B B C
ဘီဘီစီ မြန်မာပိုင်း
2020.06.04
လူနာ အမှတ် ၂၃၄ ဟာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ပြန်ဝင်လာသူ
မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မောင်တောမြို့ မှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိတဲ့လူနာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကနေ မိမိသဘောနဲ့ ပြန်ဝင်လာသူဖြစ်တယ်လို့ မောင်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်းက ဘီဘီစီကိုပြောပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြန်လည်ဝင်ရောက်လာခဲ့ကြ တဲ့ မွတ်ဆလင် တွေထဲမှာ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရ တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ ဇွန်လ ၄ ရက် ဒီကနေ့မနက်ပိုင်းမှာ ထုတ်ပြန် ချက်အရသိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့က တစ်ဖက်နိုင်ငံကနေ ပြန်လည်ဝင်ရောက်လာခဲ့သူ မိသားစု ၅ ဦးရှိပြီး အဲ့ဒီလူ တွေ ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက ထန်ခါလီ ဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့သူတွေဖြစ်ကာ မောင်တော မြို့နယ် ဦးရှည်ကျကျေးရွာကို ရောက်ရှိလာခဲ့ကြတာဖြစ်တယ်လို့ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေး မှူး ဦးစိုးအောင်က ဘီဘီစီကို ပြောပါတယ်။
ပြန်လည်ဝင်ရောက်လာခဲ့သူငါးဦးတို့ကို သူတို့ရောက်ရှိနေတဲ့ ဦးရှည်ကျကျေးရွာကနေ သွားရောက်ခေါ်ယူ ခဲ့ပြီး လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်းမှာ ကော်ရန်တင်းထားရှိကာ အဲ့ဒီလူတွေဆီက တို့ဖတ်နမူနာတွေ ကို စစ်ဆေးတဲ့အခါမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူတစ်ဦးကို စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
အဲ့ဒီ ပြန်ဝင်လာသူတွေဟာ တစ်ဖက်နိုင်ငံကိုထွက်ပြေးရောက်ရှိနေရာကနေ မေလ ၃၀ ရက်နေ့မှာ မိမိဆန္ဒ အလျောက် ပြန်လည်ဝင် ရောက်လာခဲ့ကြတာဖြစ်ပြီး အခုလိုမျိုး ပြန်လည်ဝင်ရောက်လာခဲ့သူတွေဟာ မောင် တောမြို့နယ်အတွင်းမှာ တော်တော် များများရှိနေတယ်လို့ မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးမောင်အုန်းက ပြောပါတယ်။
အဲ့ဒီ ပြန်ဝင်လာသူတွေဟာ တစ်ဖက်နိုင်ငံကိုထွက်ပြေးရောက်ရှိနေရာကနေ မေလ ၃၀ ရက်နေ့မှာ မိမိဆန္ဒ အလျောက် ပြန်လည်ဝင် ရောက်လာခဲ့ကြတာဖြစ်ပြီး အခုလိုမျိုး ပြန်လည်ဝင်ရောက်လာခဲ့သူတွေဟာ မောင် တောမြို့နယ်အတွင်းမှာ တော်တော် များများရှိနေတယ်လို့ မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးမောင်အုန်းက ပြောပါတယ်။
လူနာ အမှတ် ၂၃၄ ဟာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ပြန်ဝင်လာသူ
အဲ့ဒီလိုပြန်လည်ဝင်ရောက်လာခဲ့ကြသူတွေကို ဝင်ရောက်လာခဲ့တာနဲ့ချက်ချင်း လှဖိုးခေါင် ကြားစခန်းမှာ ကော်ရန်တင်းထားရှိပြီး စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ မောင်တော ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။
"၃၀ ရက်နေ့ကဝင်လာတယ်။ ငါးယောက်ရှိတယ်။ နိုင်ငံတော်ညွှန်ကြားချက်အတိုင်း အုပ်ချုပ်ရေးမှူးတွေကို ကျန်းမာရေး ပညာပေးတွေဆောင်ရွက်ထားတဲ့အတွက် သူတို့ပြန်ဝင်ရောက်လာတာနဲ့ ကျွန်တော်တို့ချက် ချင်း သိတယ်။ သူတို့ကို လှဖိုးခေါင်းကြားစခန်းမှာထားတယ်။ ကျန်းမာရေးကတော့ အခြေအနေကောင်းနေပါ တယ်။"လို့ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ဘီဘီစီကို ပြောပါတယ်။
အဲ့ဒီလူတွေဟာ မောင်တောမြို့နယ်အတွင်းမှာနေထိုင်ခဲ့ကြသူတွေဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်း ဖြစ် ပွားခဲ့တဲ့ ARSA အကြမ်းဖက်မှုဖြစ်စဉ် နောက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားခဲ့ကြသူတွေ လည်း ဖြစ်ကြပါတယ်။
အခုလိုမျိုး တစ်ဖက်နိုင်ငံကနေ မိမိဆန္ဒအလျောက်ဝင်ရောက်လာတဲ့သူတွေရှိနေပြီး အဲ့ဒီလူတွေမှာ ရောဂါပိုး ကူး စက်ခံထား ရသူတွေကို စစ်ဆေးတွေ့ရှိနေတဲ့အတွက် မောင်တောဒေသခံတွေအနေနဲ့ စိုးရိမ်မှုတွေ လည်း ရှိနေကြတာဖြစ်ပါတယ်။
တစ်ဖက်နိုင်ငံမှာ ကိုဗစ်၁၉ရောဂါဖြစ်ပွားမှု နှုန်းမြင့်မားနေတဲ့ အတွက် ပြန်လည်ဝင်ရောက်လာမယ့်လမ်းတွေ ကို ပိတ်ထားဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေကို ပြောဆိုထားပြီးဖြစ်ပေမယ့် တစ်စုံတရာ အလေးထားဆောင်ခြင်းမရှိတဲ့အတွက် အခုလိုမျိုး မောင်တောမြို့နယ်အတွင်းကို ရောဂါပိုးကူး စက်ခံ ထားရသူတွေ ရောက်ရှိလာခဲ့တာဖြစ်တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောပါတယ်။
အဲ့ဒီလူတွေဟာ နှစ်နိုင်ငံသဘောတူညီချက်နဲ့ တရားဝင်ပို့ဆောင်ပေးသူတွေမဟုတ်ဘဲ မိမိဆန္ဒအလျောက်ဝင်ရောက်လာခဲ့ ကြသူတွေဖြစ်ပြီး သူတို့ဝင်ရောက်လာခဲ့တဲ့လမ်းတွေထဲက ရေတပ်နဲ့ ကုန်းပေါ်မှာ နယ်ခြား စောင့်တပ်စခန်း တွေလည်းရှိနေတဲ့အတွက် အခုလိုအချိန်မျိုးမှာ ဝင်ရောက်လာနေကြတာကို တားဆီးထား သင့် တယ်လို့ ဦးမောင်အုန်းက ပြောပါတယ်။
အခုလိုမျိုး တရားမဝင် ပြန်လည်ဝင်ရောက်လာခဲ့ကြသူတွေကို ပို့ဆောင်ပေးတဲ့ ကူးတို့စက် လှေတွေကို လည်း ဖမ်းဆီးအရေးယူတာမျိုးတွေမရဘူးလို့ ဆိုပါတယ်။
" ဒီလူတွေဟာ နှစ်ဖက်ချစ်ကြည်ရေးနဲ့ဝင်လာတာမဟုတ်ဘူး။ ခိုးဝင်လာကြတာ။ အဲ့ဒီကိစ္စကို ကျွန်တော်တို့ စိုးရိမ်ပူပန်လို့ အမြဲတမ်းပြောတယ်။ အခုဖြစ်လာပြီ။ ဘာလုပ်ရမလဲ သူတို့အနေနဲ့ စဉ်းစားဖို့လိုလာပြီ။ ။"လို့ ဦးမောင်အုန်းက ပြောပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုတွေနဲ့ကြုံနေရပြီး သေဆုံးသူ တွေလည်းရှိနေ ကာ ရခိုင်ပြည်နယ်အတွင်းက ထွက်ပြေးသွားတဲ့ မွတ်ဆလင်တွေနေထိုင်နေကြတဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်စခန်းတွေမှာလည်း ရောဂါပိုး ကူးစက်ခံထားရသူတွေ ရှိသလို သေဆုံးမှုတွေလည်းရှိနေပါတယ်။
ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်မှုဖြစ်ပွားနေတဲ့ သုံးလတာကာအတွင်းမှာ ရခိုင်ပြည်နယ်အတွင်းကို တစ်ဖက်နိုင် ငံက ပြန်လည်ဝင်ရောက်လာသူပေါင်း ၈၀ လောက်ထိရှိနေပြီး အဲ့ဒီလူတွေ အားလုံးကိုတော့ လှဖိုးခေါင်ကြား စခန်းမှာ ကော်ရန်တင်းထားရှိပြီးစစ်ဆေးစောင့်ကြည့်မှုတွေ ပြုလုပ်နေတယ်လို့ ဦးစိုးအောင်က ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ သုံးဦးအထိရှိနေပြီဖြစ်ကာ ရခိုင်ပြည်နယ်တောင် ပိုင်းဒေသ သံတွဲမြို့နဲ့ တောင်ကုတ်မြို့နယ်တွေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသက မောင်တောမြို့နယ် တွေမှာ ပိုးတွေ့လူနာတွေ တွေ့ရှိထားတဲ့အတွက် ကျန်တဲ့နေရာတွေအတွက်လည်း စိုးရိမ်နေရတယ်လို့ ရ ခိုင် အမျိုးသားပါတီ မူဝါဒရေးရာဦးဆောင် ကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ဆိုပါတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည် ၁ သိန်း ၆ သောင်းကျော်ရှိနေပြီး အဲ့ဒီဒုက္ခသည်တွေဟာ စခန်းတွေမှာ စုပြုံနေထိုင်နေကြရတာကြောင့် အခု လိုမျိုး ကိုဗစ် ၁၉ ဗိုင်းရပ်စ် ကူးစက်ခံရမှုတွေ မတားဆီးနိုင်ခဲ့လို့ရှိရင် တော်တော်လေးကို အထိနာသွားမယ့် အနေအထားမျိုးကို တွေ့နေရတယ်လို့ ဒေါ်အေးနုစိန်က ပြောပါတယ်။ မိမိဆန္ဒအလျောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြန်လည်ဝင်ရောက်လာခဲ့ကြသူတွေထဲမှာ လက်ခံရေးစခန်း တွေကို မရောက်လာဘဲ ပျောက်သွားသူတွေလည်းရှိနေတယ်လို့ မောင်တောမြို့နယ် ပြည်နယ်လွတ်တော် ကိုယ်စားလှယ်က ပြောဆိုပေမယ့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကတော့ ဝင်လာသူတွေကိုအကုန်သိပြီး အားလုံးကို လှဖိုးခေါင် ကော်ရန်တင်မှာ ထိန်းသိမ်းထားတယ်လို့ ပြောဆိုပါတယ်။
No comments:
Post a Comment