ဘီဘီစီ မြန်မာပိုင်း
11 ဇွန် 2020
မြန်မာကို ဂမ်ဘီယာက အိုင်စီဂျေမှာ တရားစွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီး မြန်မာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ရဲ့ ဖေ့စ်ဘွတ်ပို့စ်တွေနဲ့ မှတ်တမ်းမှတ်ရာတွေကို ဖေ့စ်ဘွတ်က ထုတ်ပြန်ပေးရေး အမိန့်ချပေးဖို့ ဂမ်ဘီယာ ရှေ့နေတွေက တောင်းဆိုလိုက်ပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှု သဘောတူညီချက်ကို မြန်မာက ချိုးဖောက်တယ်ဆိုပြီး နိုင်ငံတကာတရားရုံး ICJ မှာတရား စွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီး အခုလို အချက်အလက်တွေကို တောင်းခံတာ ဖြစ်တယ်လို့ ရိုက်တာသတင်းအေ ဂျင်စီရဲ့ သတင်းအရ သိရပါတယ်။
ဒီတောင်းဆိုမှုကို အမေရိကန်နိုင်ငံ ကိုလံဘီယာခရိုင်တရားရုံးမှာ ဇွန်လ ၈ ရက် က တင်ပြ တောင်းဆိုခဲ့တာပါ။
မြန်မာတပ်မတော်နဲ့
ရဲတပ်ဖွဲ့ရဲ့ ဖေ့စ်ဘွတ် ပို့စ်တွေ၊ မှတ်တမ်းမှတ်ရာတွေ၊ ထုတ်ပြန်ပြီးသားနဲ့
မထုတ်ပြန်ရသေးတဲ့ အချက်အလက်တွေအားလုံးကို ဖေ့စ်ဘွတ်က ထုတ်ပေးဖို့
ဂမ်ဘီယာဘက်က ရှေ့နေတွေက တောင်းဆိုတာ ဖြစ်ပါတယ်။
ဒီတောင်းဆိုမှုကို
ဖေ့စ်ဘွတ်က သိထားပြီ ဖြစ်ကြောင်းနဲ့ သက်ဆိုင်ရာ ဥပဒေတွေအရ သုံးသပ်လုပ်ဆောင်
သွားမယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ပိုဆိုးအောင် အမုန်းစကားတွေ ပျံ့နှံ့စေရာမှာ ဖေ့စ်ဘွတ်က အဓိကနေရာ က ပါဝင်ခဲ့တယ်လို့ ၂၀၁၈ မှာ ကုလ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူတွေက ဆိုပါတယ်။
ဒါပေမဲ့ အမုန်းစကားတွေ မပြန့်အောင် တားမြစ်ပိတ်ပင်တာတွေ လုပ်နေတယ်လို့ ဖေ့စ်ဘွတ်က ဆိုပါတယ်။ဂမ်ဘီယာ အဖွဲ့ခေါင်းဆောင် အဘူဘာကာ တမ်ဘာဒူး
၂၀၁၈ မှာ ဖေ့စ်ဘွတ်က အသုံးပြုခွင့်ပိတ်လိုက်တဲ့ အဖွဲ့အစည်းတွေနဲ့ တာဝန်ရှိသူတွေရဲ့ အကောင့် ၂၀ ရဲ့ အချက် အလက်တွေကိုလည်း တောင်းခံထားပါတယ်။
အဲဒီ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ပို့စ်တွေဟာ ဂျီနိုဆိုက် ရည်ရွယ်ချက် နဲ့ ပတ်သက်တဲ့ တရားဝင် အထောက် အထားတွေ ဖြစ်လာနိုင်တယ်လို့ ရှေ့နေတွေက ပြောပါတယ်။
ဂျီနိုဆိုက် ကျူးလွန်ကြောင်း သက်သေပြဖို့ဆိုရင် ရိုဟင်ဂျာ မျိုးနွယ် အုပ်စု တစ်ခုလုံးကို ဖြစ်စေ တစ်စိတ်တစ် ပိုင်း ကို ဖြစ်စေ ရည်ရွယ်ချက်ရှိရှိ ပျက်စီးစေခဲ့တဲ့ ရက်စက်တဲ့လုပ်ရပ်တွေကို ထုတ်ဖော်နိုင်ရပါမယ်။
အမှုကြားနာလို့ မပြီးမချင်း ရိုဟင်ဂျာ တွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တခြား ဘယ်အကြမ်းဖက်မှုကိုမှ မလုပ် ဖို့ အပါအဝင် ကြားဖြတ်အစီအမံ လေးချက်ကို မြန်မာဘက်က လိုက်နာဆောင်ရွက်ဖို့ အိုင်စေဂျီက ချမှတ် ထားပါတယ်။
Link : Here
No comments:
Post a Comment