VOA
ဗွီအိုအေ (မြန်မာဌာန)
26 ဖေဖော်ဝါရီ၊ 2020
မော်ဒိုက်နိုင်ငံဟာ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို ICJ နိုင်ငံတကာတရားရုံးမှာ ကြားဖြတ် အ မှုတင်တဲ့အကြောင်း ကြေညာပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ နိုင်ငံတကာ သဘော တူ ညီချက်ကို ချိုးဖောက်တယ်ဆိုတဲ့ ဂမ်ဘီယာနိုင်ငံရဲ့ စွဲချက်ကို ထောက်ခံပြီး၊ သူ့နိုင်ငံအနေနဲ့ ICJ တရား ရုံးမှာ ကြားဖြတ်အမှု တင်သွင်းခဲ့တာပါ။ OIC အစ္စလာမ်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ရဲ့ ဆုံးဖြတ် ချက်နဲ့အညီ၊ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တဲ့ လုပ်ရပ်တွေ အရေးယူနိုင်ဖို့ ဆောင် ရွက်တာဖြစ်တယ်လို့ မော်ဒိုက်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။26 ဖေဖော်ဝါရီ၊ 2020
ICJ နိုင်ငံတကာတရားရုံးမှာ သူတို့အနေနဲ့ ကြားဖြတ်အမှု တင်သွင်းသွားမယ်လို့ မော်ဒိုက်နိုင်ငံခြားရေး ဝန် ကြီး Abudulla Shahid ရဲ့ မနေ့တုန်းက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ မိန့်ခွန်းမှာလည်း ပြောသွားပါ တယ်။ လူ့အခွင့်အရေးရှေ့နေ Amal Clooney က မော်ဒိုက်နိုင်ငံရှေ့နေအဖြစ် လိုက်ပါဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ သူဟာဟောလီဝုဒ် နာမည်ကျော်ရုပ်ရှင်မင်းသား George Clooney ရဲ့ ဇနီးဖြစ်ပါတယ်။ Amal Clooney ဟာ အရင်ကတည်းက ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ တတ်တတ်ကြွကြွ ပြောဆိုခဲ့သူဖြစ်ပါတယ်။
ICJ နိုင်ငံတကာတရားရုံးကနေ ဂမ်ဘီယာ-မြန်မာအမှုမှာ ကြားဖြတ်အရေးပေါ် စီမံမှု ဆုံးဖြတ်ပေးခဲ့တဲ့ အေ ပါ်မှာလည်း မော်ဒိုက်နိုင်ငံအနေနဲ့ ကြိုဆိုထောက်ခံပြီး၊ ရိုဟင်ဂျာတွေ တရားမျှတမှု ခံစားခွင့်ရအောင်နဲ့ သူ တို့နေရပ်ကို ဘေးကင်းစွာပြန်နိုင်ဖို့တွေကိုလည်း ကြိုးပမ်းသွားမယ်လို့ မော်ဒိုက်နိုင်ငံခြားရေးဌာန ထုတ်ပြန် ချက်မှာ ပါရှိပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာနိုင်ငံဘက်ကတော့ ရခိုင်မြောက် ပိုင်း က ဒီအရေးကိစ္စမှာ ပြည်တွင်းတရားစီရင်ရေး လမ်းကြောင်းကနေ အရေးယူ ဆောင်ရွက်မယ်လို့ ပြော ပြီး၊ နိုင်ငံတကာက စွပ်စွဲတဲ့ လူမျိုးတုံးသတ်ဖြတ်မှု Genocide ကိုတော့ ငြင်းဆန်ထားပါတယ်။

Link: Here
No comments:
Post a Comment