28th November 2020

အဖွဲ့ဝင် ၅၇ နိုင်ငံပါဝင်သော အစ္စလာမစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) နိုင်ငံခြားရေးဝန်ကြီးများ ကောင် စီ ( CFM ) ၏ ပွဲစဉ် ၄၇ ကို အာဖရိကအနောက်ပိုင်း နိုင်ဂျာ ( နေဂျား ) နိုင်ငံမြို့တော် နီယာမီတွင် သောကြာ နေ့၌ စ တင်ကျင်းပသည်။ ၂-ရက်ကြာအစည်းအဝေးတွင် ဒုက္ခသည်ရိုဟင်ဂျာဟုတို့အပေါ် လူမျိုးသုဉ်းပြုမှုဖြင့် ( မြန်မာ နိုင်ငံအား ) အပြည်ပြည်ဆိုင်ရာ တရားခုံရုံး ICJ တွင် တရားစွဲဆိုလျှက်ရှိသော ဂမ်ဘီယာနိုင်ငံကို မည် ကဲ့သို့ အကူ အညီပေးရေးနှင့် အစ္စလာမ်ကြောက်အယူအဆကာလအတွင်း မွတ်စလင်များ စည်းလုံးညီညွတ် ရေးအတွက် အလေးထားဆွေးနွေးကြမည်ဟု Dhaka Tribune က ယနေ့ ရေးသားသည်။
မဟတ္တမဂန္ဓီအင်တာနေရှင်နယ်ကွန်ဖရင့်ခန်းမ၌ ကျင်းပသော နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို # နိုင်ဂျီးရီးယားသမ္မတ မာဟာမက်ဒူအစ်ဆူဖူက ဖွင့်လှစ်ပေးခဲ့ပြီး #OIC_အဖွဲ့အထွေထွေအတွင်းရေးမှူးချုပ် #ဒေါက်တာယူဆွတ်အယ်လအိုသိုင်မန် တက်ရောက်သည်။
အထူးသဖြင့် OIC အဖွဲ့ဝင်မဟုတ်သည့် နိုင်ငံများရှိ မွတ်စလင်လူနည်းစုများနှင့် လူ့အသိုင်းအဝိုင်းအခြေအနေ အပါ အဝင် လွန်ခဲ့သော ၃-နှစ်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် စစ်ဖက်ဖြိုခွင်းမှုကြောင့် ဘင်္ဂလားဒေ့ရ်ှသို့ အတင်းအဓမ္မ အိုးအိမ်စွန့်ခွာခဲ့ရသော မြန်မာနိုင်ငံဇာတိ ဒုက္ခသည်ရိုဟင်ဂျာမွတ်စလင်များအရေးတို့ကို ၂-ရက်ကြာအစည်း အဝေးအတွင်း ကျယ်ပြန့်စွာ ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရှိရသည်။
အစည်းအဝေးဖွင့်ပွဲအခန်းအနား၌ CFM ဥက္ကဋ္ဌရာထူးကို ယူအေအီးနိုင်ငံခြားရေးဝန်ကြီးက နိုင်ဂျာနိုင်ငံခြားရေး ဝန်ကြီးထံ လွှဲပြောင်းပေးအပ်သည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် OIC အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များသည် မူဆလင်ကမ္ဘာနှင့် သက်ဆိုင် သည့် ဘက်ပေါင်းစုံကိစ္စရပ်များနှင့်စပ်လျဉ်း၍ မိန့်ခွန်းပြောကြားကြရန်စီစဉ်ထားပြီး သောကြာနေ့နှောင်းပိုင်း သို့မဟုတ် စနေနေ့တွင် OIC အထွေထွေအတွင်းရေးမှူးချုပ်ကို ရွေးကောက်တင်မြှောက်နိုင်လိမ့်မည်ဟု မျှော် လင့်ရသည်။
နည်းပညာပိုင်းဆိုင်ရာ စည်းဝေးကြရာတွင် OIC နိုင်ငံခြားရေးဝန်ကြီးများသည် ဒုက္ခသည်ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းပြုမှုဖြင့် အပြည်ပြည်ဆိုင်ရာ တရားခုံရုံး ICJ တွင် တရားစွဲဆိုလျှက်ရှိသော ဂမ်ဘီယာနိုင်ငံအား အ ကူ အညီပေးရေး၊ ပါလက်စတိုင်းဖြစ်စဉ်ကဲ့သို့ မွတ်စလင်ကမ္ဘာနှင့် ပတ်သက်သော အခြားအကြောင်းများကို ဆွေးနွေးကြမည်ဖြစ်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ အစွန်းရောက်၊ အကြမ်းဖက်နှင့် အစ္စလာမ်ကြောက် အ ယူအဆ ဆန့်ကျင်ရေး၊ ဘာသာရေး အသရေဖျက်ခြင်းတို့ကို အလေးထားဆွေးနွေးကြမည်ဆို၏။
ထို့ပြင် နိုင်ငံရေး၊ လူသားချင်းစာနာထောက်ထားမှုရေးရာ၊ စီးပွားရေး၊ လူမှု- ယဉ်ကျေးမှုဆိုင်ရာအရေးကိစ္စများ၊ သိပ္ပံနှင့်နည်းပညာ၊ မီဒီယာအရေးနှင့် ၂၀၂၅ ခုနှစ် OIC အစီအစဉ်နှင့် အကောင်အထည်ဖော် တိုးတက်မှုများ ကိုလည်း ဆွေးနွေးမည်ဖြစ်သည်။
ဘင်္ဂလားဒေ့ရ်ှနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအေကေ အဗ္ဗဒူမိုမန်သည် CMF သို့ ကိုယ်တိုင်တက်ရောက်ရန် စီစဉ်ထားသော်လည်း နိုင်ဂျာနိုင်ငံသို့ မထွက်ခွာမီ ၁-ရက်အလို ဒါကာမြို့၌ ရှိနေစဉ် Covid-19 ဆေးစစ်ရာတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်လျှက်ရှိကြောင်း တွေ့ရှိခဲ့သည်။
ဒေါက်တာမိုမန်အစား ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာသံအမတ်ကြီး ဒေါက်တာမိုဟာမက်ဂျဗက်ပတ်ဝါရီက ဘင်္ဂ လားဒေ့ရှ်ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်တက်ရောက်သည်။ ပတ်ဝါရီသည် OIC ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင် ငံ၏အမြဲ တမ်းကိုယ်စားလှယ်ဖြစ်၍ ၎င်းနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာအဖွဲ့(IO) မှ ညွှန်ကြားရေးမှူးချုပ် ဝါဟီဒါအာမက် တို့လည်း တက်ရောက်သည်။
စနေနေ့တွင် OIC နိုင်ငံခြားရေးဝန်ကြီးများသည် အစည်းအဝေးဆုံးဖြတ်ချက်နှင့် “ #နီယာမီကြေညာချက် “ ကို အတည်ပြု မည်ဖြစ်ပြီး ၂ ရက်ကြာအစည်းအဝေးအပြီး၌ OIC အထွေထွေအတွင်းရေးမှူးချုပ်နှင့် CFM ၏ ပွဲစဉ် ၄၇-ခုမြောက် အစည်းအဝေးဥက္ကဋ္ဌတို့က ပူးတွဲသတင်းစာရှင်းလင်းပွဲ ကျင်းပရန်စီစဉ်ထားသည်။
#အိုအိုင်စီ_OIC #နိုင်ဂျာနိုင်ငံမြို့တော်နီယာမီ #အစ္စလာမ်ကြောက်အယူအဆ #နီယာမီကြေညာချက် # ဒုက္ခသည်ရိုဟင်ဂျာ
((( Dhaka Tribune., November 28th, 2020,” OIC’s CFM begins emphasizing Muslim unity in addressing Islamophobia.” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက် နှုတ်ဘာ သာ ပြန်ဆိုသည်။ )))
Link : Here ( Dhaka Tribune )
Link : Here
Link : Here
No comments:
Post a Comment