ရိုဟင်ဂျာ ဒုက္ခသည်တွေကို နေရာသစ်မှာ ပြောင်းရွှေ့ထားဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ အချိန်အတော် ကြာ ကတည်းက စီစဉ်နေတာ ဖြစ်ပေမဲ့ မုတ်သုန်ရာသီမှာ ရေကြီးနိုင်တဲ့ အန္တရာယ်ရှိတဲ့ နေရာမှာ နေထိုင်ရမယ့် အစီ အစဉ်အပေါ် ဒုက္ခသည်တွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက စိုးရိမ်နေကြတာပါ။
ဒါပေမဲ့ အခုအခါ အစီအစဉ်ကို ဆိုင်းငံ့လိုက်ပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ကပ်ဘေးဒဏ် စီမံခန့်ခွဲရေးဆိုင်ရာအငယ် တန်းဝန်ကြီး Enamur Rahman ကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုအရ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်မှာ တိုးတက်မှု ရှိနေတာကြောင့် ပြောင်းရွှေ့နေရာချ ထားဖို့ထက် နေရပ်ပြန်နိုင်မယ့် သံတမန်ရေး ကြိုးပမ်းမှုတွေကို အာရုံစိုက် ဆောင်ရွက်သွားဖို့ ရှိ ကြောင်းလည်း ပြောဆိုခဲ့တာပါ။
၂၀၁၇ ခုနှစ်ထဲ ရခိုင်ပြည်နယ်က လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်;ရောက် အုပ်စုကို လိုက်လံရှင်းလင်းခဲ့တဲ့ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေနောက်ပိုင်း အိမ် နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လည် လက်ခံရေး မြန်မာ အစိုးရက ဘင်္ဂလားဒေ့ရှ်နဲ့ရော၊ ကုလသမဂ္ဂနဲ့ပါ နားလည်မှု စာချွန်လွှာတွေ သီးခြားလက်မှတ် ရေးထိုး ထား ပါတယ်။
ဒါပေမဲ့လည်း ဒုက္ခသည်တွေရဲ့ အခြေခံအခွင့်အရေးတွေနဲ့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေနဲ့အတူ နေရပ်ပြန် ပို့ရေး အစီအစဉ်တွေ အထမမြောက်ပဲ ဖြစ်နေတာပါ။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် လက်မခံတဲ့ မြန်မာအစိုးရကတော့ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ အသင့်ရှိကြောင်း ပြောဆို ထားပြီး၊ ကိုယ့်သဘောဆန္ဒနဲ့ နေရပ်ပြန်လာသူ ရာဂဏန်းအထိ ရှိနေပြီလို့လည်း သတင်းထုတ်ပြန်ထားပါ တယ်။
Link : Here
No comments:
Post a Comment