" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, November 26, 2020

မြန်မာကို တရားစွဲထားသည့် ဂမ်ဘီယာကို ငွေကြေးပံ့ပိုးရန် OIC အစည်း အဝေးတွင် တင်ပြမည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးပြော

ရန်ကုန်ခေတ်သစ်မီဒီယာ
ရန်ကုန်၊ နိုဝင်ဘာ ၂၆

မြန်မာကို တရားစွဲထားသည့် ဂမ်ဘီယာကို ငွေကြေးပံ့ပိုးရန် OIC အစည်းအဝေးတွင် တင်ပြမည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးပြော

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှုနှင့် တရား စွဲဆိုထားသည့် ဂမ် ဘီယာနိုင်ငံကို ငွေကြေးပံ့ပိုးရန် ၄၇ ကြိမ်မြောက် အစ္စလမ်နိုင်ငံများအဖွဲ့(OIC)၏ နိုင်ငံခြားရေး ဝန်ကြီးများအ စည်း အဝေးတွင် တင်ပြ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး AK Addul Momen က ပြောဆိုလိုက်ကြောင်း သိရှိသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက နိုင်ဂျာနိုင်ငံတွင် နိုဝင်ဘာလ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပမည့် ၅၇ နိုင်ငံပါဝင်သော OIC နိုင်ငံခြားရေးဝန်ကြီးများ၏ ၄၇ ကြိမ်မြောက်အစည်း အဝေး တက်ရောက်ရန်ထွက်ခွာ စဉ် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ထိုသို့ ဝန်ကြီးက ထုတ်ဖော်ပြောဆိုခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရ သ တင်းဌာန BSS က သတင်းဖော်ပြထားသည်။

“ကျနော်တို့အနေနဲ့ ICJ မှာ တရားစွဲထားတဲ့ဂမ်ဘီယာကို OIC က တစ်ဆင့် ငွေထုတ်ပေးဖို့ ရှိပါတယ်။ ဂမ်ဘီ ယာအနေနဲ့လည်း ရှေ့နေ ငှားပြီးတဲ့နောက်မှာ အမှုအတွက် ငွေရေး ကြေးရေးအရ လိုအပ်မှုတွေ ရှိနေပါတယ်” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

ဂမ်ဘီယာနိုင်ငံသည် ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံတွင် လူမျိုးတုန်းသတ် ဖြတ်မှုများ ကျူးလွန်ခဲ့ သည် ဆိုသော စွပ်စွဲချက်ဖြင့် ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ တရားရုံးတွင် ဂမ်ဘီယာနိုင်ငံက တရားစွဲဆို ခဲ့ခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်တွင် ပဋိပက္ခများကို အကြောင်းပြု၍ စစ်တပ်၏ လူ့အခွင့် အရေး ချိုးဖောက်သော ကျူး လွန်မှုများဖြစ်ပေါ်ခဲ့ကာ မွတ်စလင်(ရိုဟင်ဂျာ) ပေါင်း ၁ သန်းနီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဒုက္ခသည်များ အဖြစ် ထွက်ပြေးတိမ်းရှောင်နေ ကြရကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းက ထုတ်ပြန်ပြောဆိုထားသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */