Tuesday, May 26, 2020

ရိုဟင်ဂျာတွေရဲ့ အခြေအနေ မပြောင်းလဲသေးဘူးလို့ မြန်မာ ရိုဟင်ဂျာများအသင်း-ယူကေ ပြော

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020.05.26

 
■မြန်မာအစိုးရဟာ ICJ နိုင်ငံတကာတရားရုံးရဲ့ ကြားဖြတ် စီရင်ချက်အမိန့်အရ ပထမဆုံးအကြိမ် အစီရင်ခံ စာကို ပြီးခဲ့တဲ့ အပတ်က တင်သွင်းခဲ့ပါတယ်။ မြန်မာနိုင်ငံဘက်က တင်သွင်းတဲ့ အစီရင်ခံစာမှာ ဘယ်လို အကြောင်းအရာတွေ ပါဝင်တယ်ဆိုတာ မသိရသေးပေမယ့် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ရင်ဆိုင်နေရတဲ့ ရိုဟင် ဂျာတွေရဲ့ အခြေအနေတွေ ပြောင်းလဲမှုမရှိသေးဘူးလို့ အင်္ဂလန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာများ အသင်း -ယူကေ က ပြောလိုက်ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံကို ဖိအားပေးတာတွေ နှစ်ဆ တိုးပြီး ဆက်လက်လုပ်ဆောင်ကြဖို့ လိုတယ်လို့လည်း မြန်မာရိုဟင်ဂျာများအသင်း-ယူကေ က ကြေညာ ချက် ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က တင်ပြထားပါတယ်။

Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */