Thursday, July 9, 2020

Bhashan Char ကျွန်းပေါ်က ဒုက္ခသည်တွေ မြန်မာပြည် ပြန်မှ ထွက်ခွင့်ပြုမယ် - ဘင်္ဂလားဒေ့ရှ်

VOA  
ဗွီအိုအေ (မြန်မာပိုင်း)
09 ဇူလိုင်၊ 2020  
ရိုဟင်ဂျာ ဒုက္ခသည်တွေနေတဲ့ Bhashan Char ကျွန်း။
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံက မိုးတွင်းရေလွှမ်းလေ့ရှိတဲ့ Bhashan Char ကျွန်းပေါ်မှာ ပို့ထားတဲ့ ရိုဟင်ဂျာဒုက္ခ သည် တွေ မြန်မာနိုင်ငံပြန်မယ်လို့ သဘောမတူရင် အဲဒီကနေ ထွက်ခွင့်မပြုဘူးလို့ ဘင်္ဂလားဒေ့ရှ် အာဏာ ပိုင် တွေက ပြောလိုက်ပါတယ်။

မလေးရှားနိုင်ငံကို မှောင်ခိုစက်လှေ ၂ စင်းနဲ့ သွားဖို့ကြိုးစားခဲ့တဲ့ ရိုဟင်ဂျာ ၃၀၆ ယောက်ကို ဧပြီလက အဲဒီ ကျွန်းကို ပို့ခဲ့တာပါ။ COVID-19 ရောဂါ ကူးစက် ပျံ့နှံ့မှာစိုးတဲ့အတွက် သူတို့ကို အဲဒီကျွန်းပေါ်မှာ ထားထား တယ်လို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပြောခဲ့ပါတယ်။

ဒီဒုက္ခသည်တွေကို မြန်မာနိုင်ငံဘက် ပြန်မပို့ခင်အထိ သူတို့ Bhashan Char ကျွန်းမှာပဲနေရမယ်လို့ ခရိုင်အုပ် ချုပ်ရေးမှူး Mohammed Khorshed Alam Khan က AFP သတင်းဌာနကို ကြာသပတေးနေ့က ပြောပါ တယ်။ ဒီကျွန်းပေါ်က ဒုက္ခသည်တွေကို ကောင်းကောင်းစောင့်ရှောက်ထားသလို ဒီမှာက Cox's Bazar က ဒုက္ခသည်စခန်းတွေလို လူတွေ ပြည့်ကြပ်မနေဘူးလို့လည်း ဆိုပါတယ်။
 

SEE ALSO:
ဘာဆန်ချာကျွန်းက ရိုဟင်ဂျာတွေ စခန်းထဲပြန်ရွှေ့ပေးဖို့ HRW တောင်းဆို 


ရေလွှမ်းနိုင်တဲ့ အန္တရာယ်ရှိတဲ့ ကျွန်းပေါ် ဒုက္ခသည်တွေကို ပို့ထားတာကြောင့် ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ကန့်ကွက် ဝေဖန်နေကြပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရဘက်ကတော့ နှစ်နိုင်ငံသဘောတူညီချက်နဲ့အညီ ဒုက္ခသည်တွေကို ပြန်လက်ခံသွားမယ်လို့ ပြောထားသလို ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင် ရွက်နေတယ်လို့လည်း ပြောထားပါတယ်။

လက်ရှိ COVID-19 ကပ်ရောဂါ ကာလအတွင်းမှာတော့ ဒုက္ခသည် ပြန်လည်လက်ခံရေး အစီအစဉ်တွေ အားလုံး ရပ်ဆိုင်းနေပုံရပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */