VOA
ဗွီအိုအေ (မြန်မာပိုင်း)
22 ဖေဖော်ဝါရီ၊ 2021
22 ဖေဖော်ဝါရီ၊ 2021
၂၀၂၀ ခုနှစ် ဧပြီလတုန်းက တွေ့ခဲ့ရတဲ့ မလေးရှားရေပိုင်နက်အတွင်းက ရိုဟင်ဂျာဒုက္ခသည်သင်္ဘောတစီး။ (ဧပြီ ၀၅၊ ၂၀၂၀)
Andaman ပင်လယ်ထဲ စက်လှေတစင်းပေါ်မှာ ဒုက္ခရောက်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကိုချက်ချင်း ကယ် တင်ဖို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ UNHCR က ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ကြေငြာချက် ထုတ် တောင်းဆိုလိုက်ပါတယ်။ အရေအတွက်အတိအကျမသိရတဲ့ ရိုဟင်ဂျာတွေတင်လာတဲ့ စက်လှေတစင်း ပင်လယ်ထဲမှာ အင်ဂျင်ပျက်ပြီး အရေးပေါ် အကူအညီလိုအပ်နေတယ်ဆိုတဲ့သတင်းကို ဖေဖော်ဝါရီလ ၂၀ ရက် နေ့မှာ ရခဲ့တာလို့ UNHCR ကပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar နဲ့ Teknaf အရပ်ကနေ ပြီးခဲ့တဲ့ ၁၀ ရက်လောက်က အဲဒီစက်လှေထွက်လာ တာလို့လည်း UNHCR ကပြောပါတယ်။ ဒုက္ခသည်တွေ တင်လာတဲ့ ဒီသင်္ဘော ဘယ်ရောက်နေလဲဆိုတဲ့နေရာ အတိ အကျကိုတော့ မသိရတာကြောင့် နီးစပ်ရာသက်ဆိုင်ရာတိုင်းပြည် ရေကြောင်းအာဏာပိုင်တွေအနေနဲ့ ဒီသင်္ဘောကို ကူညီရှာဖွေကြဖို့ကိုလည်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးက တိုက်တွန်း ပါ တယ်။
ဒုက္ခသည်အတော်များများ အတော့်ကို အားအင်ချိနဲ့နေပြီး ရေဓာတ် ခမ်း ခြောက်နေကြတယ် လို့လည်း ပြောပါတယ်။ စက်လှေပေါ်က ဒုက္ခသည် တချို့လည်း အသက်သေဆုံးခဲ့ရပြီးဖြစ်သလို ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အသက်သေဆုံးတာတွေ ပိုတိုး လာ တယ်လို့လည်း ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကတည်းက စက်လှေပေါ်မှာ စားနပ်ရိက္ခာတွေေ ရာ သောက်သုံးရေပါ ပြတ်လပ်ပြီး လူအတော်များများလည်း နေထိုင်မကောင်းဖြစ် လာတယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ တပတ်ကျော်လောက်ကတည်းက စက်လှေအင်ဂျင်ပျက်ပြီး ပင်လယ်ထဲမှာ မျောနေခဲ့တယ်လို့ သိရပါတယ်။ ပင်လယ်ထဲမှာ စက်လှေမေ ျှာနေတဲ့နေရာအတိအကျကိုမသိရသေးတဲ့အတွက် သက်ဆိုင်ရာအစိုးရေ တွအနေနဲ့ သူတို့ပိုင်ရေပြင်နယ်နိမိတ်ထဲမှာ ရှာဖွေကယ်တင်ပေးကြဖို့လည်း UNHCR ကမေတ္တာရပ်ခံထား ပါတယ်။
ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရရဲ့ နှိမ်နင်းမှုကြောင့် ရခိုင်ပြည်နယ်ြမောက်ပိုင်းကနေအိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရိုဟင်ဂျာသိန်းနဲ့ချီ ထွက်ပြေးခိုလှုံခဲ့ကြတာပါ။ အဲဒီက ဒုက္ခသည်တွေဟာ လည်းအလုပ် အကိုင်အခွင့်အလမ်းကောင်းတွေရဖို့ အန္တရာယ်များလှတဲ့ပင်လယ်ကို ဖြတ်ပြီး ပြည်ပကို ထွက်ခွါ ဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။

No comments:
Post a Comment