VOA
ဗွီအိုအေမြန်မာပိုင်းအစီစဉ်ဇော်ထက်
21 ဖေဖော်ဝါရီ၊ 2021
ဆန္ဒပြ နိုင်ငံရေးအင်အားစုတွေ၊ အရပ်ဘက်အဖွဲ့တွေ၊ ရှေ့နေကွန်ရက်တွေနဲ့ ကျောင်းသားသမဂ္ဂတွေ ပေါင်းစည်းပြီး စစ်အာဏာရှင်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီကို ဖေဖော်ဝါရီ ၂၀ ရက်မှာ ဖွဲ့စည်းလိုက်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် တင်ပြထားပါတယ်။
အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပေါ်ပေါက်ရေး ဒီသုံးချက်ကို အခြေခံပြီး နိုင်ငံရေးအင်အားစုတွေနဲ့ ကျောင်းသား၊ အလုပ်သမား၊ ပညာရှင်အဖွဲ့အစည်း ၂၀ ကျော်ပါဝင်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ကော်မတီ GSC (General Strike Committee) ကို ဒီနေ့ ဖွဲ့စည်းလိုက်တာပါ။
တနိုင်ငံလုံးကို ဦးဆောင်ဖို့ဆိုတဲ့ အခြေခံနဲ့ ဖွဲ့စည်းတာမဟုတ်ဘဲ အသီးသီး လှုပ်ရှားနေတဲ့ သပိတ်စစ်ကြောင်းတွေ အချင်းချင်း ပေါင်းစည်းဖို့လိုတယ်ဆိုတဲ့ ဘုံသဘောတူညီချက်တွေနဲ့ ဖွဲ့စည်းလိုက်တာဖြစ်ကြောင်း ကော်မတီဝင်တဦးဖြစ်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ဗွီအိုအေကို ပြောပါတယ်။
“နယ်အသီးသီးမှာရှိတဲ့ သပိတ်အသီးသီးက သူ့ဟာသူ ဆက်စပ်ပြီးတော့ ဒေသဆိုင်ရာ အသီးသီးမှာ သပိတ်ကော် မတီတွေ ပေါ်ဖို့လိုလိမ့်မယ်၊ ဒါ ၁ အချက်။ ၂ အချက်ကတော့ သပိတ်ကော်မတီ အသီးသီးရဲ့ နိုင်ငံရေး ကြွေးကြော်သံက ဘုံဖြစ်ဖို့လိုတယ်၊ တောင်းဆိုမှုတွေက တူဖို့လိုတယ်။ နောက် တတိယ အချက်ကတော့ ကနေ့ CDM လှုပ်ရှားမှုကို ကျနော်တို့ အားကောင်းအောင်လို့ ဘယ်လိုဝိုင်းဝန်းကြမလဲ၊ ဘယ်လိုပံ့ပိုးကြမလဲ၊ အဲဒီကိစ္စတွေကို ကျနော်တို့ စဉ်းစားဖို့ ဖြစ်ပါတယ်။”
ဖမ်းဆီးခံထားရတဲ့ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီ ခေါင်းဆောင်တွေကို စစ်ကောင်စီဘက်က ပြန်လွှတ်ပြီး လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီက အစိုးရဖွဲ့တဲ့ လမ်းကြောင်းကို ပြန်သွားမယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်ကို ပြန်ရောက်နိုင်ပြီး လူထုရဲ့ အာဏာဖီဆန်ရေး သပိတ်ကလည်း အချည်းအနှီး ဖြစ်သွားနိုင်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က ကိုကျော်ကျော်က ပြောပါတယ်။
“စစ်အာဏာရှင်ကို အကုန်လုံးက ပြင်းပြင်းထန်ထန် တိုက်နေတာ၊ ဒါကြီးတိုက်ပြီးတော့မှဗျာ ၂၀၀၈ အောက်ကို ပြန်ပြီးတော့၊ ၂၅ ရာခိုင်နှုန်းကို ပြန်ပြီးတော့ အာဏာပေးပြီး လုပ်မယ်ဆိုရင် ကျနော်တို့က ရှုံးမယ်လို့ပဲ ယူဆတယ်။ အဲဒီတော့ ဒီလောက် ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်ပြီးတော့ ဒီအောက်ကို ပြန်ရောက်မယ်ဆိုရင် ကျနော်ထင်တယ် လူထုကလည်း လက်ခံမယ် မထင်ပါဘူး။”
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ချွတ်ယွင်းချက်တွေကြောင့် အခုလို လူထုလှုပ်ရှားမှုတွေ ပေါ်ပေါက်လာတာဖြစ်လို့ ဒီဖွဲ့စည်းပုံဥပဒေအောက်ကို ပြန်မရောက်နိုင်ဘူးလို့ ယုံကြည်ကြောင်း ဦးအောင်မိုးဇော်က ပြောပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီကို အခြေခံတဲ့ ဖွဲ့စည်းပုံတခု ဒါမှမဟုတ် နိုင်ငံရေး အစီအစဉ်တခု တည်ဆောက်နိုင်ဖို့လိုကြောင်း သူကပြောပါတယ်။
“စစ်တပ်က သူအာဏာသိမ်းချင်တဲ့အချိန်မှာ သိမ်းလို့ရတယ်ဆိုတဲ့ ဖွဲ့စည်းပုံဘောင်ထဲက သူတို့လုပ်နေတာ။ ဆိုတော့ အဲဒါကို မဖျက်နိုင်ရင် ကျနော်တို့ တသက်လုံး ကျွန်ဖြစ်မှာ။ ဆိုတော့ အဲဒါကို ကျနော်တို့ မရရအောင် ကျော်ရမယ်ဆိုတဲ့စိတ် ပြည်သူတွေကို မွေးစေချင်တယ်။ ဒါ ဒီတိုက်ပွဲကို ကျနော်တို့ ဝင်လိုက်ပြီ၊ စလိုက်ပြီဆိုရင် နောက် ဆုတ်လို့မရဘူး၊ ရပ်လို့မရဘူး၊ ကျနော်တို့ ရည်မှန်းချက်ကို ရအောင် လုပ်ကိုလုပ်ကြရမယ်။ အဲဒီစိတ်ကို မွေးကြပါလို့ ပြောချင်တယ်။”
စစ်အာဏာရှင်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ GSC ကို ရွှေဝါရောင်သံဃာကွန်ရက်၊ ဖက်ဒရယ် ဒီမိုကရေစီ ဖော်ဆောင်ရေး ပြည်သူ့ကော်မတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီ၊ ဝိမုတ္တိအမျိုးသမီးအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ဒဂုံတက္ကသိုလ် ကျောင်းသားညီညွတ်ရေးတပ်ဦး၊ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး၊ ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး၊ ဆေးတက္ကသိုလ်ပေါင်းစုံ သပိတ်ကော်မတီ၊ အင်ဂျင်နီယာ သပိတ်ကော်မတီ၊ ၈၈ ရိုဟင်ဂျာ ကျောင်းသားများအသင်း၊ ၈၈ ကရင်ကျောင်းသားများ၏ လူမှုဖွံ့ဖြိုးရေးအသင်း၊ သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ မြန်မာနိုင်ငံ စာရေးဆရာများ သမဂ္ဂ၊ ရန်ကုန်ရှေ့နေများ သပိတ်ကော်မတီ၊ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်၊ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂများ အဖွဲ့ချုပ်၊ လူ့ဘောင်သစ်လူငယ်၊ အနာဂတ်နိုင်ငံတော် မဟာမိတ် FNA၊ မြန်မာမွတ်စလင် အင်အားစု၊ Voice of Minorities၊ PLAN ဒီလို အဖွဲ့အစည်း ၂၅ ခုနဲ့ ဒီကော်မတီကို ဖွဲ့စည်းလိုက်တာပါ။
ဒီသပိတ်ကော်မတီထဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမည် ပါဝင်နေတာနဲ့ ပတ်သက်လို့ တချို့ NLD အဖွဲ့ဝင်တွေဘက်က လူမှုကွန်ရက်တွေပေါ် ကန့်ကွက်မှုတွေတော့ ရှိနေပါတယ်။ အခုကော်မတီထဲမှာ ပါဝင်တာ NLD တိုင်းအဆင့်အထိ ခေါင်းဆောင်တချို့ ဖြစ်တယ်လို့ ဗွီအိုအေက စုံစမ်းသိရပါတယ်။ ဗဟိုသဘောထား ပါဝင်တာရှိမရှိ သူတို့ကိုတော့ ဆက်သွယ်မေးမြန်းလို့ မရခဲ့ပါဘူး။
လူထုအင်အား ပါဝင်မှုများတဲ့ ရန်ကုန်ဆန္ဒပြပွဲတွေကို ရဲအင်အား အများအပြားနဲ့ စောင့်ကြည့်နေချိန်မှာပဲ နေပြည်တော်၊ မန္တလေး၊ မြစ်ကြီးနား ဒီဒေသတွေက သပိတ်တွေကို ရဲက ဖြိုခွင်းတာတွေရှိလာပြီး လူသေဆုံးမှုတွေအထိ ရှိလာသလို လူအယောက် ၅၀၀ ကျော်လည်း ဖမ်းဆီးခံထားရပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာမစွန့်လွှတ်ဘူးဆိုရင် ပိုပြီးပြင်းထန်တဲ့ အရေးယူမှုတွေ၊ ဒဏ်ခတ်မှုတွေ ကြုံရနိုင်ကြောင်း အမေရိကန် ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် Todd Young က သောကြာနေ့က မြန်မာ နိုင်ငံသားတွေနဲ့ တွေ့ဆုံတုန်းမှာ သတိပေး ပြောကြားလိုက်သလို အမေရိကန်နဲ့ ဗြိတိန်ပါဝင်တဲ့ ကမ္ဘာ့အင်အားကြီး ၇ နိုင်ငံ G-7 ကလည်း အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ သဘောထားအမြင်တွေ တညီတညွတ်တည်းရှိကြောင်း လက်ရှိကျင်းပနေတဲ့ G-7 ထိပ်သီးအစည်းအဝေးမှာ ပြောဆိုသွားကြပါတယ်။
Link :Here

No comments:
Post a Comment