Tuesday, January 7, 2020

ဘူးသီးတောင်မြို့နယ်တွင် ပေါက်ကွဲမှုကြောင့် ကလေးနှစ် ဦးသေ

Myanmar NOW
အောင်ငြိမ်းချမ်း
Published on Jan 7, 2020

မိုင်းထိ၍ ဒဏ်ရာရသူများအနက် ကလေး နှစ်ဦးမှာ ဆေးရုံကို ရောက်လာစဉ်ကတည်းက သေဆုံးနေခဲ့ပြီး ကျန် ကလေး ၃ ဦးမှာ ဒဏ်ရာပြင်းထန်သည့်အတွက် ဘူးသီးတောင်မှ မောင်တောဆေးရုံသို့ ပြောင်းရွှေ့ထား သည်ဟု ဆေးရုံအုပ်က အတည်ပြုထားသည်။

ဘူးသီးတောင်ဆေးရုံသို့ ရောက်ရှိလာသည့် ကလေးများအနက်မှ ကလေးငယ်တဦး။ (ဓာတ်ပုံ - ကောင်းမြတ်နိုင်(မောင်တော) )

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်တွင် ယနေ့မနက်က ပေါက်ကွဲမှုကြောင့် အနည်းဆုံး အ နည်းဆုံး ကလေး ၂ ဦး သေဆုံးပြီး၊ ၆ ဦး ဒဏ်ရာရသွားသည်ဟု ယင်းမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းအောင်သိန်းက Myanmar Now ကို ပြောသည်။

ပေါက်ကွဲမှုကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရသူများမှာ ထိပ်တူးပေါက်ရွာသားများဖြစ်ကြပြီး အသက် ၁၀ နှစ်ခန့် ယောက်ျားလေး ခုနစ်ဦး၊ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးတို့ မြို့နယ်ဆေးရုံသို့ မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် ရောက်လာကြောင်း၊ ကလေးနှစ်ဦးမှာ ဆေးရုံရောက်သည့်အချိန်တွင် သေဆုံးနေပြီဖြစ် ကြောင်း လွှတ်တော်အမတ်က ဆိုသည်။

“အသေးစိတ်တော့ မသိရသေးဘူး၊ ရွာနားက တောင်ပေါ်ကိုသွားတဲ့အချိန်မှာ မိုင်းပေါက်ပြီးထိတာလို့တော့ သိထားရတယ်” ဟု ဦးထွန်းအောင်သိန်းက ပြောသည်။

ပေါက်ကွဲမှုသည် မြေမြှုပ်မိုင်းကြောင့်လား၊ လက်နည်ကြီးကျည် ကျရောက်၍လား မသိရသေးပေ။

မွတ်စလင်အများစု နေထိုင်ရာ ထိပ်တူးပေါက်ရွာမှာ ဘူးသီးတောင်မြို့နယ်အရှေ့တောင်ဘက် ၈ မိုင်ခန့် အကွာတွင်ရှိပြီး ယခင်ကလည်း ရွာအတွင်း၊ လက်နက်ကြီးကျသည့် ဖြစ်စဉ်များလည်း ရှိခဲ့ဖူးသည်။

သေဆုံးသူနှစ်ဦးမှာ အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးနှင့် အသက် ၁၅ နှစ်အရွယ်တစ်ဦးတို့ဖြစ်ပြီး ဒဏ် ရာရသူများတွင် အသက် ၃၀ ခန့်ရှိသည့် အမျိုးသားတစ်ဦးနှင့် အသက် ၁၂ နှစ်အောက် ကလေး ၅ ဦး တို့ဖြစ် သည်ဟု ဘူးသီးတောင်မြို့နယ်ဆေးရုံအုပ် ဒေါက်တာစောမင်းသိန်းက Myanmar Now ကို အတည်ပြု သည်။

ဒဏ်ရာရသူ ၆ ဦးအနက် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၁၀ နှစ်ဝန်းကျင် ကလေး ၂ ဦး မှာ စိုးရိမ်ရသောကြောင့် မောင်တောဆေးရုံသို့ လွှဲပြောင်းပေးထားကြောင်း ၎င်းက ပြောသည်။

“ဒဏ်ရာရတဲ့သူတွေက လက်တို့ ခြေထောက်တို့ အသေးစားဒဏ်ရတွေရတယ်၊ မောင်တော လွှဲပေးလိုက် တဲ့သူတွေကတော့ ဗိုက်၊ ခေါင်းနဲ့ ကျောရိုးတွေမှာ ထိထားတာဆိုတော့ စိုးရိမ်ရတယ်” ဟု ဒေါက်တာစော မင်းသိန်းက ဆိုသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြားဖြစ်ပွားသည့် တိုက်ပွဲများအတွင်း ဘူးသီးတောင်မြို့နယ်အ တွင်း ရှိ မွတ်စလင်ကျေးရွာမျာထဲသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများနှင့် ဒဏ်ရာရမှုဖြစ်စဉ်များ လည်း မကြာခဏဖြစ်လေ့ရှိသည်။

ယမန်နှစ်က ဘူးသီးတောင်မြို့နယ် စိုင်းဒင်ချောင်းအနီးတွင် ဝါးခုတ်နေသည့် မွတ်စလင်များကို AA တပ် ဖွဲ့ဝင်များဟု မှားယွင်းကာ တပ်မတော်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ရွာသားအချို့ သေဆုံးခဲ့ဖူး သည်။

ရခိုင်လက်နက်ကိုင် AA နှင့် တပ်မတော်တို့အကြား တိုက်ပွဲများတွင် တပ်မတော်ဘက်က လက်နက်ကြီး အသုံးပြုမှုများအပြင် ရဟတ်ယာဉ်၊ တိုက်လေယာဉ်များသာမက မကြာသေးမီက တိုက်ပွဲများအတွင်း တိုက် ပွဲသုံးမောင်းသူမဲ့ယာဉ် (ဒရုန်း) ကိုပါ အသုံးပြုလာသည်ဟု AA က ပြောသည်။

 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */