Saturday, April 11, 2020

အာဆာစခန်း မြန်မာတပ်ဖွဲ့ သိမ်းဆည်း

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020.04.10 
■ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ် ခမောင်းဆိပ်ရွာက မီတာ ၂၅၀၀ လောက်အကွာမှာရှိတဲ့ အာဆာစခန်းကနေ လက်နက်ခဲယမ်း၊ ရိက္ခာနဲ့ ဝတ်စုံတွေကို မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေ သိမ်းဆည်း ရမိတယ်လို့ တပ်မတော်က ဒီလ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။


တဲနှစ်လုံးကနေ အခုလ ၈ ရက်နေ့က သိမ်းဆည်းရမိတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားဒုက္ခ သည်စခန်းမှာ နေထိုင်ခွင့်ပြုထားတဲ့ UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ် ပေးထားတဲ့ အသိအမှတ်ပြုကတ်ပြားနဲ့ အစ္စလာမ်ကျမ်းစာအုပ် တစ်အုပ်လည်း သိမ်းဆည်းရမိတယ်လို့ ဖော်ပြပါတယ်။ ရိက္ခာထုပ်မှာ WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် လိုဂိုအမှတ်အသားပါတယ်လို့ ပြောပါ တယ်။ ဒီဒေသမှာပဲ ပြီးခဲ့တဲ့နှစ်တုန်းကလည်း အာဆာစခန်း သုံးခုကို မြန်မာတပ်ဖွဲ့ဝင်တွေ သိမ်းပိုက်ခဲ့ပါ တယ်။

Sources: FB 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */