ရခိုင်ပြည်နယ် မြောက်ပိုင်း နယ်စပ်ဒေသ မောင်တောမြို့နယ်မှာ ဖေဖော်ဝါရီ ၁၉ ရက် မနက် ၈ နာရီကျော် လောက်မှာ အာဆာနဲ့ နယ်ခြားစောင့်တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
အဲဒီ့တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့နေရာဟာ မောင်တောမြို့နယ် မြောက်ပိုင်းဒေသ တောင်ပြိုလက်ဝဲမြို့ကို သွား တဲ့လမ်းမှာ ရှိတဲ့ မီးတိုက်ကျေးရွာအနီး မိုင်တိုင် ၃၉ နဲ့ ၄၀ အကြားမှာ ဖြစ်ပွားခဲ့ကြတာ ဖြစ်တယ်လို့ ဒေသ ခံတွေဆီက သိရပါတယ်။
လက်နက်ကြီး၊လက်နက်ငယ် ပစ်ခတ်မှုတွေ ရှိခဲ့ပြီး ၁၀ နာရီကျော်လောက်မှာတော့ ပစ်ခတ်သံတွေ ရပ်စဲ သွားခဲ့ကြောင်း ဒေသခံတွေရဲ့ ပြောဆိုချက် အရ သိရပါတယ်။
"ဖြစ်တာတော့ဟုတ်တယ်ဗျ။ ဒီမနက်ပိုင်းက ဖြစ်တာပါ။ နယ်ခြားစောင့်တပ်နဲ့ ဖြစ်တာဆိုတော့ ကျွန်တော်တို့ ကလည်း အဲ့ဒီအခြေအနေတွေကို မသိလို့ နယ်ခြားစောင့်ကပဲ ပြောနိုင်မှာဖြစ်ပါတယ်"လို့ ဦးစိုးအောင်က ပြောပါတယ်။
မောင်တောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းကလည်း တိုက်ပွဲဖြစ်ပွားတာ မှန်ကန်ကြောင်းနဲ့ မီးတိုက်ကျေးရွာအနီး နယ်စပ် နေရာတွေမှာ ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပြီး တခြားအချက်အလက်တွေကို စုံစမ်းလို့ မရနိုင်သေးဘူးလို့ ဆိုပါတယ်။
အာဆာ အကြမ်းဖက်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသ ဖြစ်တဲ့ မောင်တောမြို့နယ်အတွင်းမှာဝင်ရောက် လှုပ်ရှားနေတာတွေ ရှိနေပြီး အခုလိုမျိုး ကြိုကြားကြိုကြား တိုက်ပွဲဖြစ်ပွားတာတွေ ရှိလာနိုင်တယ်လို့ ဒေခံ တွေက ဆိုပါတယ်။
Link : Here
No comments:
Post a Comment