သိန်းဇော် (မောင်တော)
စစ်တွေ၊ ဇန်နဝါရီ ၄ /၂၀၂၀
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှ နယ်ခြားစောင့်ရဲဝန်ထမ်းနှစ်ဦးအား စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က ယနေ့ ထုတ်ပြန်လိုက်သည်။
ဖမ်းဆီးရမိသူ ၂ ဦးမှာ ဘူးသီးတောင်မြို့နယ် သဇင်မြိုင်နယ်ခြားစောင့်ရဲစခန်းမှ တပ်ကြပ် အောင်ကျော်ကျော် (ကိုယ်ပိုင်အမှတ် - လ/၂၁၁၀၇၂)နှင့် တပ်သား ဝင်းမိုးသန်း (ကိုယ်ပိုင်အမှတ် -လ/၂၇၄၅၈၉)တို့ဖြစ် သည်။
ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၇ နာရီခန့်က သဇင်မြိုင်ကျေးရွာနှင့် ပြင်ရှည်ရွာကြား အရပ်ဝတ်ဖြင့်သွား လာ
နေ သည့် မသင်္ကာဖွေရာ လူ ၄ ဦးအား ခေါ်ယူစစ်ဆေးခဲ့ရာ အဆိုပါလူ ၄ ဦးတွင် ပါလာသည့် လက် နက်များ ဖြင့် ခုခံကာကွယ်မှုများပြုလုပ်သဖြင့် ၂ ဦးလွတ်မြောက်သွားပြီး ၂ ဦးဖမ်းဆီးရမိခဲ့ကြောင်း AA ၏ ဇန်နဝါရီလ ၄ ရက်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖမ်းဆီးရမိသည့် အဆိုပါ နယ်ခြားစောင့်ရဲဝန်ထမ်း၂ ဦးနှင့်အတူ စိတ်ကြွဆေးပြား(၁၂)ပြား၊ ရောင်းဝယ် ဖောက် ကားပြီး ရရှိထားသည့်ငွေ(၄၂၀၅၀၀၀)၊ လေးဆယ့်နှစ်သိန်း ငါထောင်ကျပ်၊ ကျည်ကာ ၁ ထည်၊ လက်ပစ်ဗုံး(၁)လုံး၊ လက်စွပ်(၁)ကွင်း၊ ဘဏ်ကဒ်(၁)ကဒ် တို့အား သိမ်းဆည်းရမိခဲ့သည်ဟု AA ၏ ထုတ် ပြန်ချက်က ဆိုသည်။
ထိုထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးအား နိရဉ္စရာ သတင်းဌာနမှ ယနေ့ညနေ ၆ နာရီ ၂၇ မိနစ်က တစ်ကြိမ်၊ ၇ နာရီ ၄၀ မိနစ်က တစ်ကြိမ် ၂ ကြိမ်တိုင်တိုင် ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။
ထွက်ပြေးလွတ်မြောက်သွားသူ ၂ ဦးမှာ ဒုရဲအုပ် နေဖြိုးနှင့် တပ်သား ပြည့်ဖြိုးဝေတို့ဖြစ်ပြီး ဒုရဲအုပ် နေဖြိုးမှာ စိတ်ကြွဆေးပြားများကို ရောင်းဝယ်ဖောက်ကားသည့် လုပ်ရပ်များတွင် ပါဝင်နေသူ တစ်ဦးဖြစ်သည်ဟု လည်း ထုတ်ပြန်ချက်က ဆိုသည်။
ဆက်လက်ပြီး အဆိုပါထုတ်ပြန်ချက်တွင် “၎င်းတို့ထွက်ဆိုချက်အရ ၎င်းတို့သည် နယ်ခြားစောင့်တပ်ရင်း(၃) ၊ဘူးသီးတောင်မြို့နယ်၊ တပ်ခွဲ(၂)၊ စေတီပြင်လက်အောက်ခံ"သဇင်မြိုင်ရဲကင်းစခန်း" မှဖြစ်ပြီး စိတ်ကြွဆေး ပြား များကို ရောင်းဝယ်ဖောက်ကားပြီး ရရှိသောငွေများကို သွားယူပြီးပြန်လာခြင်းဖြစ်ကြောင်း ထွက်ဆိုထား သည်။ ၎င်းတို့၏ နယ်ခြားစောင့်(၃) တပ်ရင်းမှူး "မြတ်စိုးကျော်"ကိုယ်တိုင် စိတ်ကြွဆေးပြားနှင့် မူးယစ်ဆေး ဝါး များသယ်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်းတွင် ပါဝင်ပတ်သက်နေပြီး ယခုမိမိတို့ဖမ်းဆီးရမိထားသူများ သည် လည်း စိတ်ကြွဆေးပြားကိုယ်တိုင် သုံးစွဲနေကြသူများဖြစ်ကြောင်းဝန်ခံထားပြီးဖြစ်သည်။ မိမိတို့အနေဖြင့် ၎င်းတို့ထွက်ဆိုချက်များအရ မူးယစ်ဆေးဝါးနှင့်ပါဝင်ပတ်သက်နေသည့်ကွင်းဆက်များကို ဆက်လက်ဖော် ထုတ်အရေးယူသွားမည်ဖြစ်သည်။” ဟု ရေး သားဖော်ပြထားသည်။
source: FB
No comments:
Post a Comment