" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, July 30, 2021

ရေဘေးကြုံ ရိုဟင်ဂျာ ဒုက္ခသည်တို့ရဲ့ အခက်အခဲ

VOA
ဗွီအိုအေမြန်မာပိုင်း
ဆုမွန်
30 ဇူလိုင်၊ 2021
ရေဘေးဒဏ်ခံနေရတဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ရိုဟင်ဂျာ မိသားစုများ (ဇူလိုင် ၂၈၊ ၂၀၂၁)
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မြန်မာပြည်ကတိမ်းရှောင်လာတဲ့ သိန်းချီတဲ့ရိုဟင်ဂျာဒုက္ခသည်တွေ ခိုလှုံနေထိုင်ရာ ဒုက္ခ သည်စခန်းတွေမှာ ရေကြီးမြေပြိုမှုဒဏ် ဆိုးဆိုးရွားရွားခံစားနေရပြီး လူသေဆုံးတဲ့အထိ အသက်အန္တရာယ် နဲ့ကြုံတွေ့နေရတယ်လို့ရင်ဆိုင်နေကြရတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေကပြောပါတယ်။
သဘာဝဘေးဒဏ်ရော ကိုဗစ်ရောဂါကပ်ဘေးဒဏ်နဲ့ပါရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် သူတို့ ခို  လှုံနေထိုင်တဲ့တဲကလေးတွေ ခိုင်မာအောင်ဆောက်လုပ်ပေးဖို့နဲ့ ကိုဗစ်ကာကွယ်ဆေး အားလုံးထိုးပေးနိုင်အောင် စီစဉ်ပေးပါလို့လည်း တောင်းဆိုကြပါတယ်။

ဒုက္ခသည်စခန်းတွေထဲက ရေကြီးရေလျှံဖြစ်နေတဲ့အခြေအနေ ကောဇ့်ဘဇားခရိုင် ကုတုပလောင်စခန်း အမှတ် (၇)က ရိုဟင်ဂျာဒုက္ခသည်ဦးအောင်မြိုင်ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန် ဆက်သွယ်မေးမြန်း ထားပါတယ်။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */