Myanmar Globe
30/07/2021
အင်္ဂလန်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို မြန်မာပြည်မှာ စစ်အာဏာသိမ်းမှု့နဲ့ ကိုဗစ်ကပ်ရောဂါပြဿနာ အမြင့်ဆုံးရောက်နေတဲ့ အခြေအနေကို အမြန်ဆုံးဖြေရှင်းပေးဖို့ တွေ့ဆုံဆွေးနွေးလိုက်တယ် ။ အင်္ဂလန်ရဲ့ တင်ပြမှု့မှာ လူဦးရေ ၅၄ သန်းရှိတဲ့ မြန်မာပြည်သားတွေရဲ့ တစ်ဝက်ကျော်ဟာ လာမယ့်နှစ်ပတ်အတွင်းမှာ ကပ်ရောဂါ ကူးစက်ခံရနိုင်လို့ ပြောထားတာပါ ။ ကုလသမဂ္ဂအနေနဲ့ လျစ်လျူထားမယ်ဆိုရင် ကမ္ဘာကြီးကို ဒုက္ခပေးလာနိုင်တဲ့အထိ ဖြစ်လာနိုင်တဲ့အကြောင်း တင်ပြထားတာပါ ။
ကုလရဲ့ အပစ်အခတ်ရပ်ဆဲရေး ဆုံးဖြတ်ချက် ၂၅၆၅ ကို သေသေချာချာစစ်ဆေးဖို့ တွန်းအားပေးလိုက်တာပါ ။ ဒီအစည်းအဝေးကိုတော့ အင်္ဂလန်သံအမတ် မစ္စတာ ဘာဘရာဝုဒ်ဝါတ် ( Barbara Woodward ) က လုံခြုံ ရေးကောင်စီမှာ တွေ့ဆုံဆွေးနွေးလိုက်တာပါ ။ ” ဒါကို ဘယ်လိုအကောင်အထည်ဖော်ရမယ်ဆိုတာကို စဉ်း စားဖို့ အရေးကြီးတယ် ” လို့ ဆိုပါတယ် ။
Link : Here
No comments:
Post a Comment