Thursday, July 9, 2020

ဘာဆန်ချာကျွန်းက ရိုဟင်ဂျာတွေ စခန်းထဲပြန်ရွှေ့ပေးဖို့ HRW တောင်းဆို

VOA
ဗွီအိုအေ (မြန်မာပိုင်း)
09 ဇူလိုင်၊ 2020
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာဆန်ချာကျွန်းမှာ တွေ့ရတဲ့ ရိုဟင်ဂျာတချို့။ (ဖေဖော်ဝါရီ ၁၄၊ ၂၀၁၈) 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာဆန်ချာကျွန်းမှာ ရှိနေတဲ့ ရိုဟင်ဂျာ အယောက် ၃၀၀ ကျော်ကို အဲဒီကျွန်းကနေ အ မြန်ဆုံးရွှေ့ပေးသင့်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ဒီနေ့ ပြောလိုက်ပါ တယ်။ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေအနေနဲ့ အဲဒီကျွန်းမှာ ရှိနေတဲ့ ကလေးငယ်တွေအပါအဝင် ရိုဟင်ဂျာ ဒုက္ခ သည်တွေကို Cox’s Bazar မှာရှိတဲ့ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ အတူနေနိုင်အောင် ချက်ချင်း ရွှေ့ပေးသင့် တယ်လို့ HRW အဖွဲ့က ပြောလိုက်တာပါ။


SEE ALSO:
Aceh ခရိုင်ကမ်းလွန်က ကယ်တင်ခဲ့တဲ့ ရိုဟင်ဂျာတွေထဲ ကလေး ငယ် အယောက် ၃၀ ပါ


ပင်လယ်ထဲမှာ သီတင်းပတ်နဲ့ချီ မျောနေခဲ့ပြီး အဲဒီကျွန်းပေါ်မှာ ထိန်းသိမ်းခံနေရတဲ့သူတွေကို ကုလသ မဂ္ဂအနေနဲ့ လိုအပ်တဲ့ အကာအကွယ်နဲ့ အကူအညီတွေပေးနိုင်အောင် ခွင့်ပြုသွားမယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဘက်က ကတိပြုထားပေမဲ့လည်း အခုချိန်ထိ ခွင့်ပြုခြင်းမရှိသေးဘူးလို့ ပြောပါတယ်ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကတော့ လူဦးရေ အရမ်းများတဲ့ ဒုက္ခသည်စခန်းထဲမှာ ဗိုင်းရပ်စ်ကူး စက် မှုတွေ မဖြစ်အောင် ကာကွယ်ဖို့အတွက် အဲဒီလူတွေကို ဘာဆန်ချာကျွန်းမှာ ယာယီထိန်းသိမ်းထားဖို့ လိုတယ်လို့ ပြောပါတယ်။


                                                    ကုလသမဂ္ဂအတွင်းရေးမှူးချုပ်                                                           Antonio Guterres 


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres နဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကျွမ်းကျင်သူတွေက ဒီ လူ တွေကို Cox’s Bazar မှာ ရှိတဲ့ ဒုက္ခသည်စခန်းကို ဘေး ကင်းလုံခြုံစွာ ပို့ ပေးဖို့ ပြောနေပေမဲ့လည်း ဒီလူတွေ  ဟာ မုန်တိုင်းနဲ့ ရေကြီးမှု အန္တရာယ်တွေ ရှိနေတဲ့ကြားကပဲ ကျွန်းပေါ် မှာ ၂ လ ကျော်ကြာပြီးတဲ့ အချိန်ထိ ဆက်ရှိနေ တုန်းပဲဖြစ်တယ်လို့ HRW အဖွဲ့ရဲ့ ကြေငြာချက်မှာ ပြော ထားပါ တယ်။

ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဟာ ကပ်ရောဂါကို အကြောင်းပြပြီး ဒီလူတွေ ကို အခုလို မိုးတွင်းကာလ မှာ အဲဒီကျွန်းမှာ ထိန်းသိမ်း ထားတယ်လို့ HRW အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Brad Adams က ပြောပါတယ်။

 

Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */