နိုင်ငံတကာတရားရုံး အိုင်စီဂျေက ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုက အကာအကွယ်ပေးရမယ့် အ ချက် အပါအဝင် မြန်မာနိုင်ငံက လိုက်နာဆောင်ရွက်ရမယ့် အချက်လေးချက်ကို ချမှတ်လိုက်ပြီး တဲ့နောက် မြန်မာအနေနဲ့ လူမျိုးတုံး သတ်ဖြတ်မှုကို တားဆီးတဲ့ သဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီ ယာက စွပ်စွဲထားတဲ့ အမှုကို တရားရုံးမှာ ဆက်လက်ရင်ဆိုင်ဖြေရှင်းရမှာပါ။အဲဒီလို အမှုကို ဆက်ရင်ဆိုင်ရာမှာ ဖြတ်သန်းလုပ်ဆောင်ရမယ့် အလုပ်တွေ၊ လိုက်နာရမယ့် ဆောင်ရွက် ချက်တွေနဲ့ ဒါတွေကို ပျက်ကွက်ရင် ဘယ်လိုဖြစ်မလဲ၊ အမှုက ဘယ်အချိန်၊ ဘယ်လိုပြီးဆုံးနိုင် သလဲဆို တာ တွေကို Harvard Law School မှာ နိုင်ငံတကာ ဥပဒေတွေကို သင်ကြားပေးနေတဲ့ ကထိက ဒေါ်ရည်မွန် ထွန်းနဲ့ ဥပဒေ ပညာရှင် ဒေါက်တာမြင့်ဇံတို့ကို မေးမြန်ထားတာတွေထဲက ကောက်နုတ်တင်ပြလိုက်ပါတယ်။
ဒေါ်ရည်မွန်ထွန်း ဖြေကြားချက်
ကြားဖြတ်ဆုံးဖြတ်ချက်အပြီး ဘာဆက်ဖြစ်မလဲ
ပထမဆုံး ခုံရုံးက Provisional Measure ချပြီးသွားတဲ့အချိန်မှာ မြန်မာနိုင်ငံအနေနဲ့ လေးလအတွင်း ဘာ တာဝန်တွေ ယူနေလဲဆိုတာ ခုံရုံးကို တင်ပြပေးဖို့ တာဝန်ကျသွားပြီ။ အဲဒါပြီးရင် နောက်ထပ်ခြောက်လ တစ်ခါ ဘာတွေ လုပ်နေလဲဆိုတာ တင်ပြရလိမ့်မယ်။
အစိုးရအနေနဲ့ ဒီဟာကို မလိုက်နာဘူးဆိုရင် အိုင်စီဂျေရုံးရဲ့ အခြေခံ ဥပဒေအရ ခုံရုံးက လုံခြုံရေးကောင်စီကို ပို့လို့ရတယ်။
လုံခြုံရေးကောင်စီကနေ တာဝန်ကျေအောင် မြန်မာနိုင်ငံကို ပြန်ပြီး ဖိအားပေးလို့ရတဲ့ နည်းလမ်းတစ်ခု ရှိ တယ်။
ခုံရုံးနဲ့ တောင်းဆိုချက်ကို လိုက်နာအောင် တခြားနည်းလမ်းတွေ ရှိတယ်။
ဒါပေမဲ့ အိုင်စီဂျေတစ်မှုတင်ပဲ မဟုတ်ဘူး၊ အိုင်စီစီ (Internatioanl Criminal Court) မှာလည်း Deportation ပြည်တွင်းတစ်ခုကနေ ပထုတ်ခံထိတဲ့ Crime against huminity နဲ့ အမှုကလည်း စနေပြီ။
သေချာတာကတော့ နောက်တစ်ဆင့် ဖြစ်ရမှာကတော့ ဂမ်ဘီယာ အနေနဲ့ ဂျီနိုဆိုက် အမှုကြီး ကို ချိုးဖောက်လား မချိုးဖောက်လား ဆိုတာ တင်ပြဖို့ စပြင်ရတော့မယ်။
သူတို့ ပြင်ပြီးတဲ့ အချိန်ကျရင် သူတို့ပြင်တဲ့ စာရွက်စာတမ်းတွေကို မြန်မာနိုင်ငံရဲ့ ရှေ့နေတွေကို ပေးတွေ့မယ်။
မြန်မာနိုင်ငံက ရှေ့နေ့ကလည်း သူတို့ရဲ့ Case ကို ထပ်တစ်ဆင့် ပြန်တင်ပြမယ်။
အဲဒီနှစ်ခုစလုံးပြီးတော့မှ ခုံရုံးထဲရောက်မယ်။
ပြီးတော့ ခုံရုံးထဲမှာ စစ်ဆေးဖို့ကလည်း နှစ်ပေါင်းများစွာ ကြာနိုင်တယ်။
အိုင်စီဂျေအမှု အပြီးသတ်ဖို့ ဘယ်လောက်ကြာနိုင်သလဲ
တစ်မှုနဲ့ တစ်မှု ကွာခြားတယ်။
သေချာတာကတော့ တခြားအမှုတွေနဲ့ ယှဉ်ရင် အနည်းဆုံး ငါးနှစ်ကနေ ခုနစ်နှစ် လောက်တော့ ရှိနိုင်တယ်။ တစ်တိုင်းပြည်နဲ့ တစ်တိုင်းပြည် တင်ပြတာတွေလည်း ကွာခြားလိမ့်မယ်။
အမှုစီရင်ဆဲ ကြားကာလ အခြေအနေ
အမှုဖြစ်နေတဲ့ ကြားထဲမှာ နောက်တစ်ခါ အကြမ်းဖက်မှုပဲ ဖြစ်ဖြစ် ပြည်သူလူထုတွေကြားမှာ ဒီကိစ္စနဲ့ ရုတ်ရုတ်ဖြစ်တာပဲဖြစ်ဖြစ် အစိုးရအနေနဲ့ တာဝန်ကျေအောင် လုပ်ရတော့မယ်။
အဲလိုဖြစ်ရင် ဒီနိုင်ငံတာဝန်မကျေဘူး လုံခြုံရေးကောင်စီဆီသွားမလား ဒါမှမဟုတ် ခုံရုံးက တောင်းခိုင်းထား တာ အရေးယူဆို မယူဘဲနဲ့ ကျူးလွန်သူတွေကို ဒီအတိုင်းဆက်ပြီးတော့ အကြမ်းဖက်တာတို့ ဘာတို့ ပေးဖြစ် နေတယ်ဆိုရင်တော့ သေချာတာတော့ ခုံရုံးရော ကုလသမဂ္ဂမှာရော၊ လုံခြုံရေးကောင်စီလိုမျိုးမှာရော အရေး ယူလို့ရတယ်။
လူမျိုးတုံးသတ်ဖြတ်မှုမြောက်တယ်ဆိုရင် ဘယ်လိုအရေးယူသလဲ
တခြား နိုင်ငံတွေက တားမြစ်ပိတ်ဆို့တာတွေ ထပ်လာနိုင်တယ်။
လက်နက်ဝယ်ယူလို့မရနိုင်တော့တာ ဒါမှမဟုတ် လုံခြုံရေးကောင်စီကနေတဆင့် အိုင်စီစီအမှုကို ပိုကြပ် အောင် လုပ်တာတို့ နည်းလမ်းတွေ ထပ်လာနိုင်တယ်။ ဒါပေမဲ့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံအပေါ်မူတည်တယ်။
အပြည်ပြည်ဆိုင်ရာ လူ့အသိုင်းအဝိုင်းကနေလည်း ဘယ်လို နည်းလမ်းတွေ သုံးမလဲဆိုတာ မသိနိုင်ဘူး။
သေချာတာကတော့ ကြားဖြတ်အစီအမံဆုံးဖြတ်ချက်လည်း အရေးကြီးတယ်။ ပြည်တွင်းမှာ ဘယ်လိုလုပ်နေ သ လဲဆိုတာ စောင့်ကြည့်နေမယ်ဆိုတာ သေချာသွားပြီ။
လုံခြုံရေးကောင်စီရောက်ရင် ဘာဖြစ်မလဲ
လုံခြုံရေးကောင်စီကိုရောက်ရင် တားမြစ်ပိတ်ဆို့မှုတွေ လာနိုင်တယ်။
လုံခြုံရေးကောင်စီထဲက တိုင်းပြည်တွေပေါ်မူတည်ပြီး Diplomatic Sanctions တွေလာလို့ရတယ်။ အိုင်စီစီမှာ စနေတဲ့ အမှုကို ပိုကြီးသွားတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါက ဖြစ်နိုင်တာတွေ ဘယ်လိုဖြစ်မလဲဆိုတာတော့ စောင့်ကြည့်ရမယ်။
ဒေါက်တာမြင့်ဇံ ဖြေကြားချက်
အမှုကြီးကို ရောက်သွားရင် ဥပဒေကြောင်းအရ ဘာတွေလုပ်နိုင်မလဲ
Process က အစမဟုတ်တောင် အစဆန်ဆန် ပြန်တင်ရမယ်။
အခုက Jurisdiction စီရင်ပိုင်ခွင့် မရှိဘူး၊ Standing တရားစွဲပိုင်ခွင့် မရှိဘူး။ Dispute အငြင်းပွားမှု မရှိဘူး ဆိုတာ Provsional Measure နဲ့ ပတ်သက်ပြီး တင်တာ။
အခုဟာ ပင်မအမှုကြီးအတွက် ဒီလို ခပ်ဆန်ဆန် ပြင်တင်ရမယ်။
အမှုကို စီရင်ပိုင်ခွင့်မရှိဘူးလို့ မြန်မာက ကနဦး ကန့်ကွက်တာလုပ်နိုင်တယ်။
ဂမ်ဘီယာက ရေးသားလျှောက်လဲချက်တင်မယ်၊ အဲဒါပြီးရင် မြန်မာက ပြန်လှန်လျှောက်လဲချက် တင်နိုင် တယ်။
အဲဒါက လနဲ့ ချီကြာမယ်။
အမှုကြီးမှာ ဥပဒေကြောင်းအရ ဘယ်အချက်တွေက အဓိက ဖြစ်လာနိုင်မလဲ
မြန်မာဘက်က ပြောနိုင်တာက ဖျက်ဆီးရန် ရည်ရွယ်ချက် ရှိမရှိ Intent ကို ပြောနိုင်တယ်။
Link : Here
No comments:
Post a Comment