Wednesday, November 25, 2020

ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ဒုတိယမြောက်အစီရင်ခံစာ အိုင်စီဂျေသို့ မြန်မာတင်သွင်း

VOM

သည်ဟိဂ်၊ နိုဝင်ဘာ-၂၅-၂၀၂၀
မျိုးဆက် (VOM)

မြန်မာနိုင်ငံက ရိုဟင်ဂျာအသိုင်းအဝိုင်းကိုကာကွယ်ဖို့ တရားရုံးရဲ့ အမိန့်နဲ့အညီ အိုင်စီဂျေသို့ ဒုတိယမြောက် အစီရင်ခံစာတစ်ရပ်ကို မြန်မာနိုင်ငံက တင်သွင်းလိုက်ပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုကနေ ကာကွယ်ပေးဖို့ အိုင်စီဂျေက မြန်မာနိုင်ငံကို အမိန့်ချထားပြီး ဒီကိစ္စနဲ့ပတ်သက်တဲ့ ဒုတိယမြောက်အစီရင်ခံစာကို မြန်မာအစိုးရ ကိုယ်စားလှယ်က နိုဝင်ဘာ ၂၃ ရက်မှာ တရားရုံးကို တင်သွင်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အဲ့ဒီအစီရင်ခံစာကို အခုချိန်မှာ လူသိရှင်ကြား ထုတ်ပြန်သွားမှာမဟုတ်သေးဘူးလို့ အမေရိကန် အခြေ စိုက် လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ Global Justice Center ကပြောပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေကို လူမျိုးတုန်းသတ်ဖြတ်နေမှုတွေကနေ ကာကွယ်ဖို့ သို့မဟုတ် အပြစ်ပေးဖို့အတွက် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်း အိုင်စီဂျေမှာ အမှုဖွင့် ခဲ့တာ့ဖြစ်ပါတယ်။

စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေအနေနဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုတွေ မကျူးလွန်စေဖို့၊ လူမျိုးတုန်း သတ် ဖြတ်မှုဆိုင်ရာ သက်သေအထောက်အထားအားလုံးကို မှတ်တမ်းပြုသိမ်းဆည်းဖို့နဲ့ ကနဦးလုပ်ဆောင် ချက်တွေကို အကောင်အထည်ဖော်ဖို့ အိုင်စီဂျေက အမိန့်ချထားပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ခြောက်လတစ်ကြိမ် မြန်မာနိုင်ငံက အစီရင်ခံစာတင်သွင်းရမှာဖြစ်ပြီး ပထမဆုံးအစီ ရင်ခံစာကိုတော့ မေလအတွင်းမှာ တင်သွင်းခဲ့ပါတယ်။

Ref : Yenisafak
Photo: Reuters

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */