11/11/2020
ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်တွင် ခေတ်မီစစ်သည်တင် သံချပ်ကာယာဉ်နှင့် အဓိကရုန်းနှိမ်နင်းရေး ယာဉ် များ အသုံးပြုမည်။ ခေတ်မီရေတပ်မတော်တည်ဆောက်ရေး ၂၀၃၀ အိမ်မက် အကောင်အထည်ဖော်ရန် တစ်ရက်တည်း၌ ပဲ့ထိန်းဒုံးကျည်တင် စစ်သင်္ဘော ၅ စီးကို ရှိတ်ဟာစီနာ တပ်တော်ဝင်ပေး၊ အမေရိကန်ရေ တပ်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်
ဝန်ကြီးချုပ် ရှိတ်ဟာစီနာသည် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် ( BGB ) အား ဝေဟင်၊ မြေပြင်ရေေ အာက် နှင့် မြို့ပြစစ်နည်းဗျူဟာ စွမ်းရည် ၃-ရပ်တို့၌ နိုင်ငံတကာအဆင့်မီ တိုက်ပွဲဝင်နိုင်မည့် နယ်ခြားစောင့်တပ်ဖြစ်ရေး ‘BGB Vision 2041’ အစီအစဉ်အရ ခေတ်မီစစ်သည်တင် သံချပ်ကာယာဉ်နှင့် အဓိကရုန်းနှိမ်နင်းရေး ယာဉ်များကို တပ်တော်ဝင်ပေးလိုက်သည်ဟု Dhaka Tribune က ယမန်နေ့ ရေးသားသည်။
အဆိုပါအစီအစဉ်အရ BGB အနေဖြင့် ပြည်တွင်းလုံခြုံရေးနှင့် အရေးပါသော နယ်စပ်နယ်နိမိတ်အမျိုးမျိုးတို့၌ တိုက်ပွဲဝင်စွမ်းရည်ထက်မြက်စေမည့် ခေတ်မီစစ်သည်တင် သံချပ်ကာယာဉ် APC များအား ဖြည့်တင်းလျှက် ရှိကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။
ထိုစဉ်အတောအတွင်း ဘင်္ဂလားဒေ့ရှ်ရေတပ်မတော်သည် အကြီးစား စစ်ရေယာဉ် ၅-စီးအား တပ်တော်ဝင်ခဲ့ ရာ ၁-ရက်တည်း၌ တပ်တော်ဝင်သည့် အများဆုံး စစ်သင်္ဘောအရေအတွက်ဖြစ်ကြောင်း South Asia Monitor ဒစ်ဂျစ်တယ်မီဒီယာ ( November 6, 2020 ) က ရေးသားသည်။
လွန်ခဲ့သည့် ကြာသပတေးနေ့တွင် ဘင်္ဂလားဒေ့ရှ်ရေတပ်မတော် ခေတ်မီရေး Forces Goal 2030 နှင့်အညီ ဝန်ကြီး ချုပ်ရှိတ်ဟာစီနာကိုယ်တိုင် ဗွီဒီယိုကွန်ဖရင့်ဖြင့် သမိုင်းဝင်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး ပဲ့ထိန်းဒုံးကျည်တင် ဖရီးဂိတ်စစ်သင်္ဘော ၂-စီး၊ ပဲ့ထိန်းဒုံးကျည်တင် ကော်ဗတ် စစ်သင်္ဘော ၁-စီးနှင့် တိုင်းတာရေး စစ်ရေယာဉ် ၂-စီးတို့ ပါဝင်ကြောင်း သိရှိရသည်။
ဖရီဂိတ်စစ်သင်္ဘောများကို တရုတ်နိုင်ငံ Poly Technologies Inc. က တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပြီး ရေပြင် သွား ကိုယ်ပျောက်ကော်ဗတ်စစ်ရေယာဉ်နှင့် ပဲ့ထိန်းဒုံးကျည်တို့ကို China Shipbuilding & Offshore International Co., Ltd. (CSOC) က ထောက်ပံ့ပေးခဲ့သည်ဆို၏။ ထို့ပြင် ကူလနာ သင်္ဘောကျင်းတွင် တည် ဆောက်ခဲ့သည့် ပဲ့ထိန်းဒုံးကျည်တင် ကတ်တာမာရန် အတန်းအစား တိုင်းတာရေး စစ်ရေယာဉ် ၂-စီးတို့က လည်း ဘင်္ဂလားဒေ့ရ်ှကမ်းရိုးတန်းဒေသများအား တိကျမှန်ကန်စွာ တိုင်းတာသုတေသနပြုနိုင်မည်ဖြစ်သည်။
ဖရီးဂိတ်စစ်သင်္ဘောနှင့် ကော်ဗတ် စစ်ရေယာဉ်တို့သည် ရေပြင်နှင့် ဝေဟင်ပစ် စစ်ဆင်ရေးများတွင် ထိရောက် စွာ တိုက်ပွဲဝင်နိုင်စွမ်းမြင့်မားပြီး ရဟတ်ယာဉ်များနှင့် မောင်းသူမဲ့လေယာဉ်များအတွက် တက်ဆင်းရန် ကုန်း ပတ်များပါရှိသည်။
ခေတ်မီသင်္ဘောဖျက်ဒုံးကျည်များ၊ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များ၊ လေယာဉ်ပစ် သေနတ်များ၊ အ ကြီးစားသေနတ်ပစ်စံနစ်များနှင့် ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ဒုံးကျည်များတပ်ဆင်ထားသည်။
ဘင်္ဂလားဒေ့ရှ် ရေတပ်မတော်သည် ကမ်းရိုးတန်းကင်းလှည့်စစ်ရေယာဉ် ၅-စင်း၊ ကမ်းလွန်ကင်းလှည့် ရေ ယာဉ် ၆-စီး၊ ကင်းလှည့်ရေယာဉ်ကြီး ၂-စီးနှင့် ပဲ့ထိန်းဒုံးကျည်တင် ဖရီးဂိတ် ၆ စီးထပ်မံဖြည့်စွက်ထားသည်။ ရေငုပ်သင်္ဘောများ၊ ပုံသေတောင်ပံလေယာဉ်များနှင့် ရဟတ်ယာဉ်များကိုလည်း ဘင်္ဂလားဒေ့ရှ်ရေ တပ်မေ တာ်၌ ဆက်လက်ဖြည့်တင်းရန် စီစဉ်ထားပြီးဖြစ်သည်။
Navyrecognition ၏ နိုဝင်ဘာ ၉- ရက် သတင်းတစ်ရပ်တွင်မူ ဘင်္ဂလားဒေ့ရှ်ရေတပ်မတော် စစ်ရေယာဉ်များ နှင့် အမေရိကန်ရေတပ်မတော် အမြန်သွားသယ်ယူပို့ဆောင်ရေးရေယာဉ် USNS Millinocket (T-EPF 3 ) တို့ ပူးတွဲလျှက် ဘင်္ဂလားပင်လယ်အော်တွင် ရေကြောင်းဆိုင်ရာ လေ့ကျင့်မှုပြူလုပ်ကြောင်း ရေးသားထားသည်။
Cooperation Afloat Readiness and Training (CARAT) Bangladesh 2020 ၏ အစိတ်အပိုင်းတစ်ရပ် အ ဖြစ် ယခုကဲ့သို့ ရေတပ်စစ်ရေးလေ့ကျင့်ခြင်းဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဋ္ဌာန၏ နိုဝင်ဘာ ၇-ရက် နေ့ ထုတ်ပြန်သည့် ဓါတ်ပုံနှင့်တကွ သတင်းဖော်ပြထားကြောင်း တွေ့ရှိရသည်။
#ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်နှင့်ရေတပ်မတော်အင်အားဖြည့် #အမေရိကန်ဘင်္ဂလားဒေ့ရှ်ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်
((( Dhaka Tribune., November 10th, 2020, “BGB gets armored personnel carriers, riot control vehicles.” နှင့် November 11th, 2020, “Myanmar’s BGP picks up 9 Bangladeshi fishermen.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ဆက်စပ်သတင်းများမှာ ပူးတွဲပါ Links များအတိုင်း ဖြစ်သည်။ )))
- https://www.dhakatribune.com/bangladesh/military-affairs/2020/11/10/bgb-gets-armored-personnel-carriers-riot-control-vehicles
- https://www.navyrecognition.com/index.php/news/defence-news/2020/november/9249-bangladesh-and-us-navies-conduct-a-naval-exercise-in-the-bay-of-bengal.html
- https://southasianmonitor.net/en/bangladesh/bangladesh-navy-commissions-five-warships-in-a-day
Link : Here
No comments:
Post a Comment