VOA
ပြီးခဲ့တဲ့ ရက်ပိုင်းက ကော့သောင်းပင်လယ်ပြင်မှာ ဖမ်းမိတဲ့ မွတ်ဆလင်တွေကို စစ်တွေနဲ့ မောင်တော မြို့ နယ်သို့ အသီးသီးလွဲပြောင်းပေးခဲ့ပါတယ်။ အဲဒီထဲက ၁၇ယောက်ကို စစ်တွေမြို့ပေါ်ကို ပို့ဆောင်ပြီး အာဏာ ပိုင်တွေက စိစစ်ပြီး မိသားစုဝင်တွေဆီကို ပို့ဆောင်ထားပါတယ်။ ကျန်တဲ့ သူတွေကိုတော့ မောင်တော ငါးခူ ရ ဒုက္ခသည် စခန်းကို ပို့ဆောင်ထားပြီး အဲဒီထဲမှာ ဘင်္ဂလားဒေ့ရှ် က လူတွေ ပါဝင်တာကြောင့် စိစစ်ရေး လုပ် ငန်းတွေ လုပ်ဆောင်နေတယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ သတင်း ထောက် ကိုသက်နိုင်က တင်ပြထားပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
15 ဇန်နဝါရီ၊ 2020
သက်နိုင်
15 ဇန်နဝါရီ၊ 2020
သက်နိုင်
ဒီဇင်ဘာလတုန်းက ဖမ်းမိတဲ့ လှေစီးပြေးများ (သတင်းမှန်ပြန်ကြားရေးဆိုဒ်)
ပြီးခဲ့တဲ့ ရက်ပိုင်းက ကော့သောင်းပင်လယ်ပြင်မှာ ဖမ်းမိတဲ့ မွတ်ဆလင်တွေကို စစ်တွေနဲ့ မောင်တော မြို့ နယ်သို့ အသီးသီးလွဲပြောင်းပေးခဲ့ပါတယ်။ အဲဒီထဲက ၁၇ယောက်ကို စစ်တွေမြို့ပေါ်ကို ပို့ဆောင်ပြီး အာဏာ ပိုင်တွေက စိစစ်ပြီး မိသားစုဝင်တွေဆီကို ပို့ဆောင်ထားပါတယ်။ ကျန်တဲ့ သူတွေကိုတော့ မောင်တော ငါးခူ ရ ဒုက္ခသည် စခန်းကို ပို့ဆောင်ထားပြီး အဲဒီထဲမှာ ဘင်္ဂလားဒေ့ရှ် က လူတွေ ပါဝင်တာကြောင့် စိစစ်ရေး လုပ် ငန်းတွေ လုပ်ဆောင်နေတယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ သတင်း ထောက် ကိုသက်နိုင်က တင်ပြထားပါတယ်။
ကော့သောင်းပင်လယ်ပြင်မှာ ဖမ်းမိခဲ့တဲ့ လှေစီးပြေး ရိုဟင်ဂျာ ၁၇၂ ယောက်ထဲက ၁၇ ယောက်ကို စစ်တွေ မြို့သဲချောင်း ကျေးရွာကို ပို့ဆောင်ခဲ့ပြီး ကျန်တဲ့ ရိုဟင်ဂျာတွေကိုတော့ မောင်တော ငါးခူရ ပြန်လည်လက် ခံရေး စခန်းမှာ မြန်မာ အာဏာပိုင်တွေက စိစစ်ဆောင်ရွက်နေတယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူးက ဦးစိုးအောင်က ပြောပါတယ်။
“ကျနော်တို့ မောင်တော်ခရိုင်မှာ နေထိုင်မှု ရှိမရှိ။ မောင်တောမြို့ဆို မောင်တောပေါ့ဗျာ။ ဘူးသီးတောင်ဆို လည်း ဘူးသီးတောင်ပေါ့ဗျာ အဲဒီမှာ နေထိုင်ခြင်းရှိမရှိ အဲတာတွေကို စိစစ်ရတာပေါ့။ ဖြစ်စဉ်တွေထဲမှာ ပါ ဝင်ခြင်းရှိ၊ မရှိ စိစစ်တယ်။ အရင် ရဲတပ်ဖွဲ့မှာ အမှုဖွင့်ထားတာ ရှိ၊ မရှိစိစစ်တယ်။ အမှုဖွင့် ခံထားရတာတွေ ရှိရင်တော့ အမှုကို ရင်ဆိုင်ပြီးမှာ ပြန်ရှင်းရမှာပေါ့နော်။”
အဲဒီငါးခူရ ပြန်လည်လက်ခံရေးစခန်းမှာ စိစစ်နေသူတွေထဲမှာ ဘင်္ဂလားဒေ့ရှ် ဘက်က လူတွေ ပါဝင်တာ ကြောင့် သေသေချာချာ စိစစ်နေရပြီး အခုအချိန်ထိ ဘယ်နှစ်ယောက်ပါတယ်ဆိုတာကို မသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။
“ပါတယ်လို့တော့ ကြားတယ် အတိအကျတော့မသိရသေးဘူး ဒီမှာနေတာ မဟုတ်ဘူး ဘင်္ဂလားဒေရှ့်က ဆိုရင် တော့ ဘင်္ဂလားဒေရှ့်အစိုးရနဲ့ ကျနော်တို့က ဒီဘက်ကို ဝင်လာတဲ့ သူတွေရှိရင်လည်း ကျနော်တို့က စိစစ်ပြီး တော့ လဝကနဲ့ ပေါင်းပြီး အရေးယူပြီးသွားရင် နှစ်နိုင်ငံ ပြန်လွဲပြောင်းပေးတာပဲ။ အဲတာက ဒီဘက် နယ်စပ်မှာ လုပ် နေကြပဲ။လက်ရှိအချိန်မှာတော့ သူတို့အားကို ငါးခူရ စခန်းမှာပဲ ရှိသေးတယ်ဗျာ။ ဘင်္ဂလား ဒေရှ့် ပါ ၊ မပါဆိုတာ ကိုတော့ အတိအကျ မသိရသေးဘူး ကျနော်တို့ စိစစ်နေတုန်းပဲရှိသေးတယ်ဗျာ။”
စစ်တွေမြို့နယ် သဲချောင်း ကျေးရွာကိုတော့ ၁၇ ဦး ပို့ဆောင်ပေးခဲ့တာ ဖြစ်ပြီး သူတို့ကိုတော့ တာဝန်ရှိ သူတွေက စိစစ်ပြီး NVC ကဒ်တွေလုပ်ပေးခဲ့သလို သူတို့ရဲ့ မိသားစုဝင်တွေဆီသို့ လွှဲ ပြောင်း ပေးလိုက်ပြီလို့ သဲချောင်း အုပ် ချုပ်ရေးမှူး ဦးစံမြတ်ကျော်က ပြောပါတယ်။
“အဲဒီ ၁၇ ဦးထဲမှာ မိန်းကလေးက ၁၀ယောက် ၊ ယောကျာ်းလေးက ၇ ယောက် ဓားပိုင် ရွာသစ်က ၁၃ ယောက် အဲဒီလူတွေ အားလုံးကို သူတို့ရဲ့ အုပ်ထိန်းသူတွေ ဆီကိုပြန်အပ်လိုက်ပါပြီ။ သူတို့ကို NVC လည်း လုပ်ပေးလိုက်တယ်။ မြို့နယ် လဝက အဖွဲ့ကလေ သူတို့မှာ အရင်က ဘာအထောက်အထားမှမရှိဘူး။ NVC ကဒ်လည်းမရှိဘူးလေ။ အဲကြောင့် အဲဒီ NVC ကဒ် ကိုင်ခိုင်းတာပေါ့။”
ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာတွေကို ထုတ်ပေးတဲ့ NVC ကဒ်ဟာ သူတို့အမှန်တကယ် ရခိုင် ပြည်မှာ နေထိုင်တယ် ဆိုတဲ့ အသိအမှတ်ပြု ကဒ် ဖြစ်တယ်လို့လည်း သဲချောင်းအုပ်ချုပ်ရေးမှူးက ပြော ပါတယ်။
“ကဒ်ကိုင်ထားတဲ့ သူတွေက ဒီမှာနေထိုင်တဲ့ သူဖြစ်တယ်ဆိုပြီးတော့ အသိအမှတ်ပြုတာပေါ့။ နောက်ပြီး တော့ နိုင်ငံသား စိစစ်ရေးကဒ်တွေဘာတွေ လျောက်မယ်ဆိုရင်လည်း NVC ကဒ် ကိုင်မှ လျောက်လို့ရတာ ပေါ့။ မိဘအားလုံး ဒီမှာနေတယ် အဘိုးအဘွား အားလုံးဒီမှာနေတယ်ဆိုရင်တော့ နိုင်သားကဒ် လျောက်နေ ကြတာပဲ။”
ရခိုင်ပြည်နယ် မှာ ရှိနေတဲ့ ရိုဟင်ဂျာတွေဟာ ကန့်သတ်နယ်မြေတစ်ခုတည်းနဲ့ ကန့်တွေမှာ နေထိုင်ရတာ ကြောင့် အလုပ်အကိုင်အခွင့်အလမ်းရှားပါးပြီး စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒါ့ ကြောင့် မကြာခဏဆိုလို ပြည်ပ နိုင်ငံတွေကို ထွက်ပြေးနေကြရတာဖြစ်တယ်လို့ ရိုဟင်ဂျာအသိုင်းအဝိုင်းက ပြောဆိုကြပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ARSA အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်နောက်ပိုင်းတပ်မတော် နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့တာကြောင့် ရိုဟင်ဂျာ ၇သိန်းကျော်လောက် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေး သွားရတယ်လို့ ကုလသမဂ္ဂက ပြောဆိုထားပါတယ်။
မြန်မာအစိုးရ က ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံ ပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွား တဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့အတွက် ဘင်္ဂလားဒေ့ရှ်နဲ့ သဘောတူညီထားသလို ပြန်လည်လက်ခံ ရေး စခန်းတွေလည်း ဖွင့်လှစ်ပေး ထားတာ ဖြစ်ပါတယ်။
Link : Here

No comments:
Post a Comment