Frontier
MYANMAR
JUNE 11, 2019
ထွက်ပြေးသွားကြသူများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ရေးအတွက် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် မြန်မာနှင့် ဘင်္ဂလားဒေရှ့်တို့အကြား သဘောတူညီချက်ရရှိပြီးဖြစ်သော်လည်း ဒုက္ခသည်တစ်ဦးတစ်ယောက်မျှ မြန်မာနိုင်ငံသို့ ပြန်လာကြခြင်း မရှိသေးပေ။ ၎င်းတို့က မြန်မာနိုင်ငံတွင် ၎င်းတို့၏ လုံခြုံရေးအတွက် အာမခံ ချက်ပေးရန်နှင့် နိုင်ငံသားဖြစ်ခွင့်ပေးမှသာ ပြန်လာကြမည်ဟု အစဉ်တစ်စိုက် ပြောကြားနေကြသည်။
“ဒီပြဿနာက မြန်မာနိုင်ငံပေါ်မှာပဲ တည်မှီနေပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က ရိုဟင်ဂျာတွေကို ဘယ်လို နည်းနဲ့မှ ပြန်လက်မခံလိုတာကြောင့် ဖြစ်ပါတယ်” ဟု ဇွန် ၉ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ပြောကြားကြောင်း အေအက်ဖ်ပီသတင်းတွင် ရေးသားထားသည်။
ထို့ပြင် နယ်စပ်ခရိုင်ဖြစ်သည့် ကော့ဘဇာရှိ ဒုက္ခသည်စခန်းများတွင် လုပ်ကိုင်နေကြသည့် နိုင်ငံတကာ အကူ အညီပေးရေး အေဂျင်စီများကိုလည်း ၎င်းက ဝေဖန်လိုက်သည်။ ဒုက္ခသည်များအား အတင်းအကြပ် ပြန်ပို့ခြင်း မပြုရန် နိုင်ငံတကာအေဂျင်စီများက ကန့်ကွက်နေကြသည်။ နိုင်ငံတကာအေဂျင်စီများအနေဖြင့် အကြပ်အ တည်း ပြီးဆုံးသွားရေးအတွက် စိတ်ဝင်စားမှုမရှိဟု ဝန်ကြီးချုပ်က ပြောကြားသည်။
“ကျွန်မအခုမြင်တဲ့ ပြဿနာကတော့ ကော့ဘဇာမှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ စေတနာအလျောက်၊ ဒါမှမ ဟုတ် အလုပ်လုပ်နေကြတဲ့ နိုင်ငံတကာအေဂျင်စီတွေက ဒုက္ခသည်တွေကို ဘယ်တော့မှ ပြန်မသွားစေချင် ကြပါဘူး” ဟု ၎င်းကပြောသည်။
“အခြေခံပြဿနာက အဲဒီမှာရှိနေတာပါ” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
ဒုက္ခသည်များအား မြန်မာနိုင်ငံသို့ အတင်းအကြပ် ပြန်ပို့လိမ့်မည်မဟုတ်ဟု ဘင်္ဂလားဒေရှ့်အစိုးရကပြောကြား ထားသည်။ သို့သော် ဒုက္ခသည်များ နေရပ်ပြန်ရေးအား ကန့်ကွက်သည့် ဆန္ဒပြပွဲများကို ကျဉ်းကြပ်နေသည့် စခန်းများထဲတွင် ပြုလုပ်ရန် စီစဉ်သူများအား စုံစမ်းစစ်ဆေးရန် ဝန်ကြီးချုပ်က တောင်းဆိုခဲ့သည်။
“ဒီလှုပ်ရှားမှုကို ဘယ်သူက ဆွပေးတာတာလဲ” ဟု ၎င်းက မေးခွန်းထုတ်ခဲ့သည်။
ထို့ပြင် ဘင်္ဂလားလားပင်လယ်အော်အတွင်းရှိ ရေနစ်မြုပ်လေ့ရှိသည့် ကျွန်းပေါ်သို့ ဒုက္ခသည်များအား ရွှေ့ ပြောင်းနေရာချထားမည့်အစီအစဉ်အား ကန့်ကွက်နေမှုများကိုလည်း ရှိတ်ဟာစီနာက ဝေဖန်ခဲ့သည်။
“ဘာရှန်ချားမှာ အရမ်းလှပတဲ့အိမ်တွေနဲ့ အဆောက်အအုံတွေကို အစိုးရက တည်ဆောက်ပေးထားပေမယ့် ရိုဟင်ဂျာတွေကို ကူညီပံ့ပိုးပေးနေသူက အပြင်းအထန် ကန့်ကွက်နေကြတယ်” ဟု ၎င်းကပြောသည်။
Link:Here
No comments:
Post a Comment