" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, June 26, 2020

ဂမ်ဘီယားတရားရေးဝန်ကြီး ရာထူးကနုတ်ထွက်တော့မယ်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
26 ဇွန်၊ 2020
ဂမ်ဘီယားတရားရေးဝန်ကြီး၊ ရှေ့နေချုပ် Abubacarr Marie Tambadou။ (ဒီဇင်ဘာ ၁၀၊ ၂၀၁၉) 

ရခိုင်ပြည်နယ်မှာ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ နိုင်ငံတကာ တရားခုံရုံး ICJ မှာ မြန်မာ နိုင်ငံကို တရားစွဲထားတဲ့ ဂမ်ဘီယာနိုင်ငံရဲ့ တရားရေးဝန်ကြီးလည်းဖြစ်၊ ရှေ့နေချုပ်လည်းဖြစ်သူ Abubacarr Tambadou ဟာ ဇွန်လ ၃၀ ရက်နေ့မှာ ရာထူးက နုတ်ထွက်တော့မယ်လို့ ဂမ်ဘီယာအစိုးရက ကြာသပတေးနေ့မှာ ကြေငြာပါတယ်။

ဂမ်ဘီယားတရားရေးဝန်ကြီး Abubacarr Tambadou
ကုလသမဂ္ဂရာထူး တခုကို လက်ခံဖို့ အခုလိုနုတ်ထွက်တာလို့ ပြောထား ပေမဲ့ ဘာရာထူးဆိုတာကိုတော့ အတိအကျ ပြောမထားပါဘူး။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်ဆလင်တွေကို လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အပြည် ပြည်ဆိုင်ရာတရားရုံး ICJ မှာ ဦးတိုက်လေ ျှာက်ထားခဲ့တဲ့ ရှေ့နေချုပ် Tambadou ဟာ ၂၀၁၉ ခုနှစ်မှာ နိုင်ငံ တကာအသိုင်းအဝိုင်းကြား လူသိများ ထင်ရှားလာတာဖြစ်ပါတယ်။

ဒီတရားစွဲဆိုမှုကို Tambadou က အဓိက တာဝန်ယူခဲ့တာဖြစ်ပြီး သူ ရာထူးက နုတ်ထွက်သွားပြီးတဲ့နောက် ပိုင်း ဘယ်သူကဆက်ပြီး တာဝန်ယူ လုပ်ဆောင်သွားမယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူ။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကလည်း ဂမ်ဘီယာနိုင်ငံရဲ့ စွဲဆိုချက်နဲ့ ပတ်သက် လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး ICJ တရားရုံးမှာ မနှစ်က တက်ရောက် ရှင်းလင်းခဲ့ပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်အမှု အတွက် ICJ ထံ မြန်မာ အစီရင်ခံ စာ တင်သွင်းပြီ 

၂၀၁၇ ခုနှစ်မှာ တရားရေးဝန်ကြီးအဖြစ်ခန့်အပ်ခံရတဲ့ Tambadou ဟာ သမ္မတဟောင်း Yahya Jammeh လက်ထက် အကြမ်းဖက်မှုတွေကို စုံစမ်းဖို့ The Gambia’s Truth ဆိုတဲ့ အဖွဲ့ကို ထူထောင်ရာမှာ အရေးပါသူလည်းဖြစ်ပါတယ်။

ဗြိတိန်လက်အောက်က လွတ်မြောက်ချိန်ကစပြီး ဂမ်ဘီယာနိုင်ငံကို ၂၂ နှစ်ကြာ တင်းတင်းကြပ်ကြပ် အုပ် ချုပ်ခဲ့တဲ့ အာဏာရှင် Jammeh က၂၀၁၇ ခုနှစ်သမ္မတရွေးကောက်ပွဲမှာ လူသိနည်းတဲ့ Adama Barrow ကို ရှုံးနိမ့်ပြီး ပြည်ပကို တိမ်းရှောင်သွားခဲ့တာပါ။ သမ္မတဟောင်း ပြည်တော်ပြန်နိုင်ရေး သူ့ကိုထောက်ခံသူတွေ ဇန်နဝါရီလမှာ တောင်းဆိုခဲ့ကြပေမဲ့ Tambadou ကတော့ အာဏာရှင်ဟောင်း Jammeh ပြန်လာရင် ဖမ်း ဆီးပြီး သူကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက် တာဝန်ယူစေမယ်လို့ ပြောဆိုထားပါတယ်။

ဂမ်ဘီယာနိုင်ငံဟာ လူဦးရေ ၂,၀၀၀,၀၀၀ ဝန်းကျင်ရှိတဲ့ မွတ်ဆလင်အများစုနိုင်ငံ တခုဖြစ်ပြီး အာဖရိက တိုက် ရဲ့ အသေးငယ်ဆုံးနိုင်ငံ တခုလည်းဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */