Wednesday, February 19, 2020

လူကယ်ပြန်ဝန်ကြီး စီးနင်းလိုက်ပါလာသည့် စစ်ရဟတ် ယာဉ် ပစ်ခတ်ခံရ

ဧရာဝတီ
ထက်နိုင်ဇော်
19 February 2020
ရခိုင်ပြည်နယ် ခရီးစဉ်တခုတွင် တွေ့ရသည့် တပ်မတော် ရဟတ်ယာဉ် / ကျော်ခ / ဧရာဝတီ

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် ရခိုင်ပြည် နယ် ဝန်ကြီးချုပ် ဦးညီပုတို့ စီးနင်းလိုက်ပါသွားသည့် တပ်မတော် ရဟတ်ယာဉ်သည် ယနေ့ နံနက်ပိုင်းက ဘူးသီးတောင်မြို့ အနီးတွင် လက်နက်ငယ်ဖြင့်အပစ်ခံခဲ့ရကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ချုပ် ဇော်မင်းထွန်းက အတည်ပြု ပြောသည်။

“စစ်တွေကနေ ဘူးသီးတောင်ကို အသွား ၁၀ နာရီ ၄၅ မိနစ် လောက်မှာ အပစ်ခံရတယ်။ ရဟတ်ယာဉ် ဝမ်းဗိုက်ကို ၂ ချက် အပစ်ခံရတယ်။ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိပါဘူး”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြော သည်။

ဒေါက်တာ ဝင်းမြတ်အေးသည် ဘူးသီးတောင်-မောင်တော ဒေသသို့ မကြာခဏ သွားရောက်လေ့ ရှိသူတဦး ဖြစ်ပြီး သွားရောက်သည့် အခါတိုင်းတွင်လည်း တပ်မတော် ရဟတ်ယာဉ်ကို အသုံးပြုလေ့ ရှိကြောင်း၊ အပစ်ခံရ သည့် ရဟတ်ယာဉ်သည် ယနေ့ ညနေ ၃ နာရီတွင် စစ်တွေမြို့သို့ ပြန်လည် ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရ သည်။

“အဲဒီရဟတ်ယာဉ်က ဘူးသီးတောင်ကနေ စစ်တွေကို ပြန်ရောက်ပြီ။ ညနေ ၃ နာရီမှာ ရောက်တယ်။ ဘာထိ ခိုက်မှုမှ မရှိ ဘူး။ AA အနေနဲ့က ရဟတ်ယာဉ်တွေကို ရွာထဲကနေပြီးတော့ ပစ်ခတ်နေကြပါ။ ရွာသားအေ ယာင် ဆောင်ပြီး ရွာထဲမှာပဲ ရှိတယ်။ ရဟတ်ယာဉ် ပျံတာနဲ့ မှီမှီ၊ မမှီမှီ လိုက်ပစ်နေကြပါ”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ဒေါက်တာ ဝင်းမြတ်အေးသည် NLD အစိုးရလက်ထက်တွင် အလုပ်လုပ်ဆုံး ဝန်ကြီး အဖြစ် နာမည်ကောင်း ရသူ တဦး ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ပဲခူးတိုင်း၊ အမျိုးသား လွှတ်တော်နေရာအတွက် ရွေးကောက် ခံရသူ ကိုယ်စားလှယ် တဦးလည်း ဖြစ်သည်။

၎င်းဝန်ကြီး ဖြစ်လာသည့် နောက်ပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရခိုင်ပြည်နယ် အရေး ကော်မတီများတွင် အဓိကနေရာမှ ပါဝင်ဆောင်ရွက်ရသူတဦးလည်း ဖြစ်သည်။

“ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျနော့်ဆီကို သတင်းရောက်လာတာတော့ မရှိသေးဘူး။ စစ်ဖြစ်နေတဲ့နေရာမှာ အ ထက်ကနေ တည့်တည့်ဖြတ်ပျံရင်တော့ ကျနော်တို့က နေ့တိုင်း ရဟတ်ယာဉ်နဲ့ အပစ်ခံနေရတော့ ပစ် လိုက်နိုင်တဲ့ အနေအထားတော့ ရှိတယ်။ ဒါပေမယ့် ပစ်၊ မပစ် ဆိုတာတော့ လောလောဆယ် ပြောလို့ မရသေးဘူး”ဟု AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */