်ကျေးရွာအပါအဝင် မွတ်ဆလင်ကျေးရွာတလျှောက် လမ်း
တိုးချဲ့မယ်ဆိုပြီးတော့ တာဝန်ရှိ သူတွေဖက်က အမှတ်အသားတိုင်တွေ လာရောက်
စိုက်ထူနေပါတယ်။ ဒါ ကြောင့် လမ်းဧရိယာထဲ ပါဝင်နေတဲ့ နေအိမ်တွေနဲ့
ဈေးဆိုင်တွေ ဖယ်ရှားခံရမှာကို ဒေသခံတွေ စိုးနေရိမ်ကြပါ တယ်။ လက်ရှိမှာတော့
သက်ဆိုင်ရာတာဝန်ရှိသူတွေဖက်က နေအိမ်တွေကို ဖယ်ရှားပေးရမယ်လို့ တရားဝင်
ပြောဆိုထားတာ မရှိသေးပါဘူး။
မွတ်ဆလင်ရွာတွေများတဲ့ လမ်းတလေ ျှာက်
ခုလိုလုပ်တာနဲ့ပါတ်သက်လို့နဂိုမြေစာရင်းမြေပုံမှာ ဖော်ပြထားတဲ့ လမ်းအတိုင်း
အမှတ်အသားတွေ လိုက်စိုက်နေတာသာဖြစ်တယ်လို့စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး
ဦးကျော် လွင်ကတော့ ဗီအိုအေကို ပြောပါတယ်။ လမ်းဧရိယာအတွင်းမှာ
ကျူးကျော်နေထိုင်သူတွေကို စာရင်းကောက် ယူပြီး ပြည်နယ်အစိုးရကို တင်ပြမှာ
ဖြစ်တယ်လို့ခုလိုပြောပါတယ်။
"လမ်းတွေက တိုးချဲ့တာ မဟုတ်ဘူးဗျ၊
စစ်တွေကနေ ပလ္လင်ပြင်အထိ စုစုပေါင်း ၁၀ မိုင်လောက်ရှိမှာပေါ့လေ၊ အဲတာကို
ကျနော်တို့က လမ်းမှတ်တိုင်တွေ လိုက်စိုက်တာ၊အရင်အတည်းက ရှိပြီးသား
လမ်းအကျယ်တွေက သူ့ မြေစာရင်း မြေပုံမှာ ရှိပြီးသား အဲဒီမြေစာရင်း မြေပုံမှာ
ရှိတဲ့ လမ်းအတိုင်းကို မှတ်တိုင်တွေ လိုက်စိုက်တာ။ လမ်းနယ်ထဲမှာ သူတို့က
ကျူးနေတဲ့ သဘောတွေ တွေ့ရတာပေါ့။ အဲဒီကျူးစာရင်းတွေကို ကျနော်တို့က စာ
ရင်းကောက်ပြီးတော့ ပြည်နယ် အစိုးရ အဖွဲ့ကိုပဲ တင်ပေးမှာပါ။ ကျန်တဲ့
အပိုင်းတွေကတော့ ပြည်နယ် အစိုးရ ရဲ့ ညွန်ကြားမှု အတိုင်းပဲပေါ့နော်။ "
စစ်တွေ-ပလ္လင်ပြင်
အထိ ၁၀ မိုင်လောက်ရှိတဲ့ လမ်းတလေ ျှာက် မွတ်ဆလင်တွေ အများဆုံးနေထိုင်တဲ့
လက် မချေ ၊ဂေါလော်ဒီ၊ ဒါးပိုင်၊ မှန်စီနဲ့ သက္ကယ်ပြင်စတဲ့ ကျေးရွာတွေ
ရှိပါတယ်။ အာဏာပိုင်တွေရဲ့ လုပ်ဆောင် ချက်နဲ့ ပတ်သတ်ပြီး
သက္ကေြ့ပင်ဒေသခံတစ်ဦးဖြစ်တဲ့ ဦးမောင် လေးက လမ်းချဲ့တာ ကောင်းပေမယ့် နေအိမ်
တွေ ဖျက်ခံရမှာကိုတော့ စိုးရိမ်နေပါတယ်။
“ လမ်းလုပ်တာက အင်မတန်
ကောင်းတဲ့ အလုပ်ပါ။ လမ်းကတော့အရေးကြီးပါတယ်။ လမ်း အရေးကြီးတာ ထက်
ကျနော်တို့ အခု ဒုက္ခရောက်တော့မယ် ဒါက ပိုလို့ အရေးကြီး ပါတယ်။
အခုကပါသွားရင် အိမ်တွေလည်း ဖျက်ပေးရမယ် ဆိုတော့ စားဝတ်နေရေး အခက် အခဲအခု
မိသားစု အခက်အခဲဖြစ်နိုင်တယ်။ ပစ္စည်းဆုံးရှုံး သွားနိုင်တယ်။
ဒုက္ခရောက်မှာကို ကျနော်တို့က အရမ်းစိုးရိမ်ပါတယ်။”
ဒါးပိုင်မွတ်ဆလင်ကျေးရွာမှာလည်း
တာဝန်ရှိသူတွေဖက်က လမ်းမှတ်တိုင်တွေ လာရောက်စိုက်နေ တာတွေ ရှိပြီး
အဲဒီအထဲမှာ နေအိမ်တွေနဲ့ ဈေးတွေလည်း ပါဝင်နေတယ်လို့ ဒါးပိုင်ကျေးရွာ
ဒေသခံတစ်ဦးက ပြောပါ တယ်။ လမ်းတဖက်တချက် ပေ ၅၀ အထိ လမ်းဧရိယာဆိုပြီး
တိုင်တွေစိုက်ထားတဲ့အတွက် အိမ်တွေ ဆိုင်တွေ ဖျက်ပေးရမှာကို
စိုးရိမ်နေကြတာပါ။
“ အဲဒီစကားတော့ မပြောဘူး သူတို့ အိမ်ဘေးမှာ
တိုက်စိုက်ပြီးတော့ သွားနေတာပေါ့။ တစ်အိမ်ပါတယ် နှစ် အိမ်ပါတယ်။ ပေ ၄၆
ပေဆိုတော့ အိမ်တွေ ပါသွားတယ်။ အိမ်တွေကို ကျော်ပြီးမှ သူတို့ တိုင်စိုက်တာ
ပါသွား တယ်။ သဲချောင်းဈေးလည်းပါတယ်။ ဒါးပိုင်ဈေးလည်းပါသွားတယ်။
ဈေးပါသွားလို့ပြောတာမဟုတ်ဘူး အိမ်ပါ သွားလို့ ကျနော်တို့ စိုးရိမ်နေတာပါ။”
အခုလို
လမ်းဧရိယာသတ်မှတ်တဲ့ တိုင်တွေ လိုက်စိုက်ထူနေပေမဲ့ ဘယ်တော့ လမ်းကို
တိုးချဲ့ပြင်မှာလဲဆို တာကိုတော့ အတိအကျ မသိရသေးပါဘူး။
ဒီလိုလုပ်ဆောင်နေတာတွေကို မေးမြန်းဖို့ ရခိုင်ပြည်နယ် ကောင် စီပြောခွင့်ရ
ဦးလှသိန်းကို မေးမြန်းဖို့ ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေ
ဆိုခဲ့ခြင်းမရှိခဲ့ပါဘူး။
Link : Here
No comments:
Post a Comment