Wednesday, June 24, 2020

မောင်တောမှာ ကိုဗစ်ကူးစက်သူတဦး ထပ်တွေ့

VOA  
ဗွီအိုအေ (မြန်မာပိုင်း)
ရန်ကုန်မြို့ရှိ Quarantine စင်တာတခုအတွင်းတွင် တွေ့ရတဲ့ ဝတ်စုံပြည့်ဝတ်ထားတဲ့ ဝန်ထမ်းတဦး။ (ဧပြီ ၀၉၊ ၂၀၂၀)
 
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ COVID-19 ရောဂါကူးစက်နေသူ အမျိုးသားတဦးကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ပဲ အတည်ပြုလိုက်တဲ့အတွက် မြန်မာနိုင်ငံမှာ စုစုပေါင်းရောဂါကူးစက်သူ ၂၉၃ ယောက် ရှိသွားပါပြီ။ 



ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခရီးသွားဖူးသူ အသက် ၂၂ နှစ်အရွယ် အမျိုးသားဟာ မောင်တောမြို့မှာ အသွား အ လာ ကန့်သတ်ခံထားရသူဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ အ မျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၊ ဆေးသုတေသနဦးစီးဌာန၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီးနဲ့ မန္တလေး ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနတို့က ဓာတ်ခွဲနမူနာ စုစုပေါင်း ၁,၁၁၀ ကို စစ်ဆေးခဲ့ရာမှာ ရောဂါပိုးရှိသူကို အတည်ပြုခဲ့တာပါ။

ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေထဲမှာတော့ ၂ ကြိမ် ဆက်တိုက် ရောဂါပိုးမတွေ့သူ ၄ ဦးနဲ့ ရောဂါပိုး ကင်းစင်သူ စုစုပေါင်း ၂၀၈ ဦးရှိတယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ရောဂါကင်းစင် သူတွေထဲက ၁၉၃ ဦးကို ဆေးရုံက ဆင်းခွင့်ပြုခဲ့ပြီး အသွားအလာ ဆက်လက်ကန့်သတ် စောင့်ကြည့်နေ တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူကတော့ ၆ ဦး ရှိပါတယ်။
 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */