" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, October 5, 2020

ရိုဟင်ဂျာကလေးငယ်များ ပညာသင်ခွင့်ဆုံးရှုံး

VOA
ဗွီအိုအေ (မြန်မာဌာန)
05 အောက်တိုဘာ၊ 2020
မဆုမွန်
  ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ဒေသက ရိုဟင်ဂျာ ဒုက္ခသည်ကလေးငယ်များ။ (ဧပြီ ၀၉၊ ၂၀၁၉)

သိန်းချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ရင်သွေးငယ် ကလေးတွေ ပညာဆက်လက်သင်ကြားခွင့်နဲ့ လူငယ် တွေအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်တွေ၊ လေ့လာခွင့်တွေ ဆုံးရှုံးပြီး သူတို့ရဲ့ ဘဝအနာဂတ် မျှော်လင့်ချက်တွေ မှေးမှိန်နေကြတဲ့ အကြောင်းနဲ့ သူတို့ဖြစ်စေချင်တဲ့ ဆန္ဒတောင်းဆိုချက်တွေကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်ကျော်က ရခိုင်ပြည်နယ်မြောက်ပိုင်း အာဆာအစွန်းရောက်အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက် မှုတွေရဲ့နောက်ပိုင်း စစ်တပ်နဲ့နယ်မြေခံ လုံခြုံရေးအဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း အသက် အန္တ ရာယ်စိုးရိမ်ရလို့ ဒေသခံရိုဟင်ဂျာ မူဆလင် သိန်းနဲ့ချီပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေး ခိုလှုံခဲ့ကြရပါတယ်။ ဒီလိုအသက်လုတိမ်းရှောင်ထွက်ပြေးခဲ့ရသူတွေထဲ လူမမည်ကလေးငယ်တွေ နဲ့ ကိုယ် ဝန်ဆောင်မိခင်တွေပါ ပါလာကြပါတယ်။ အခုဆိုရင် ရိုဟင်ဂျာစခန်းသုံးဆယ်ကျော်ထဲမှာ ရိုဟင်ဂျာ ကလေး ငယ်တွေဟာ သိန်းနဲ့ချီပြီးရှိနေကြပါတယ်။

ဒီရိုဟင်ဂျာကလေးတွေအတွက် စခန်းတွေထဲမှာ ဘာသာရေးကျောင်းတွေ၊ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာစတဲ့ သင်ကြားရေးစင်တာတွေ ဖွင့်လှစ်ပြီး စာဆက်လက် သင်ကြားပေးနေတယ်ဆိုပေမဲ့ မူလတန်း လွန်လို့ အလယ်တန်း၊ အထက်တန်းအဆင့် ဆက်ပြီး ပညာသင်ကြားခွင့် အခက်အခဲ အတော်လေး ဖြစ်နေ တာပါ။ ပညာဆက်သင်ခွင့်မရှိတော့ လူငယ်တွေလည်း လမ်းပျောက်နေကြလို့ ဘာလုခါလီ ဒုက္ခ သည် စခန်း တာဝန်ခံလည်းဖြစ် ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့ အထက်တန်းပြစေ တ နာ့ဝန်ထမ်းကျောင်းဆရာလုပ်ခဲ့ဖူးတဲ့ ဆရာနုရ်မာမတ် ကတော့- အတော်လေးကို စိုးရိမ်နေတာပါ။


SEE ALSO:
Bhasan Char ကျွန်းပေါ်မှာ ဆန္ဒပြတဲ့ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ ရိုက်နှက်ကြောင်း သတင်ထွက် 
 
 
"အင်မတန်ကို စိုးရိမ်စရာကောင်းတယ်။ ပထမတုန်းက Learning Center ဆိုပြီးဖွင့်ထားတယ်။Informal Education Center ဆိုပြီးလည်း လုပ်ထားတယ် အဲ့တာ ဘာမှထိရောက်တာလည်းမရှိဘူး။ အခုက စိုးရိမ်စရာကတော့ မကုန်ပါဘူး။ ကလေးတွေက ကျောင်းတွေလည်း ဆက်သင်လို့မရဘူး။ ပညာရေးလည်း လုံးဝ အားနည်းသွားတယ်၊ အဲ့တာကို အရမ်းစိုးရိမ်တယ်။ သူတို့ ဘာတခုမှလည်း နားမလည်ဘူး။ ပညာရေးကို လည်း တလုံးမှ မ သိဘူး အင်မတန်မှကို စိုးရိမ်စရာကောင်းပါတယ်။ အခုလောလောဆယ်တော့ ကျနော် တို့တွေ တင်ပြထားတာရှိတယ် ဘင်္ဂလားဒေ့ရှ်အစိုးရကို။ သူတို့ကပြောတာက အဆင့်ဆင့်ဖြစ် လာလိမ့်မယ် လို့ ကျနော်တို့ကို ကတိပေးထားတယ်။ ဒါပေမဲ့ အခုဒီမှာက ကိုရိုနာဗိုင်းရပ်စ်ကာလဖြစ်တဲ့အတွက်ကြောင့် ဒီမှာက ကျောင်းတွေလည်း တော် တော်ပိတ်ထားရတယ်ဆိုတော့ လောလောဆယ် အဆင်မပြေဘူးဖြစ်နေ တယ်။"

ဒုက္ခသည်စခန်းတွေထဲမှာ ကလေးငယ်တွေရဲ့ သင်ရိုးညွှန်းတမ်းတွေနဲ့ စနစ်တကျသင်ပေးတဲ့ပညာသင်ကြားရေး ကို သင်ယူပေးနိုင်တာတွေ အားနည်းတဲ့ အနာဂတ်မျိုးဆက်အတွက် စိုးရိမ်စရာအနေအထားပါလို့ ဇန်တော်လီ ရိုဟင်ဂျာဒုက္ခသည်စခန်း အမှတ် ၁၅ မှာ ခိုလှုံနေထိုင်တဲ့ ဒုက္ခသည် ဦးမောင်ကျော်မြင့်က ပြောပါတယ်။

"ကျနော်တို့ ညီအကိုမောင်နှမတွေ ရှိတယ်။ သူတို့အတွက် အဓိက ပြောချင်တာက စိတ်မကောင်းဖြစ်နေပါ တယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုရင် ဒီမှာက ကမ့်ထဲမှာ ဘာပညာရေးမှ မရှိဘူး။ NGO တွေကတော့ ကလေး တွေအတွက် စာသင်ကြားရေး စင်တာတွေဖွင့်ထားတယ်။ ဒါပေမဲ့လို့Systematically စနစ်တကျ မြန်မာ Curriculum သင်ရိုးညွှန်းတန်းနဲ့ စာသေချာသင်ပေးနိုင်ဖို့ အခြေအနေမရှိဘူး။ ဒါကြောင့် ကျနော်တို့ရဲ့ Generation မျိုးဆက်တွေရဲ့အနာဂတ်အတွက် တအားကိုစိုးရိမ်ပါတယ်။ အဲ့တာကြောင့်မို့လို့ လူမျိုးတမျိုး မှာ ပညာရေးဆိုတာ တအားကိုအ ရေးကြီးပါတယ်။ ကျနော်တို့အတွက် အနာဂတ်ရှိပါ့မလားလို့ ပြောချင်ပါ တယ်ခင်ဗျ။"

COVID 19 ကပ်ရောဂါကာလ ဒုက္ခသည်စခန်းအသီးသီးမှာ စာသင်ကျောင်းတွေ ခေတ္တပိတ်ခိုင်း ထားချိန် ရိုဟင်ဂျာ ကလေးငယ်တွေရဲ့ လက်ရှိပညာသင်ကြားနေကြရတဲ့ အခြေအနေကို ဘာလုခါလီစခန်း အမှတ် (၉) ဦးကျော်မြင့်(ခေါ်) ဦးအီအစ္စလာမ်က အခုလို ရှင်းပြပါတယ်။

SEE ALSO:
ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲ မိန်းကလေးငယ်တွေ အသက်မပြည့် ဘဲ အိမ်ထောင်ချပေးမှုများနေ 
 
"ဒုက္ခသည်စခန်းတွေမှာ UN-NGO တွေက Learning Center တွေ ဆိုပြီးဖွင့်ထားတာရှိပါတယ်။ အခု ကို ဗစ်၁၉ ကာလဆိုတော့ အကုန်လုံးပိတ်ထားတယ်။ ဒီမှာ စေတနာ့ ဝန်ထမ်းကျောင်းဆရာတွေရှိတယ်။ သူတို့ က အိမ်ထဲမှာပဲ လောလောဆယ် အနည်းငယ်ကို စာသင်ကြား ပေးနေပါတယ်။ နောက် ဘာသာရေး စာသင် ကျောင်းတွေမှာလည်း အရင်လိုသင်ကြားခွင့်မရှိသလောက် ဖြစ်သွားတယ်။ ကိုဗစ်ကာလ ဖြစ်နေတော့ ဘာ သာရေးကျောင်းတွေအများအပြားလည်းပိတ်ပင်ထားတယ်။ ကိုဗစ်ကာလ Lock down ချထားတာကြာ လာရင်တော့ ကလေးတွေရဲ့ပညာရေးကလည်း ထိခိုက်နစ်နာ မှာကိုလည်း ကျနော်တို့က အင်မတန်စိုးရိမ် ကြ ပါ တယ်ခင်ဗျ။ နောက် ကလေးတွေ မကောင်းတဲ့လမ်း ကြောင်းတွေပေါ်ရောက်သွားမှာကိုလည်း ကျနော်တို့စိတ်ပူတယ်။"

လတ်တလောမှာတော့-ရိုဟင်ဂျာ ကလေးငယ်တွေအတွက် သင်ထောက်ကူပစ္စည်းတွေ အလုံအေ လာက် ရရှိရေးနဲ့ စာသင်ကျောင်းတွေ သင်ကြားရေးစင်တာတွေ ထပ်ဖွင့်လှစ်နိုင်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ UNICEF အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြပါတယ်လို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေက ကျောင်းဆရာတွေကပြောပါတယ်။

ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်ခံမထားတဲ့ မြန်မာအစိုးရဘက်က သူတို့တွေကို နေရပ်ရင်းပြန်ခေါ်နိုင်ရေး နှောင့်နှေးနေချိန်မှာပဲ- ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းက တာဝန်ရှိသူတွေ ရိုဟင်ဂျာ ဒုက္ခ သည် စခန်းတွေကို လာရောက်ကြတဲ့အချိန်တိုင်းလည်း သူတို့နစ်နာခဲ့ရတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရ မှုတွေအတွက် တ ရားမျှတမှုနဲ့အတူ ဒုက္ခသည်တွေရဲ့ အခွင့်အရေးတွေကို တောင်းဆိုချိန်တိုင်း ရိုဟင်ဂျာ ကလေးငယ်တွေပညာရေး မထိခိုက်စေဖို့ ကလေးတွေရဲ့ ပညာရေးတွေကို အဓိက တောင်းဆိုခဲ့ကြတယ် လို့လည်း ဒုက္ခသည်တွေကပြောပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */