Thursday, January 14, 2021

ချောင်းသာမှာ ဖမ်းမိတဲ့ ရိုဟင်ဂျာမွတ်စလင် ခုနစ်ဦးကို နေရပ်ပြန်ပို့

လွတ်လပ်တဲ့အာရှအသံ ( RFA )

မြန်မာဌာန | သတင်းများ
နေမျိုးထွန်း
2021-01-14
 ချောင်းသာမြို့ ကျောက်မောင်နှမကမ်းခြေ ရေမိုင်ငါးမိုင်အကွာ ပင်လယ်ပြင်မှာ ၂ဝ၂၁ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ အထောက်အထားမဲ့ သူတွေကို ဖမ်းဆီးရမိစဉ်၊Photo: Zaw Zaw 
 
ဧရာဝတိုင်း ပုသိမ်မြို့နယ် ချောင်းသာကမ်းခြေအနီး ပင်လယ်ပြင်မှာ ဖမ်းမိထားတဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်စလင် ခုနစ်ဦးကို မူလနေထိုင်ရာ စစ်တွေမြို့ကို တိုင်းဒေသကြီးအစိုးရက ပြန်လည်ပို့ဆောင်ပေးခဲ့ ပါတယ်။
အဲဒီ ခုနစ်ယောက်ကို ဇန်နဝါရီလ ၁၁ ရက်နေ့က လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အစီအ စဉ်နဲ့ ပို့ဆောင်ပေးလိုက်ပြီလို့ ဧရာဝတီတိုင်း ဒု-ရဲမှူးကြီး ထွန်းရွှေ က ပြောပါတယ်။

ဒီ ခုနစ်ယောက်ကို ချောင်းသာကမ်းခြေဆီ ပို့ပေးတဲ့ စစ်တွေမြို့က စက်လှေသမား ငါးယောက်ကိုတော့ ချောင်း သာမြို့မ ရဲစခန်းမှာ ရာဇသတ်ကြီး ပုဒ်မ ၃၆၇ နဲ့ အမှုဖွင့် တရားစွဲထားပါတယ်။

ရာဇသတ်ကြီး ပုဒ်မ ၃၆၇ ဟာ သွေးဆောင်ဆွဲခေါ်မှု ဒါမှမဟုတ် ကျွန်ပြုရောင်းဝယ်မှုတို့ ဖြစ်ပြီး ပြစ်မှု ထင်ရှား ရင် ထောင်ဒဏ် ဆယ်နှစ်အထိ ချမှတ်နိုင်မယ့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်တဲ့ပုဒ်မဖြစ်ပါတယ်။

သူတို့ဟာ မလေးရှားနိုင်ငံကိုသွားဖို့ ရခိုင်ပြည်နယ်ကနေ ထွက်လာကြတာဖြစ်ပြီး အလားတူဖြစ်စဉ်တွေ ထပ်မ ရှိအောင် ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်တို့ အပါအဝင် ပူးပေါင်းအဖွဲ့တွေက ပင်လယ်ဝင်ပေါက်၊ ထွက်ပေါက် တွေအပြင် ကုန်းလမ်းကနေလည်း ပိတ်ဆို့ရှာဖွေနေတယ်လို့ ဧရာဝတီတိုင်း ဒု-ရဲမှူးကြီး ထွန်းရွှေက ဆိုပါတယ်။

ချောင်းသာမြို့ ကျောက်မောင်နှမ ကမ်းခြေနဲ့ ရေမိုင် ၅ မိုင် အကွာ ပင်လယ်ပြင်မှာ ဇန်နဝါရီလ ၄ ရက် နေ့ မ နက်ပိုင်းက ရခိုင်ပြည်နယ်ကနေ ရိုဟင်ဂျာမွတ်စလင် အမျိုးသား ငါးယောက်၊ အမျိုးသမီး နှစ်ယောက်နဲ့ စက် လှေသမား ငါးယောက်တို့ကို နယ်မြေခံ အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့တို့ ဖမ်းဆီးခဲ့တာပါ။

အရင် ရခိုင်ပြည်နယ်က အထောက်အထားမဲ့ ဝင်ရောက်လာသူတွေကို သက်ဆိုင်ရာ လဝက ဦးစီးဌာနက တရားလိုလုပ်ပြီး တရားစွဲဆိုတာတွေရှိပေမယ့် ၂၀၂၀ ပြည့်နှစ် ဧပြီလကစပြီး နိုင်ငံသား အထောက်အထားမဲ့ ရိုဟင်ဂျာမွတ်စလင်တွေ ဖမ်းမိရင် တရားမစွဲတော့ဘဲ နေရပ်ပြန်ပို့ပေးခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီလ ၁၂ ရက်နေ့က ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းပေါ်မှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ကနေ အထောက်အထားမဲ့ ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ မွတ်စလင် ခြောက်ဦး ကို ဖမ်း ဆီးထားသလို ဇန်နဝါရီလ ၆ ရက်နေ့ကလည်း ရွှေပြည်သာမြို့နယ်မှာ ၉၉ ဦးကို ဖမ်းဆီးထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */