Thursday, August 13, 2020

စစ်တွေက မွတ်ဆလင် ဒုက္ခသည်တွေ နိုင်ငံသားစိစစ်ရေး ကတ် ရဖို့ မျှော်လင့်နေ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
သန့်ဇင်ဦး
2020.08.13
■ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အုန်းတောကြီး မွတ်ဆလင် ဒုက္ခသည်စခန်းမှာ လူဝင်မှုကြီးကြပ်ရေးဌာနက နိုင်ငံ သား စိစစ်ရေးကတ်လုပ်ပေးဖို့ဆိုပြီး ဇန်နဝါရီလ ၇ ရက်နေ့ကတည်းက ကွင်းဆင်းဆောင် ရွက်သွားပေ မယ့် ခုနှစ်လကျော်တဲ့ ဒီနေ့အချိန်အထိ တစ်စုံတစ်ရာ ထူးခြားမှုမရှိသေးဘူးလို့ ဒုက္ခသည်တွေ က RFA ကိုပြောပါတယ်။

သုံးခေါက်ချိုး အမျိုးသားမှတ်ပုံတင် ကိုင်ထားတဲ့သူတွေကို နိုင်ငံသားအဖြစ် လျှောက်ခိုင်းလို့ အားလုံး လျှောက်ကြတာဖြစ်ပြီး ဒီနေ့အချိန်အထိ ဘာသတင်းမှ ထပ်မရတော့ဘူးလို့ ကျောက်ဖြူမြို့နယ်ကနေ အုန်းတောကြီး မွတ်ဆလင် ဒုက္ခသည်စခန်းကိုရောက်နေတဲ့ ဦးဘစိန်က RFA ကိုပြောပါတယ်။

အဲဒီ သုံးခေါက်ချိုး မှတ်ပုံတင်ကိုင်ထားသူတွေဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲပေးဖို့ အခွင့် အရေး ဆုံးရှုံးသွားနိုင်တဲ့အတွက် နိုင်ငံသားကတ်အမြန်ရဖို့ လိုအပ်နေတယ်လို့ ဦးဘစိန်က ဆိုပါ တယ်။

ဇန်နဝါရီလကတည်းက အဘိုး/အဘွားတွေရဲ့ အချက်အလက်ကစပြီး အားလုံးစစ်ဆေးသွားတာဖြစ်လို့ အမြန်လိုချင်တယ်လို့ အုန်းတောကြီး ဒုက္ခသည်စခန်းမှာနေတဲ့ ဦးဝေလှအောင်က RFA ကို ပြောပါ တယ်။

ကွင်းဆင်းဆောင်ရွက်ပေးထားတာအုန်းတောကြီး မွတ်ဆလင် ဒုက္ခသည်စခန်းကဒုက္ခသည်ခြောက်ထောင်ကျော် နဲ့ ဒေသခံတွေအပါအဝင် စုစုပေါင်း တစ်သောင်းကျော်ရှိပြီး အားလုံးဟာ အရင်က သုံး ခေါက် ချိုး အမျိုးသား မှတ်ပုံတင်ကတ် ကိုင်ဆောင်ထားသူတွေဖြစ်တယ်လို့ ဦးဝေလှအောင်က ဆိုပါ တယ်။

ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးရဲ့ ပြည်နယ်ဦးစီးမှူး ဦးစိုးလွင်ကတော့ နိုင်ငံသားအဖြစ် လျှောက်ထားသူတွေရဲ့ အမှုတွဲတွေကို အဆင့်ဆင့် စိစစ်နေရတာဖြစ်လို့ ကြန့်ကြာနေရတာလို့ RFA ကိုပြောပါ တယ်။

လျှောက်ထားတဲ့ အမှုတွဲ အရေအတွက်နဲ့ ပြန်လည်ချပေးထားပြီးသား အရေအတွက်ကို အတိအကျမသိ သလို ကျန်နေတဲ့အမှုတွေထဲက ဒုက္ခသည်တွေအနေနဲ့ လာမယ့်ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံသားစိစစ်ရေးကတ်တွေ ရမလားဆိုတော့ သူ့အနေနဲ့ သေချာမပြောနိုင်ကြောင်း၊ အစိုးရအနေနဲ့ လည်း ရခိုင်ပြည် နယ်ကို ဦးစားပေးအနေနဲ့ အမြန်ဆုံးစိစစ်ပေးနေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဖြစ်တဲ့ ဦးခင်မောင်လတ်ကတော့ လူ ဝင်မှုကြီးကြပ်ရေး ဌာနအနေနဲ့ ဗဟိုအထိတင်ပြီး စိစစ်ရတဲ့အပိုင်းတွေကြောင့် ကြာနေတာဖြစ်နိုင်ကြောင်းနဲ့ ဒီနှစ် ရွေးကောက်ပွဲအတွက်တော့ မမီနိုင်ဘူးလို့ သုံးသပ်ပါတယ်။

သုံးခေါက်ချိုး ကိုင်ထားသူတွေဟာ အများကြီး မရှိတော့ကြောင်းနဲ့ သူတို့ဟာ အရင်က သေချာစစ်ဆေးပြီးမှ ထုတ်ပေးထားတာဖြစ်တာကြောင့် နိုင်ငံသားကတ်ရသင့်ကြောင်း ဦးခင်မောင်လတ်က ဆိုပါတယ်။

လဝကအနေနဲ့ ဇန်နဝါရီလက ကွင်းဆင်းဆောင်ရွက်ပေးချိန်က ၄၅ ရက်အတွင်း နိုင်ငံသား စိစစ်ရေးကတ် ရမယ်လို့ ပြောဆိုမှုတွေရှိခဲ့တာကြောင့် စောင့်မျှော်နေကြတာ ဖြစ်တယ်လို့လည်း ဒုက္ခသည်စခန်းမှာနေထိုင် သူတွေကဆိုပါတယ်။

သုံးခေါက်ချိုးလို့ခေါ်တဲ့ အမျိုးသားမှတ်ပုံတင်လက်မှတ် ကိုင်ထားသူတွေဟာ ၁၉၉၀ ရွေးကောက်ပွဲနဲ့ ၂၀၁၀ ရွေး ကောက်ပွဲမှာ မဲပေးခွင့် ရခဲ့ပေမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကစပြီး မဲပေးခွင့် မရှိတော့ပါ ဘူး။ ခရီး သွားလာတဲ့အခါ အစစ်အဆေးများပြားတဲ့ ရခိုင်ပြည်နယ်မှာ နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်နိုင်မှုဟာ အရေးပါတဲ့အ ခွင့်အရေးတစ်ခု ဖြစ်နေပါတယ်။

FB.

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */