" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, August 25, 2020

၃ နှစ်ပြည့်ခဲ့ပေမယ့် ရိုဟင်ဂျာတွေ နေရပ်ပြန်ခွင့် မရကြ သေး

VOA
ဗွီအိုအေ (မြန်မာဌာန)
25 သြဂုတ်၊ 2020
မဆုမွန်
 ၂၀၁၇ နိုဝင်ဘာတုန်းက ရိုဟင်ဂျာ ဒုက္ခသည်များ Teknaf မြစ်တဖက်ကမ်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ကူးနေစဉ်

ရခိုင်ပြည်နယ်က ရိုဟင်ဂျာမူဆလင်တွေ ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်သွားကြရတာ သုံးနှစ်ပြည့်ချိန် သူ တို့ နေရပ်ပြန်ရေး- ရှေ့အနာဂတ်နဲ့သူတို့အတွက် တရားမျှတမှု မျှော်လင့်ချက် အခြေအနေ အလားအ လာ တွ ဘယ်လိုရှိပါသလဲ။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လကုန်ပိုင်းတုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းဘက်မှာ ဖြစ်ပွားခဲ့တဲ့ ARSA အစွန်း ရောက်အဖွဲ့ရဲ့ နယ်ခြားစောင့်တပ်နဲ့ အစိုးရစစ်တပ် အခြေစိုက်စခန်းတွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေနောက် ပိုင်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေ အတွင်းမှာ စိုးရိမ်မှုတွေနဲ့ ဒေသတွင်းမူဆလင်တွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကို သိန်းနဲ့ချီ ထွက်ပြေးခိုလှုံခဲ့ကြတာပါ။ အဲ့ဒီ့နယ်မြေရှင်းလင်းရေး စစ် ဆင်ရေးတွေအတွင်း ရိုဟင်ဂျာမူဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ရှိခဲ့ တယ်ဆိုပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတ ကာအသိုင်းအဝိုင်းက စိုးရိမ်မှုတွေရှိခဲ့သလို လက်ရှိလည်း နိုင်ငံတ ကာ တရားခုံရုံးမှာ တရားရင်ဆိုင်နေရဆဲပါ။

ဒီနှစ် ၂၀၂၀ပြည့်နှစ် သြဂုတ်လ သုံးနှစ်တင်းတင်းပြည့်ချိန်မှာတော့ ကော့ဇ်ဘဇားခရိုင်တွင်းက ရိုဟင်ဂျာ သိန်းချီခိုလှုံနေတဲ့ ဒုက္ခသည်စခန်းအသီးသီးမှာ ဝတ်ပြုဆုတောင်းအောက်ေ့မဖွယ်အ ထိမ်းအမှတ်တွေကို ကမ္ဘာ့ကပ်ရောဂါကိုဗစ်ဖြစ်ပွားနေချိန်မို့ လူစုလူဝေးနဲ့မကျင်းပဲ နေအိမ်တွေထဲကနေပဲ ဝတ်ပြုဆုတောင်း ကြ မယ်လို့ ARSPH ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌ ဦး Mohib Ullah က ပြောပါတယ်။

“ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ချိန်Lock Down ချထားတော့ အပြင်ထွက်ပြီးတော့ စုဝေးတာ လုပ်လို့မရတော့ ကျနော်  တို့ကSilence protest အနေနဲ့အိမ်ထဲကနေ Stay Home ဆိုတာကို ရွေးချယ်ထားတယ်။ ကျနော်တို့ရဲ့ တောင်းဆိုချက်ကတော့ သုံးနှစ်ပြည့်ပြီGenocide ကို ကမ္ဘာတဝှမ်းကပြောနေတာကို အသိအမှတ်ပြုပေးဖို့ တောင်းဆိုတယ်။ နောက်တခုကICC ၊ ICJ မှာ သူတို့အမှုတင်ထားတာရှိတယ် အဲ့တာမြန်မြန်လေးပြီးစီးဖို့တောင်းဆိုတယ်။ နောက်တခုကတော့ မြန်မာအစိုးရဘက်က Repatriation လုပ်မယ်ပြောတယ်။ ဒါပေမဲ့ ကျနော်တို့အတွက်Security လုံခြုံရေးက ဘာမှထူးမလာဘူးဆိုတော့ ဒီကနေပြီး နိုင်ငံတကာလုံခြုံရေးနဲ့ ကျနော်တို့ကို မြန်မြန်လေးခေါ်ပေးပါလို့။ ခေါ်ဖြစ်အောင်လည်း နိုင်ငံတကာက မြန်မာကို ဖိအားပေးပေးပါ လို့တောင်းဆိုထားတယ်။”

အခု ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်း ဘာလုခါလီအမှတ်(၂) စခန်း ၁၀မှာ ခိုလှုံနေထိုင်တဲ့ အရင် ရသေ့ တောင်မြို့ခံ ဦးစိုးမြင့် ကတော့ အခုသုံးနှစ်ပြည့်ချိန် သေဆုံးသွားသူတွေ ဆုံးရှုံးနစ်နာသူတွေအတွက်ဝတ်ပြု ဆုတောင်းပေးသလို တရားမျှတမှုကိုလည်း အမြန်ဆုံး ရချင်ပါတယ်။

“ ကျနော်တို့ အိမ်ထဲမှာပဲနေပြီး ဆုတောင်းပွဲတွေကို ကိုယ့်မိသားစုနဲ့ကိုယ် လုပ်ကြမှာပဲ။ သေဆုံးသွားသူ တွေ အတွက်က ကျနော်တို့မှာ ဆုတောင်းပေးဖို့ပဲရှိတော့တာပါပဲ သူတို့အတွက် တရားမျှတမှုကို လိုချင် တယ်။ အခုထက်ထိ သုံးနှစ်တိတိCamp တွေထဲမှာပဲ နေနေကြရတယ်။ တခါ ကိုယ့်နေရပ်ဒေသကိုပြန်ဖို့ အတွက်က ဘာမှ မျှော်လင့်ချက်မရှိဘူး။ မြန်မာနိုင်ငံတွင်းက အခြေအနေကိုပြန်ကြည့်မယ် ဆိုလည်း ရခိုင် အခြေအနေက ဘာမှတိုးတက်ပြောင်းလဲမှုမရှိသေးဘူး။ ဆက်ပြီးဆိုးဝါးနေတာပဲရှိတယ် ဘာမှ ကောင်းလာ တာ မရှိဘူး။ ကျနော်တို့ဖြစ်စေချင်တဲ့ဆန္ဒက မြန်မာနိုင်ငံအစိုးရအနေနဲ့ ကျနော်တို့အားလုံး အေးအေးဆေး ဆေး လုံလုံခြုံခြုံနဲ့ ဂုဏ်သိ က္ခာ ရှိရှိ မြန်မာနိုင်ငံဘက်ကိုပြန်သွားနိုင်အောင် ကိုယ့်နေရပ်ဒေသတွေကိုပြန် အခြေချနိုင်အောင် စီစဉ်ပေးနိုင်ဖို့ စဉ်းစားပေးကြပါ ဦးတည်ပြီးလုပ်ကြပါလို့ပဲ တိုက်တွန်းချင်ပါတယ်။”

ဘာလုခါလီဒုက္ခသည်စခန်း အမှတ်(၉)မှာနေတဲ့ ရိုဟင်ဂျာဒုက္ခသည် ကိုကျော်မြင့်ခေါ် ကိုအီစ္စလာမ်က လည်း နေအိမ်တွေထဲကနေ -အသက်ဆုံးသူတွေကို ရည်စူး ဆုတောင်းပေးကြဖို့ပြင်ဆင်ထားကြတဲ့ အ ကြောင်း ခုလိုပြောပြပါတယ်။

“ သြဂုတ်လ ၂၅ရက်နေ့ သုံးနှစ်ပြည့်ကို ဒုက္ခသည်စခန်းတဝိုက်လုံးမှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ကြမှာ ဖြစ်ပါတယ်ခင်ဗျ။ တဦးတယောက်မှ အပြင်ကိုမထွက်ကြပဲနဲ့ ဈေးဆိုင်တွေကိုလည်း အကုန်လုံးပိတ်မှာပါ။ အဓိကဆုတောင်းပေးမှာကတော့ ၂၀၁၆ ၊၂၀၁၇မှာ အပြစ်မဲ့အသတ်ဖြတ်ခံခဲ့ရတဲ့ သေဆုံးသွားတဲ့ ကလေး သူငယ်လူကြီး အမျိုးသမီးတွေအပါအဝင် သူတို့အတွက် ရည်စူးပြီးတော့ ကျနော်တို့ ရည်စူးပြီးတော့ ဆု တောင်းကြမှာဖြစ်ပါတယ်ခင်ဗျ။ ဆုတောင်းတဲ့အခါမှာလည်း ဗလီတွေမှာလည်း လူအများကြီးမစုပဲနဲ့ဆု တောင်းပွဲ လုပ်မှာဖြစ်ပါတယ်။ လူစုလူဝေးမလုပ်ပဲနဲ့ ငြိမ်းချမ်းစွာနဲ့ ကျနော်တို့ရဲ့ဆန္ဒတွေကို ထုတ်ဖော်ကြ မှာဖြစ်ပါတယ်ခင်ဗျ။”

သုံးနှစ်ပြည့်တဲ့ချိန်မှာတော့ သူတို့အတွက် တရားမျှတမှုရစေချင်သလို ရိုဟင်ဂျာတွေအရေး ဆောင်ရွက် ပေးနိုင် မယ့် လွှတ်တော် ကိုယ်စားလှယ်တွေ ၂၀၂၀ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ရစေချင်ပါတယ်လို ကုတု ပလောင်စခန်းနေ ရိုဟင်ဂျာဒုက္ခသည် ဦးမောင်မောင်က့ပြောပါတယ်။

“ဒီမှာ ကိုဗစ်၁၉လည်းဖြစ်တော့ ကျနော်တို့ အပြင်ထွက်လို့မရဘူး ဘင်္ဂလားအစိုးရကလည်း ညွှန်ကြားထား တာရှိတယ်။ အဲ့တာကြောင့် ကျနော်တို့တွေ အပြင်မထွက်ပဲ Salience Protestလုပ်ဖို့စီစဉ်ထား ပါတယ်။ သေ ဆုံးသွားတဲ့ သူတွေအတွက် တရားမျှတမှုရဖို့အတွက်လည်းICC ၊ ICJ ကို ရီပို့တွေတင်ထားတာရှိ တယ်။  
 
အထောက်အထားတွေ ပို့တာလည်းရှိတယ် အဲ့ဒီ့အတွက်အဓိက မြန်မာအစိုးရကို တောင်းဆိုချင် တာက ၂၀၁၀ တုန်းက ကျနော်ကိုယ်တိုင် မဲရုံမှူးတာဝန်ထမ်းဆောင်ခဲ့တာရှိပါတယ် ကျနော်ကမောင်တော မြို့နယ်မြောက်ပိုင်းမှာပါ။ အခုလွှတ်တော်ကိုယ်စားလှယ် မောင်တောခရိုင်မှာ အပယ်ချခံရတယ်ဆိုတော့ ကျနော်တို့ အင်မတန်မှ စိုးရိမ်တယ်။ အဓိက မြန်မာအစိုးရကို တောင်းဆိုချင်တာက အဲ့ဒီ့ကိုယ်စားလှယ် တွေလည်း ရွေးကောက်ပွဲမှာ ဝင်ရောက်ရွေးချယ်နိုင်အောင် အဲ့ဒီ့ဘက်မှာ ကျန်ခဲ့တဲ့သူတွေလည်း မဲပေးနိုင် အောင် မြန်မာအစိုးရဘက်က စီစဉ်ပေးဖို့ တောင်းဆိုချင်ပါတယ်ခင်ဗျာ။”

အခုလို တောင်းဆိုနေပေမဲ့ နေရပ်ပြန်နိုင်ဖို့ မျှော်လင့်ချက်မရှိ သလောက်ဖြစ်နေကြတယ်လို့ ဒုက္ခသည် အ များ စုက ပြောကြပါတယ်။ ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်ခံမထားတဲ့ မြန်မာအစိုးရဘက်ကတော့ နေရပ် ကိုစွန့်ခွာသွားသူတွေ ပြန်လာနိုင်ရေး ကုလသမဂ္ဂ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ သဘောတူညီမှုတွေနဲ့ ပြန်လည် လက်ခံရေး စနစ်တကျ အစီအမံတွေ ဆောင်ရွက်နေတယ် လို့ပြောဆိုထားပါတယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */