" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, February 26, 2020

ရခိုင်မှ မွတ်စလင်များအတွက် တရားမျှတမှု ရရှိစေရန် မြန်မာနိုင်ငံကို ICJ တွင် မော်လ်ဒိုက်ဗ်က တရားစွဲရန် ရှေ့နေ အာမယ်ကလူနေးအား ငှားရမ်း

ELEVEN
26 FEBRUARY 2020

ကုလသမဂ္ဂ၏ International Court of Justice (ICJ) တွင် မြန်မာနိုင်ငံမှ ဘင်္ဂါလီ မွတ်စလင်များအတွက် တရားမျှတမှု ရရှိစေရန် ကြိုးပမ်းမှုတွင် ကူညီပေးရန် ကမ္ဘာကျော်သရုပ်ဆောင် ဂျော့ရှ်ကလူနီ ဇနီးဖြစ်သူ ထင်ရှားသော လူ့အခွင့်အရေးရှေ့နေ အာမယ်ကလူနေးအား ငှားရမ်းခဲ့ကြောင်း မော်လ်ဒိုက်ဗ်အစိုးရက ဖေဖော်ဝါရီ ၂၆ ၌ ထုတ်ပြန်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်သို့ ဘင်္ဂါလီမွတ်စလင် သိန်းနှင့်ချီ ထွက်ပြေးခဲ့ရသည့် မြန်မာ့တပ်မတော်၏ ၂၀၁၇ ခုနှစ်က နယ်မြေရှင်းလင်းမှုအား စိန်ခေါ်ထားသည့် မွတ်စလင်အများစု နေထိုင်သော ဂမ်ဘီယာဘက်မှ အာမယ်က လူနေးက တ ရားဝင် ပူးပေါင်းမည်ဖြစ်ကြောင်း မော်လ်ဒိုက်ဗ်က ထုတ်ပြန်ခဲ့သည်။ ကလူနေးသည် မော်လ် ဒိုက်ဗ်သမ္မတဟောင်း မိုဟာမက်နာရှစ်ဘက်မှ အောင်မြင်စွာ အမှုလိုက်ပေးနိုင်ခဲ့ပြီး နာရှစ်အား ၂၀၁၅ ခုနှစ် က ထောင်ဒဏ် ၁၃ နှစ် ချမှတ်ထားမှုသည် တရားမဝင်ဖြစ်ကြောင်း ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက် ထွက်ပေါ် လာစေရန် ကြိုးပမ်းနိုင်ခဲ့သည်။ နာရှစ်သည် လတ်တလောတွင် မော်လ်ဒိုက်ဗ် ဥပဒေပြုလွှတ်တော် ဥက္ကဋ္ဌ အဖြစ် ထမ်းဆောင်နေ သည်။ မြန်မာတွင် ထိခိုက်ခံစားခဲ့ရသူများ၏ အခွင့်အရေးများ ရရှိစေရန်နှင့် ပြုလုပ်နေ ဆဲ အမှု၏ အထောက် အထားများအား ဖျက်ဆီးမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကြားဖြတ်စီမံချက်များ ချမှတ်ရန် ICJ ၏ ဆုံးဖြတ်ချက်အား မော်လ်ဒိုက်ဗ်အစိုးရက ကြိုဆိုခဲ့သည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */