" သင့်၏ မိုဘိုင်းဖုံး ဘရော်စာတွင် www.rohingyanewsbank.com ကို ရိုက်၍ အလွယ်တကူ ဖတ်ရှု နိုင်ပါသည် "

Tuesday, January 28, 2020

မြ၀တီလီမိတက် အတွက် ကုန်သယ်ပေးတဲ့ ကန်ကုမ္ပဏီ ဒဏ်ရိုက်ခံရ

VOA
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန

အမေရိကန်အစိုးရရဲ့ ဒဏ်ခတ်ပိတ်ဆို့ခံရတဲ့ မြန်မာနိုင်ငံက Myawaddy Trading Limited (မြ၀တီ လီမိ တက်) ထံက သဲတွေကို စင်္ကာပူနိုင်ငံကို သယ်ဆောင်ပေးခဲ့တဲ့ အမေရိကန်အခြေစိုက် Eagle Shipping ကုမ္ပဏီဟာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ခံ Office of Foreign Assets Control - OFAC လို့ခေါ်တဲ့ အမေရိကန် နိုင်ငံရပ်ခြားငွေကြေးနဲ့ ပစ္စည်းပိုင်ဆိုင်မှု ထိန်းချုပ်ရေးဆိုင်ရာဌာနထံမှာ ဒေါ်လာ တစ်သန်းကျော် ဒဏ်ကြေးပေး ကြေအေးဖို့ သဘောတူလိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေး ဌာနက ဇန်န၀ါရီလ ၂၇ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်လွှတ်တော်က ချမှတ်ထားတဲ့ Burmese Sanctions Regulations ပါ ကန့်သတ် တားမြစ်ချက် ၃၆ ခုကို ချိုးဖောက်ပြီး ဒဏ်ခတ်အရေးယူခံထားရတဲ့ မြ၀တီလီမိတက်နဲ့ အမေရိကန်ပြည်ထောင်စု Connecticut ပြည်နယ်မှာ ဌာနချုပ်ဖွင့်ထားတဲ့ Eagle ရေကြောင်း ပို့ဆောင်ရေးကုမ္ပဏီက ထိတွေ့ ဆက်ဆံခဲ့ကြောင်း အ မေ ရိကန် အစိုးရထံမှာ ၀န်ခံပြောကြားခဲ့တာကြောင့် အမေရိကန်ဘဏ္ဍာရေးဌာနက ကုမ္ပဏီကို တရားစွဲခဲ့ တာ ဖြစ်ပါတယ်။ ကုမ္ပဏီဘက်က ကိုယ့်သဘောနဲ့ကိုယ် အဲဒီလို ၀န်ခံပြောကြားခဲ့တဲ့အတွက်လည်း ထိုက် သင့် တဲ့ အများဆုံး ဒဏ်ငွေ ၉ သန်းကနေ အဆင့်ဆင်လျော့ချပြီး နောက်ဆုံးမှာဒေါ်လာ ၁,၁၂၅,၀၀၀ နဲ့ ကြေအေးဖို့ သဘောတူလိုက်တာပါ။

အခုလို ဒဏ်ငွေပေးဆောင်စေတာဟာ မြ၀တီလီမိတက်နဲ့ပတ်သက်ပြီး သတိပေးချက်တွေကို ဂရုမစိုက် ခဲ့တာ၊ မြန်မာစစ်အစိုးရကို စီးပွားရေး အကျိုးမြတ်တွေ ဖြစ်ထွန်းအောင် လုပ်ဆောင်ပေးခဲ့တာ စတဲ့အချက် တွေကြောင့်လည်း ဖြစ်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနက ထုတ်ပြန်တဲ့ သဘောတူညီချက်မှာ ဖော်ပြ ထားပါတယ်။

မြန်မာစစ်ဘက်ရေးရာ အီးယူအရေးယူမှု တနှစ်ထပ်တိုးသတင်းကို ဖတ်ရှုနိုင်ပါပြီ။

စင်္ကာပူနိုင်ငံမှာ ကျွန်းဆောက်ဖို့အတွက် လိုအပ်တဲ့ အမေရိကန်ဒေါ်လာ နှစ်သန်းနီးပါး တန်ဖိုးရှိတဲ့ သဲတွေ ကို Eagle ရေကြောင်းပို့ဆောင်ရေးကုမ္ပဏီက မြ၀တီလီမိတက်ရဲ့ သဲတွေကို သယ်ယူပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ဆိပ်ကမ်းမြို့နယ်မှာ အခြေစိုက်တဲ့ မြ၀တီလီမိတက်ဟာ မြန်မာနိုင်ငံက လယ်ယာ ထွက် ကုန်ကနေ၊ ရေထွက်ပစ္စည်းနဲ့ သံမဏိအထိ ပြည်ပကို တင်ပို့ရောင်းချနေတဲ့ ကုမ္ပဏီဖြစ်သလို ပြည်ပ ကနေလည်း စက်ပစ္စည်းနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို တင်သွင်းနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

မြဝတီဘဏ်နဲ့ အဆက်ဖြတ်ကြောင်း Western Union အတည်ပြုသတင်းကို ဖတ်ရှုနိုင်ပါပြီ။

ဒီကိစ္စကို အမေရိကန်ဘဏ္ဍာရေးဌာနနဲ့ ပြေလည်အောင် ဆောင်ရွက်နိုင်တဲ့အတွက် ၀မ်းသာကြောင်း၊ သူတို့ ကုမ္ပဏီအနေနဲ့ ပြဌာန်းတဲ့ ဥပဒေတွေကို လေးစား လိုက်နာမှာဖြစ်ကြောင်း Eagle ရေကြောင်းပို့ဆောင် ရေး ကုမ္ပဏီက ဗွီအိုအေရဲ့ မေးမြန်းချက်ကို အီးမေးနဲ့ အကြောင်းပြန်ကြားခဲ့ပါတယ်။


လင့်၊https://burmese.voanews.com/a/us-treasury-fines-shipping-company-over-1-million-for-violationg-myanmar-sanction-/5262545.html

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */