Wednesday, February 26, 2020

ရိုဟင်ဂျာတွေ နေရေးခက်လို့ ရခိုင်ကိုစွန့်ခွာမှု တိုးလာ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ  
Feb 26, 2020


■ မေကွးတိုင်း မင်းလွမြို့နယ်မွာ အဖမ်းခံခဲ့ရတဲ့ ရိုဟင်ျဂာ ၁၅ ယောက်ရဲ့အမှုကို တရားရုံးမွာ ဒီနေ့ စတင် စစ် ဆေးခဲ့ပါတယ်။ သူတို့ကို မွတ်ပုံတင်ဥပဒေနဲ့ မြို့နယ် လ.ဝ.က က တရားစွဲဆိုခဲ့တာဖြစ်ကြောင်း အေသးစိတ် ကို မဝေမာထွန်း က တင်ပြထားပါတယ်။ 
 မကွေးတိုင်း မင်းလှမြို့နယ်မှာ အဖမ်းခံရတဲ့ ရိုဟင်ဂျာ ၁၅ ယောက်ကို ဒီနေ့ရုံးထုတ်တဲ့အခါ လူကုန်ကူးခံရ တာလို့ ထွက်ဆိုကြောင်း အမှုလိုက်ပေးနေတဲ့ ရှေ့နေ ဒေါ်သဇင်မြင့်မြတ်ဝင်းက RFA ကို ဒီနေ့ပြောပါတယ်။

ခရီးသွားလာတဲ့ မှတ်ပုံတင်အထောက်အထားမပြနိုင်လို့၊ မင်းလှမြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာနက တရား လိုပြုပြီးတော့ မှတ်ပုံတင် အက်ဥပဒေ ပုဒ်မ (၆/ ၃) နဲ့ စွဲဆိုထားတာလို့ အမှုလိုက် ရှေ့နေက ပြောပါတယ်။

ခရီးသွားလာသူတိုင်း မြန်မာနိုင်ငံမှာ မှတ်ပုံတင် ဒါမှမဟုတ် ထောက်ခံစာတစ်ခုခု ကိုင်ဆောင်ပြီး သွားလာရ ပါတယ်။ အခု ဖမ်းဆီးခံရသူတွေဟာ မှတ်ပုံတင်မပါဘဲ ခရီးသွားလို့ အဖမ်းခံရတာလို့ မင်းလှမြို့နယ် လဝက ဦးစီးမှူး ဦးအောင်ပြည်စိုးက ဖုန်းနဲ့ ပြောပါတယ်။

မင်းလှမှာ စဖမ်းမိတုန်းက ၁၉ ဦးပါ။ ကျန်တဲ့ လေးဦးက အသက်မပြည့်တဲ့ ကလေးတွေဖြစ်နေလို့ အာဏာ ပိုင် တွေက မန္တလေး လူငယ်ပြုပြင်ထိန်းသိမ်းရေး သင်တန်းကျောင်းကို ပို့လိုက်ကြပါတယ်။ လက်ရှိ အမှု ရင်ဆိုင်နေကြတာက အမျိုးသမီး ခုနှစ်ဦးနဲ့ အမျိုးသား ရှစ်ဦးပါ။

ဒီလူတွေဟာ အလုပ်အကိုင်နဲ့ သွားလာရေးတွေ ကန့်သတ်ခံရလို့၊ စားဝတ်နေရေး ကျပ်တည်းတာကြောင့် ပွဲစားကို တစ်ယောက်ကို ဆယ်သိန်းဝန်းကျင်ပေးပြီး ထွက်လာကြသူတွေလည်းပါတယ်လို့ ရှေ့နေ ဒေါ် သဇင်မြင့်မြတ်ဝင်းက ပြောပါတယ်။

ပွင့်လင်းရာသီရောက်တဲ့အခါ ရိုဟင်ဂျာတွေဟာ ရခိုင်ပြည်နယ်ကနေ ထွက်ခွာပြီး နိုင်ငံရပ်ခြား၊ ဒါမှမဟုတ် ရန်ကုန်ကို တက်လာကြတာ ပုံမှန်ဖြစ်လို့ ဖမ်းဆီးခံရတာလည်း များတယ်လို့ မွတ်စလင်အရေးလှုပ်ရှားသူ ဦးသာအေးက ပြောပါတယ်။

ဖမ်းဆီးခံနေရတဲ့ ပြသနာကို ရှင်းပေးဖို့ဆိုရင် ရိုဟင်ဂျာတွေကို အစိုးရ အခြေခံလူ့အခွင့်ရေးပေးဖို့ လိုအပ်တယ်လို့ ဦးသာအေးက ပြောပါတယ်။

ရှေ့နေ ဒေါ်သဇင်မြင့်မြတ်ဝင်းကလည်း ၂၀၁၉ ဒီဇင်ဘာကနေ ဖေဖော်ဝါရီလအထိ သူတစ်ယောက်တည်း လိုက်ပါကူညီဆောင်ရွက်နေရတာ အယောက် ၁၀၀ ကျော်ရှိတယ်လို့ ပြောပါတယ်။ မင်းလှ လဝက ဦးစီးမှူး ကလည်း ဖမ်းဆီးရရှိတာ လူ ၃၀၀ ဝန်းကျင်ရှိတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ရိုဟင်ဂျာအများစုဟာ မြန်မာနိုင်ငံသား မှတ်ပုံတင် မရကြပါဘူး။ ၁၉၄၈ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ကနေ ရခိုင်ပြည်နယ်မြောက်ပိုင်းကို ရောက်ရှိလာကြတဲ့ ဘင်္ဂလီတွေအဖြစ် အစိုးရကသတ်မှတ်ထားလို့ ၁၉၈၂ မြန်မာနိုင်ငံသား အက်ဥပဒေအရ နိုင်ငံသားကတ် မရရှိကြပါဘူး။

ရိုဟင်ဂျာတွေကတော့ ဘင်္ဂလီလို့ သတ်မှတ်တာကို သဘောမတူကြပါဘူး။ ဒါကြောင့် အစိုးရက လက်ရှိ ထုတ်ပေးတဲ့ NV card ခေါ် နိုင်ငံသားစိစစ်ခံရမယ့်သူ သက်သေခံကတ်ပြားကိုလည်း မယူကြပါဘူး။

လူဦးရေတစ်သန်းကျော်ရှိတဲ့ ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာအများစုဟာ ၂၀၁၂ ရခိုင်၊ ရိုဟင်ဂျာ ပြသနာ ဖြစ် ပြီးနောက်ပိုင်းမှာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြရပါတယ်။ အခု မင်းလှမှာ အဖမ်းခံရသူတချို့ဟာ ဒုက္ခ သည်စခန်း ဒါမှမဟုတ် ရွာတွေကနေ ထွက်ခွာလာကြသူတွေပါ။

ဒီလ အစောပိုင်းထဲမှာပဲ ပုသိမ်မြို့နယ် ပေါက်လှကျိုင်မှာလည်း လှေစီးဒုက္ခသည် ၄၈ ယောက်၊ လှည်းကူးမှာ ၁၄ ယောက် ရခိုင်က ထွက်လာလို့ အဖမ်းခံခဲ့ရပါတယ်။
 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */