VOA
VOA (မြန်မာပိုင်း)
22 ဖေဖော်ဝါရီ၊ 2021
စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ပြည်သူတွေ လုံခြုံမှုရှိစေရေးအတွက် အဖွဲ့ဝင် အနည်းဆုံး ၁၁ ဦးပါ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အဆင့်ကနေ စတင်ဖွဲ့စည်းမှာ ဖြစ်ကြောင်း ပြည် ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ကြေညာလိုက်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၈၂ ရာခိုင်နှုန်းကျော်နဲ့ အနိုင်ရတာကို လက်မခံဘဲ စစ်တပ်က အာဏာသိမ်းခဲ့တာကို နိုင်ငံတဝန်းလုံးက ပြည်သူတွေ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုနဲ့ လက်မ ခံကြောင်း ပြနေတဲ့အပြင် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ အကျဉ်းထောင်တွေကနေ ရာဇဝတ်သားတွေကိုလွှတ်ပေး ခဲ့ တဲ့အတွက် ပြည်သူတွေ ကိုယ့်လုံခြုံရေး ကိုယ်ယူနေရတာကြောင့် ပြည်သူ့အုပ်ချုပ်ရေး အစီအစဉ်တရပ် ချ မှတ်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၁ ရက် တနင်္ဂနွေနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့တာပါ။
ဒီ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေ၊ ရပ်မိရပ်ဖေ တွနဲ့ ဖွဲ့စည်းမှာဖြစ်ပြီး ဒီအဖွဲ့ကနေ မြို့နယ်၊ ရပ်ကွက် ကျေးရွာအဆင့် အသီးသီးမှာ စုပေါင်းခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲရမှာ ဖြစ်ပါတယ်။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဟာ လူထုလုံခြုံရေး၊ ကျန်းမာရေးအပြင် CDM လှုပ်ရှား သူတွေရဲ့ လို အပ်ချက်တွေ ဖြည့်ဆည်းရေးအတွက် CRPH ရဲ့ ပြန်ကြားရေးနဲ့ ပြည်သူ့ရေးရာ ကော်မတီနဲ့ ချိတ် ဆက်ဆောင် ရွက်ရမှာဖြစ်ပြီး ပြည်သူကို အခြေအနေမပြတ် တင်ပြပေးရမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
အခုထုတ်ပြန်ခဲ့တဲ့ အခန်း ၆ ခန်းပါ ကြားကာလပြည်သူ့အုပ်ချုပ်ရေး အစီအစဉ်ဟာ စစ်တပ်အုပ်ချုပ်နေတဲ့ အချိန်ကာလအတွက်သာ ဖြစ်ကြောင်းလည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီက ပြောပါ တယ်


No comments:
Post a Comment