Friday, April 10, 2020

ARSA အကြမ်းဖက်အဖွဲ့၏ ယာယီစခန်းတစ်ခု ဖော်ထုတ် ရရှိ

မြန်မာ့အလင်း 
နေပြည်တော်
ဧပြီ ၉
ARSA နှင့် AA အကြမ်းဖက်အဖွဲ့များအနေဖြင့် ရခိုင်ပြည်နယ်အတွင်း နယ်မြေ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ဥပဒေမဲ့အကြမ်းဖက်လုပ်ရပ်များ ကို ရည်ရွယ်ကျူးလွန်လျက်ရှိသဖြင့် ၎င်းအကြမ်းဖက်အ ဖွဲ့များ ခိုအောင်းနိုင် သည့် နေရာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး အာမခံချက် ရှိစေရန် နယ်မြေတည်ငြိမ်အေး ချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်း များကို အလေးထားဆောင်ရွက် လျက်ရှိ ကြောင်း။

ARSA အကြမ်းဖက်အဖွဲ့အနေဖြင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသ တွင် စိမ့်ဝင်၍ အဖျက်အမှောက်နှင့် တိုက်ပွဲများ ဖော်ဆောင်ရန်ရှိကြောင်း သတင်းရရှိခဲ့ပြီး ရရှိသောသတင်းဆက်အရ တပ်မတော်စစ်ကြောင်း များနှင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များက နယ်စပ်ဒေသလုံခြုံရေးနှင့် နယ်မြေလုံခြုံရေးအား ပိုမိုဂရုစိုက် အသေး စိတ်ဆောင်ရွက်ခဲ့ကြောင်း။

ထိုသို့ဆောင်ရွက်စဉ် မောင်တောမြို့နယ် ခမောင်းဆိပ်ရွာ၏ အနောက်ဘက် မီတာ ၂၅၀၀ ခန့် အကွာနေရာ သို့အရောက်၌ နေရာ ၂ နေရာမှ မသင်္ကာဖွယ်ရာ တဲ ၂ လုံးအား တွေ့ရှိသဖြင့် ရှင်းလင်းခဲ့ရာ လက်နက်ငယ် ကျည်၊ လမ်းလျှောက် စကားပြောစက်၊ ပြောက်ကျားဝတ်စုံ လည်တို ဖိနပ်၊ ဆန်၊ ဆီနှင့် အာလူးများ၊ ဆေးမျိုး စုံထည့်ထားသည့်အိတ်၊ လက်ကိုင်ဖုန်း၊ မှန်ပြောင်း၊ ပလတ်စတစ် အိတ်များ၊ တစ်ဖက်နိုင်ငံ ဒုက္ခသည်စခန်း များတွင် UNHCR မှ ထုတ်ပေးထား သည့် ကတ်ပြားတစ်ခုတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း။

အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် AA အကြမ်းဖက်အဖွဲ့တို့ မကြာခဏ ထိတွေ့မှုများ ဖြစ်ပွားလျက်ရှိပြီး ဧပြီ ၅ ရက်တွင် ပုဏ္ဏားကျွန်းမြို့၏ အနောက် မြောက်ဘက် မီတာ ၇၀၀၀ ခန့် အကွာတွင် AA အကြမ်းဖက် အဖွဲ့ဝင်များ အခြေပြုထားသော ယာယီနေရာတစ်ခုအား သိမ်းဆည်းရမိခဲ့ကာ ဖြစ်စဉ်တွင် ပစ်ကျင်းများ၊ ခဲ ယမ်းများ၊ အသုံးအဆောင်ပစ္စည်းများနှင့် NGO အဖွဲ့အစည်းများ မှ စစ်ဘေးရှောင်စခန်းများသို့ ထောက်ပံ့ လှူဒါန်းထားသည့် ရိက္ခာပစ္စည်းများကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်
109

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */