Saturday, February 1, 2020

အမေရိကန် အစိုးရက မြန်မာနိုင်ငံအပါအဝင် ခြောက်နိုင်ငံ ကို ခရီးသွားလာခွင့်ပိတ်ပင်မှုစာရင်းသို့ ထည့်သွင်း

ELEVEN
1 FEBRUARY 2020
REF: THE NEW YORK TIMES
ဇန်နဝါရီ ၃၁ ရက်တွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်သည် အလွန်တင်းကျပ်သည့် ခရီးသွားလာမှု ကန့် သတ်ချက်များကို ရင်ဆိုင်ရမည့် နိုင်ငံများစာရင်းထဲသို့ မြန်မာနိုင်ငံအပါအဝင် ခြောက်နိုင်ငံကို ထည့်သွင်း ခဲ့ ကြောင်း သိရသည်။

ယင်းစာရင်းတွင် မြန်မာနိုင်ငံအပြင် အာဖရိက၏ လူဦးရေအများဆုံး နိုင်ဂျီးရီးယား၊ အခြားအာဖရိက နိုင်ငံ များဖြစ် ကြသည့် အီရစ်ထရီးယား၊ ဆူဒန် နှင့် တန်ဇန်းနီးယား၊ ဆိုဗီယက်ယူနီယံ၌ ပါဝင်ခဲ့သည့် ကာဂျစ္စတန် တို့ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ဘဂါင်္လီ(မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) မွတ်စလင်များသည်လည်း ယင်းစာရင်း၌ ကြားညှပ် ပါဝင် သွားကြောင်း သိရသည်။ ယခုပိတ်ပင်ခံရသည့် ခြောက်နိုင်ငံစလုံးသည် မွတ်စလင်များ အများအပြားနေထိုင် သည့် နိုင်ငံများဖြစ်ကြသည်။

ယခုအခါ ခရီးသွားလာခွင့် ပိတ်ပင်ထားသည့် ယင်းစာရင်း၌ စုစုပေါင်း ၁၃ နိုင်ငံ ရှိသွားပြီ ဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၌ နေထိုင်ရန် ကြိုးပမ်းသူများကို ထုတ်ပေးသည့် ရွှေ့ပြောင်းအခြေချဗီဇာများအား နိုင်ဂျီးရီးယား၊ မြန်မာ၊ အီရစ်ထရီးယားနှင့် ကာဂျစ္စတန် တို့ကို ပိတ်ပင်မည်ဖြစ်သည်။ တစ်နှစ်လျှင် လူပေါင်း ၅၀,၀၀၀ အထိအား ဂရင်းကတ် ထုတ်ပေးသည့် DV ဗီဇာမှတစ်ဆင့် အမေရိကန်ပြည်ထောင်စုသို့ဝင်ရောက် မည့် ဆူဒန်နှင့် တန်ဇန်းနီးယား နိုင်ငံတို့မှ ရွှေ့ပြောင်းအခြေချသူများကိုလည်း ပိတ်ပင်ထားမည်ဖြစ်သည်။

ယခု ကြေညာချက်သည် ဖေဖော်ဝါရီ ၂၂ ရက်၌ စတင်သက်ဝင်မည်ဖြစ်သည်။ အဆိုပါနေ့မတိုင်မီ ဗီဇာရရှိ ထားသည့် ရွှေ့ပြောင်းအခြေချသူများအနေဖြင့် အမေရိကန်ပြည်ထောင်စုသို့ ခရီးသွားလာခွင့်ရှိဆဲ ဖြစ် သည်ဟု သက်ဆိုင်ရာအာဏာပိုင်များက ပြောကြားခဲ့သည်။ ကျောင်းသားများနှင့် ယာယီ အလုပ်လုပ်မည့် သူအချို့ အပါအဝင် ရွှေ့ပြောင်းအခြေချမဟုတ်သည့် ဗီဇာများအပြင် အထူးကျွမ်းကျင်အဆင့်ဖြင့် လုပ်သား ဖြစ် နိုင်သူများအတွက် လျာထားသည့် ဗီဇာများသည် ယခု ပိတ်ပင်မှု၏ သက်ရောက်ခြင်းကို ခံရမည်မဟုတ် ပေ။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက Facbook တွင် ဖော်ပြထားချက်အရလည်း ကျောင်း တက် ရန်၊ အလည်အပတ်သွားရန် သို့မဟုတ် စီးပွားရေးကိစ္စသွားရောက်ရန်တို့ အပါအဝင် ရွှေ့ပြောင်းအခြေ ချမှု မဟုတ်သည့် ဗီဇာများထုတ်ပေးခြင်းအပေါ် သက်ရောက်မည်မဟုတ်ကြောင်း သိရသည်။

ရွှေ့ပြောင်းအခြေချများအနေဖြင့် အဆိုပါကန့်သတ်ချက်များမှနေ၍ လျှော့ပေါ့ပေးရန် လျှောက်ထားနိုင်လိမ့် ဟု ဆိုသည်။ ယင်း သက်ညှာခွင့်ကို အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်ခြင်း ငြင်းဆိုခံရပါက အလွန် ဒုက္ခ တွေ့ကြုံရနိုင်သူများအတွက် ထုတ်ပေးမည်ဖြစ်ကြောင်း အမေရိကန်အစိုးရက ပြောကြားထားသည်။ သို့သော် ယင်းလုပ်ငန်းစဉ်သည် ပွင့်လင်းမြင်သာမှုမရှိဟု ဝေဖန်မှုများ ရှိနေသည်။

မွတ်စလင်အများစု နေထိုင်သည့် နိုင်ငံများမှနေ၍ ဝင်ရောက်မည့်သူများကို ကန့်သတ်ရန် ၂၀၁၇ ခုနှစ်တွင် သက်ဝင်ခဲ့သည့် ပိတ်ပင်မှုနှင့် ပတ်သက်၍ ယင်းနိုင်ငံများအနေဖြင့် အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက် ရန် လုံခြုံ ရေးဆိုင်ရာ လိုအပ်ချက်များ ပြည့်မီအောင် ပြုလုပ်ရန် လိုအပ်ပြီး သို့မဟုတ်ပါက ကန့်သတ်ချက် များကို ဆက်လက်ရင်ဆိုင်ရမည်ဖြစ်ကြောင်း အမေရိကန် အစိုးရက အခိုင်အမာပြောကြားထားသည်။

နိုင်ငံပေါင်း ခုနစ်နိုင်ငံမှ လူပေါင်း ၁၃၅ သန်းကျော်အပေါ် သက်ရောက်ခဲ့နှင့်ပြီးဖြစ်သည့် ကန့်သတ်ချက်များ ကို ထပ်မံတိုးချဲ့လိုက်ခြင်းသည် အမေရိကန်ပြည်ထောင်စု၌ ပြန်လည်အခြေချရန်၊ အလုပ်ရှာဖွေရန်နှင့် မိ သား စုများနှင့် ပြန်လည်ပေါင်းစည်းရန်တို့အတွက် လာမည့်နှစ်၌ ရောက်ရှိလာနိုင်သည့် ရွှေ့ပြောင်း အခြေ ချသူ ၁၂,၃၀၀ ကျော်ကို ဟန့်တားဖွယ် ရှိနေသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */