" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, April 25, 2020

ရခိုင်နှင့် ချင်းဒေသမှ အရပ်သားသေဆုံးမှုများအတွက် တစ်စိတ်တပိုင်းတာဝန်ရှိကြောင်း တပ်မတော်ပြော

မြန်မာတိုင်းမ်နေ့စဉ်
စိုင်းဝဏ္ဏ
25 APR 2020  
ရခိုင်ပြည်နယ်အတွင်းရှိမြို့နယ်အချို့ကိုပြသသည့် မြေပုံ။ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး။

ရခိုင်ပြည်နယ်မြောက်ပိုင်း နှင့်ချင်းပြည်နယ်ပလက်ဝဒေသမှ အရပ်သားများ တိုက်ပွဲအတွင်း သေဆုံးဒဏ်ရာ ရရှိမှုများအတွက် တပ်မတော်တွင် တစ်စိတ်တပိုင်းတာဝန်ရှိသည်ကိုမငြင်းလိုကြောင်း တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဧပြီ ၂၅ ရက်တွင် သတင်းမီဒီယာများ ကို ပြောကြားခဲ့သည်။
" မြို့နား ရွာနားလေးမှာ တိုက်ပွဲဖြစ်တဲ့အခါ အရပ်သားထိခိုက်မှုတွေ မလွဲမသွေ ရှိနိုင်ပါလိမ့်မယ်။ အရပ်သား တွေ သေဆုံးတာ တွေရှိနိုင်ပါလိမ့်မယ်။ကျွန်တော့်အနေနဲ့မငြင်းပါဘူး။ဒီဟာသည် တပ်မတော်က ခြောက်ပစ် ကင်းသဲလဲစင်လို့ ကျွန်တော်လည်း အာမမခံပါဘူး။" ဟု ၎င်းက ပြောသည်။

လွန်ခဲ့သော မတ်လ ၁၄ ရက်နှင့် ၁၅ ရက်များက ပလက်ဝမြို့နယ် မီးစာဝကျေးရွာအနီး မြန်မာ့တပ်မတော်က လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အရပ်သား ၂၃ ဦးအထိသေဆုံးခဲ့သည်။မီးစာ၀ ကျေးရွာအနီး AA အဖွဲ့ က ခိုလှုံလျက်ရှိကြောင်း သတင်းရရှိ၍လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရခြင်းဖြစ်သည်ဟု တပ်မတော်က ပြောဆိုသည်။

"ပစ်ခတ်တဲ့နေရာမှာ အမှားအယွင်းရှိကောင်းရှိနိုင်ပါတယ်။ အေအေ အနေနဲ့ ရပ်ရွာတွေ ပြည်သူလူထုတွေ ကို လူသား တံတိုင်းသဖွယ်အသုံးပြုပြီးတော့ တိုက်ခိုက်တဲ့အခါမှာ ရပ်ထဲရွာထဲကနေ တိုက်ခိုက်တဲ့နေရာမှာ ဖြစ်ပေါ်လာတဲ့ အခြေ အနေ အရတပ်မတော်အနေနဲ့ ပြန်လည်တိုက်ခိုက်တာမျိုးရှိရင် ဒါ(သေဆုံးတာ)ရှိနိုင် ပါတယ်။" ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

သို့သော် တပ်မတော်အနေဖြင့် စစ်ဆင်ရေးဆောင်ရွက်ရာတွင် ပြည်တွင်း ဥပဒေများ၊နိုင်ငံတကာ စည်းမျဉ်း စည်း ကမ်းများကို အတတ်နိုင်ဆုံးလိုက်နာဆောင်ရွက်နေကြောင်း၊စစ်မြေပြင်တွင် အရပ်သားနှင့် AA အဖွဲ့ဝင် ကို ခွဲခြားသိမြင်ရန် တပ်မတော်တွင် အခက်အခဲရှိနေကြောင်း ၎င်းက ပြောသည်။

"အေအေ အနေနဲ့ ယူနီဖောင်းဝတ်နဲ့ မြင်ဖူးတာဆိုလို့ သူတို့ စစ်ရေးပြအခမ်းအနားမှာပဲမြင်ဖူးတယ်။ တကယ် တိုက်တဲ့အခါမှာ အရပ်ဝတ်နဲ့ဆောင်ရွက်တာ" ဟု ၎င်းက ပြောသည်။

တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အရပ်သား ၁၈၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးလျက်ရှိပြီး ချင်းပြည်နယ် ပလက်ဝတွင်အိုးအိမ်စွန့်ခွာရသူအရပ် သား ၄၀၀၀ ဝန်းကျင်အထိ ရှိလာသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */