■ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ ဧပြီလ ၂၀ ရက်နေ့က၊ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကကား ပစ်ခတ်ခံ ရ လို့ အဖွဲ့ရဲ့ဝန်ထမ်းသေဆုံးရပြီး၊ ကားပေါ်ပါတဲ့ ကျန်းမာရေးဌာနကဝန်ထမ်း ဒဏ်ရာရခဲ့တဲ့ဖြစ်ရပ်ကို စုံစမ်း စစ်ဆေးဖော်ထုတ်ဖို့နဲ့ တာဝန်ရှိတဲ့သူတွေကို တရားဥပဒေအရ အရေးယူပေးဖို့ အမေရိကန်နိုင်ငံခြားရေး ဌာ နက မြန်မာအစိုးရကို မနေ့က ဧပြီလ ၂၂ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။ ဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် မစ္စ မော်ဂန် အော်တေးဂတ်စ် (Ms. Morgan Ortagus) က ကြေညာချက်ထုတ်ပြီးပြောလိုက်တာပါ။
ဒီမြန်မာနိုင်ငံသားနှစ်ယောက်ဟာ၊ ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါ ခုခံကာကွယ်ရေးအတွက် တာဝန်ထမ်းဆောင်နေချိန်အတွင်း တိုက်ခိုက်ခံရတယ်ဆိုတာ သူတို့အနေနဲ့ နားလည်သဘောပေါက်တယ်လို့လည်း ဆိုပါတယ်။ ဒီဝန် ထမ်းတွေရဲ့လုပ်ရပ်ဟာ မြန်မာနိုင်ငံထဲက အားနည်းနေတဲ့ လူ့အသိုင်းအဝိုင်း တခုကိုကူ ညီပံ့ပိုးပေးတဲ့ စံပြလုပ်ရပ်ဖြစ်သလို၊ ရခိုင်ပြည်နယ်ကစစ်ပွဲတွေ ချက်ချင်းရပ်ဖို့ လိုအပ်နေပြီဆိုတာကိုလည်း သူတို့ကြုံရတဲ့ဖြစ်ရပ်က မီးမောင်းထိုးပြနေတယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် ကမ္ဘာပေါ်က ဘယ်နေရာမှာမဆို လူသားချင်းစာနာမှုဆိုင်ရာ လုပ်ကိုင်နေတဲ့သူတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေဟာ အခုရော နောင်မှာပါ၊ အကြမ်းဖက်ခြိမ်းခြောက်တာမခံရပဲ အလုပ်လုပ်နိုင်တဲ့ အခြေအနေ ဖြစ် ရမယ်လို့လည်း ပြောလိုက်ပါတယ်။
ဒီအတောအတွင်းမှာပဲ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဟောင်း မစ္စ ယန်ဟီးလီက၊ သေဆုံးဒဏ်ရာရတဲ့ WHO ရဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အထူးစိတ်မကောင်း ဖြစ်မိ သလို၊ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းမိတဲ့အကြောင်း သူ့ရဲ့တွစ်တာစာမျက်နှာမှာ ရေးလိုက်သလို၊ ဒီလို ပစ်ခတ်တိုက်ခိုက်ခံရတာဟာ လုံးဝလက်ခံနိုင်စရာမဟုတ်တဲ့အတွက် လွတ်လပ်တဲ့ နိုင်ငံတကာစုံ စမ်းရေး အဖွဲ့နဲ့ စစ်ဆေးဖော်ထုတ် အရေး ယူပေးရမယ်လို့ ပြောလိုက်ပါတယ်။
No comments:
Post a Comment