VOA
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုလုပ်ရပ်တွေ ဆက်ပြီး မဖြစ်အောင် တားဆီးရေး ကြားဖြတ်လိုက်နာ ဆောင်ရွက်ရမယ့် အချက်တွေ ICJ တရားရုံးက ချမှတ်ခဲ့တဲ့အပေါ် ဘင်္ဂလား ဒေရှ့်နိုင်ငံ ကုတုပလောင် ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာဒုက္ခသည်တွေ ကြိုဆိုနေကြပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
24 ဇန်နဝါရီ၊ 2020
စုမြတ်မွန်
24 ဇန်နဝါရီ၊ 2020
စုမြတ်မွန်
ရိုဟင်ဂျာ ဒုက္ခသည်များ ICJ ထုတ်လွင့်မှုကို ကြည့်ရှုနေစဉ် (ဓါတ်ပုံ- Azad Mohamed for VOA )
ခုလိုဆုံးဖြတ်ချက်ကြောင့် မြန်မာနိုင်ငံကို မကြာခင်ပြန်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြောင်း ရိုဟင်ဂျာဒုက္ခ သည် Azad Mohammed ကပြောပါတယ်။ ကြာသပတေးနေ့က ICJ တရားရုံးဆုံးဖြတ်ချက်ကိုဘယ်လိုစောင့် ကြည့်ခဲ့ကြသလဲလို့ Azad Mohammed ကို မစုမြတ်မွန်က မေးမြန်းတဲ့အခါ သူက ခုလိုစဖြေပါတယ်။
ရိုဟင်ဂျာဒုက္ခသည်များ ICJ ထုတ်လွင့်မှုကြည့်ရှုနေစဉ် (ဓါတ်ပုံ- Azad Mohamed for VOA )
Azad Mohammed။ ။ အရင်တုန်းက ကျနော်တို့ အရမ်းကို စိုးရိမ်ပါတယ်။ ကုတုပလောင် ဘင်္ဂလားဒေ့ရှ် ဒုက္ခ သည်စခန်းမှာ လိုင်းမရလို့ ။ ဒါပေမယ့် ICJ အသံလွှင့်တဲ့အချိန်မှာ ကျနော်တို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းမှာ လိုင်းမိပါတယ်။ အဲဒါကြောင့် ကျနော်တို့က လိုင်းဖုန်းကနေ တိုက်ရိုက်တဆင့် ကြည့်ရပါတယ်။ အဲဒါအတွက် အရမ်းကို ပျော်မိပါတယ်။
မစုမြတ်မွန်။ ။ စခန်းထဲကရော ကို Azad Mohammed နဲ့ အတူ ကြည့်ကြလား။ ကြည့်တဲ့သူတွေက သူတို့ တခြားစခန်းထဲမှာရှိတဲ့သူတွေရဲ့ တုံ့ပြန်ချက်ကရော ဘယ်လိုရှိသလဲရှင့်။
Azad Mohammed။ ။ ဟုတ် ကျနော်တို့ ကြည့်နေတဲ့အချိန်မှာ လူအများစုရုံးလာကြတယ်။ အဲဒီအချိန်မှာ လူတွေက အရမ်းကို ဝမ်းသာပါတယ်။ ထွက်လာတဲ့စကားလုံးတွေကိုလည်း ကျနော်တို့ မယုံတယုံဖြစ်နေ ပါတယ်။ ကျနော်တု့ိ ယုံကြည်တာက အမှန်တရားက ဖုံးကွယ်လို့ မရဘူး ဆိုတဲ့ စကားလုံးကို ကျနော်တို့ အရမ်းသတိရမိပါတယ်။
မစုမြတ်မွန်။ ။ အဲဒီတော့ တရားရုံးဆုံးဖြတ်ချက် ၄ ချက် ကိုရော ဘယ်လိုနားလည်သလဲ။
Azad Mohammed။ ။ အဲဒီ ၄ ချက်လုံးကိုရော သဘောပေါက်လား။ ဟုတ် အဲဒီ ၄ ချက်လုံးကို ကျနော်တို့ သဘောပေါက်ပါတယ်။ အဲဒီ ၄ ချက်လုံးကို ကျနော်တု့ိ သိရလို့ ကျနော်တို့ အရမ်ပီတိဖြစ်ပါတယ်။
မစုမြတ်မွန်။ ။ ဟုတ်ကဲ့ အဲဒီ ၄ ချက်ထဲမှာ ဘယ်လိုအချက်တွေကို အဓိက အရင်လုပ်စေချင်သလဲ။
Azad Mohammed။ ။ အဲဒီ ၄ ချက်ထဲမှာ အဓိကတော့ ဦးစားပေးစေချင်တာက ဘာလဲဆိုတော့ မြန်မာ အစိုးရ၊ စစ်တပ်နဲ့ တခြားလက်နက်ကိုင် တပ်ဖွဲ့တွေက Genocide ကျူးလွန်နေတဲ့အခြေအနေကို အမြန် ဆုံးရပ်တန့်ပေးဖို့က ကျနေ်ာတို့ အရမ်းလိုနေပါတယ်။
မစုမြတ်မွန်။ ။ ICJ တရားရုံးဆုံးဖြတ်ချက် သတ်မှတ်ချက်တွေပေါ့လေ အဲဒါတွေကြောင့်မို့လို့ ကို Azad အပါအဝင် စခန်းထဲမှာရှိနေတဲ့ လူတွေအားလုံး သူတို့ ဘယ်လိုမျှော်လင့်သလဲ ဘာတွေဖြစ်လာမယ်လို့ မျှော်လင့်ထားသလဲရှင့်။
Azad Mohammed။ ။ ICJ ရဲ့ ဆုံးဖြတ်ချက်အပေါ် ကျနော်တို့က ဒီ ဒုက္ခသည်စခန်းကနေ အမြန်ဆုံးထွက် နိုင်မယ်လို့ မျှော်လင့်နေပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံ ကုတုပလောင် ဒုက္ခသည်စခန်းထဲက ကို Azad Mohammed ကို မစုမြတ်မွန်က ဆက် သွယ်မေးမြန်းခဲ့တာပါ။

Link : Here
No comments:
Post a Comment