နိရဉ္စရာ
ဖေဖေါ်ဝါရီ ၂/ ၂ဝ၂ဝ
ဖေဖေါ်ဝါရီ ၂/ ၂ဝ၂ဝ
၁၉၇၁ ခုနှစ် ဘင်္ဂလာဒေ့ရှ် လွတ်လပ်ရေး တိုက်ပွဲတွင် ပါဝင်ခဲ့သူ ရခိုင်အမျိုးသား ဦးမောင်ယိုင် (၆၇) နှစ်၏ အသုဘအား ဘင်္ဂလာဒေ့ရှ် နိုင်ငံတော်အလံတော် လွှမ်းခြုံပြီး နိုင်ငံတော် အခမ်းအနားအဖြစ်ဖြင့် သင်္ဂြိုလ် ခဲ့သည်ဟု သတင်းရရှိသည်။
ဦးမောင်ယိုင်သည် ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇား (ဖလောင်းချိပ်)ခရိုင် ဆည်ကြီး ဇာတိ ဖြစ်ပြီး ၁၉၅၃ ခုနှစ် ဧပြီ ၁၇ ရက်နေ့တွင် (ဘ) ဦးညိုသာ (မိ) ဒေါ်လှစိန်ဦး မွေးဖွားခဲ့သည်။ ပါကစ္စတန် အစိုးရအား တော် လှန်သည့် ဘင်္ဂလာဒေ့ရှ် လွတ်လပ်ရေး တိုက်ပွဲတွင် လူနည်းစု ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။
သူသည် ကော့စ်ဘဇားအထက်တန်းကျောင်း တက်ရောက်ပညာသင်ကြားပြီး ဘင်္ဂလာဒေ့ရှ် လွတ်လပ်ရေး တိုက်ပွဲအတွင်း ကော့စ်ဘဇားခရိုင်နှင့် စစ်တကောင်းတောင်တန်းနယ်တို့မှ ပါကစ္စန် စစ်တပ်အား တော်လှန် တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည်။
ဘင်္ဂလာဒေ့ရှ် အစိုးရမှ သူ့အား လွတ်လပ်ရေးသူရဲကောင်း (Freedom fighter) အဖြစ် အသိအမှတ်ပြုခဲ့ပြီး သူ့အား နိုင်ငံတော်မှ အထောက်အပံ့များကို ပေးအပ်ခဲ့သည်။
ဦးမောင်ယိုင်သည် ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီ ၂၉ ရက်နေ့က ကော့စ်ဘဇားဆေးရုံတွင် ကွယ်လွန်ခဲ့ပြီး ဖေဖော် ဝါရီ ၁ ရက်နေ့တွင် ကော့စ်ဘဇားလေယာဉ်ကွင်းအနီးရှိ ရခိုင်သင်္ချိုင်းတွင် နိုင်ငံတော် အခမ်းအနားဖြင့် သ င်္ဂြိုလ် ခဲ့သည်ဟု သိရသည်။
၎င်းအသုဘ အခမ်းအနားသို့ ဘင်္ဂလာဒေ့ရှ်ရဲတပ်ဖွဲ့ဝင်များ၊ ဘင်္ဂလာဒေ့ရှ် လွတ်လပ်ရေး တိုက်ပွဲအတွင်း ပါ ဝင်ခဲ့ကြသူများ၊ အစိုးရပိုင်းမှ တာဝန်ရှိသူများ၊ ရခိုင်လူမျိုးများ တက်ရောက်ခဲ့ကြသည်။
ဦးမောင်ယိုင်၏ အလောင်းတွင် ဘင်္ဂလာဒေ့ရှ် နိုင်ငံ အလံတော်အား လွှမ်းခြုံပြီး ရဲတပ်ဖွဲ့ဝင်များက သေနတ် များဖြင့် အောက်ချ အလေးပြုကာ သူ၏ နောက်ဆုံးခရီးတွင် ဂုဏ်ပြု ခဲ့ကြသည်။
ဘင်္ဂလာဒေ့ရှ်နိုင်ငံသည် ၁၉၇၁ ခုနှစ်တွင် ပါကစ္စလက်အောက်မှ လွတ်လပ်ရေး ရရှိခဲ့သည်။ ဘင်္ဂလာဒေ့ရှ်လွတ်လပ် ရေး တိုက်ပွဲအတွင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် နေထိုင်သူ ဘင်္ဂလီများသာမက ဟိန္ဒူ၊ ရခိုင်၊ ဘာရဝါ (မာရမာကြီး) စသည့် လူမျိုးပေါင်းစုံ ပါဝင်ခဲ့ပြီး လူပေါင်း ၃ သန်းကျော် အသက်ဆုံးရှုံးခဲ့ကြရသည်။
ဘင်္ဂလာဒေရှ့် လွတ်လပ်ရေး တိုက်ပွဲအတွင်း ပါဝင်ခဲ့ကြသူများအား Freedom Fighter (လွတ်လပ်ရေး အ တွက် တိုက်ပွဲဝင်သူများအဖြစ်) အသိအမှတ်ပြုကြပြီး ဂုဏ်ပြုကြသည်။

Link : Here
No comments:
Post a Comment