Saturday, January 18, 2020

မြန်မာ - တရုတ် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲကျင်းပ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့ တက်ရောက်ဆွေးနွေး

ပြည်ထောင်စုမြန်မာနိုင်ငံတော်
ပြန်ကြားရေးဝန်ကြီးဌာန
နေပြည်တော်  ဇန်နဝါရီ  ၁၈
မြန်မာ - တရုတ် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန် ဆောင်၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့ တက်ရောက်ဆွေးနွေးကြသည်။

နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များ NCA လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် ပါဝင်လာရေး၊ တရုတ်-မြန်မာ စီး ပွားရေးစင်္ကြံ ထူ ထောင်ရေး၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း၊ တရုတ်-မြန်မာ စီးပွားရေး ဇုန်နှင့် ရန်ကုန်မြို့သစ်စီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်ရေး၊ မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍ၊ လျှပ် စစ်ကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး၊ မြန်မာ့ထွက်ကုန်ပစ္စည်းများ တင်ပို့နိုင်ရေး၊ နှစ်နိုင်ငံ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီး မှု မြှင့်တင်ရေး၊ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနှင့် အေးအတူ ပူအမျှ အသိုက်အဝန်း ထူထောင်ရေး ဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြ သည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဦးကျော်တင့်ဆွေ၊ ဒေါက်တာဖေမြင့်၊ ဦးမင်းသူ၊ ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်၊ ဒေါက်တာသန်းမြင့်၊ ဦးသောင်းထွန်း၊ ဦးဟန်ဇော်၊ ဦးကျော်တင်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးသန့်ဖေနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့် သည်တော် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဝမ်ယိနှင့် အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင် ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်တို့ တက်ရောက်ကြသည်။

ဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတတို့သည် ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား နှစ်နိုင်ငံသဘောတူညီချက်၊ နား လည်မှုစာချွန်လွှာ နှင့် စာလွှာများ လဲလှယ်သည့် အခမ်းအနားသို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူသမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့ရှေ့မှောက်၌ “ကုန်ထုတ် စွမ်းအားနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှု မြှင့် တင်ရေးဆိုင် ရာ နားလည်မှု စာချွန်လွှာ” ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် တရုတ်နိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင် ပြောင်းလဲရေးကော် မ ရှင်ဥက္ကဋ္ဌ မစ္စတာ ဟယ်လိဖုန်းတို့က လည်းကောင်း၊ “ရွှေလီ-မူဆယ် နယ်စပ်စီးပွားရေးပူးပေါင်း ဆောင်ရွက် မှုဇုန်မူဘောင် သဘောတူစာချုပ် လုပ်ငန်းစဉ်များ လျင်မြန်တိုးတက်စေရေး နားလည်မှုစာချွန်လွှာ” ၊ “ကုန် သွယ် မှု မြှင့်တင်ရေး လုပ်ငန်းအဖွဲ့တည် ထောင်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ” နှင့် “အမှတ်(၂)စက်မှု သင်တန်းကျောင်း (မန္တလေး)အဆင့်မြှင့်တင်ရေးစီမံကိန်း အကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူ ညီ ချက်” တို့ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး မစ္စတာ ကျုံးရှန်း တို့ကလည်းကောင်း၊ “ရန်ကုန်ရဲကွပ်ကဲမှု ဗဟိုဌာနလွှဲပြောင်းခြင်း အထောက်အ ထားစာလွှာ”ကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေနှင့် တရုတ်နိုင် ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး မစ္စတာ ကျုံးရှန်း တို့က လည်းကောင်း၊ “မြန်မာနိုင်ငံရဲ တပ် ဖွဲ့သို့ ကင်းလှည့် ရေယာဉ် (၆)စီး ပေးအပ်မည့်စာလွှာ”ကို ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော် ဆွေနှင့် တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ဥက္ကဋ္ဌ မစ္စတာ ဝမ်းရှောင်ထောင်းတို့ကလည်းကောင်း၊ “(၃)နှစ်တာ နယ်စပ်ဒေသများ ဖွံ့ဖြိုးမှုစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှု ဆိုင်ရာစာလွှာ” ကို နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် တရုတ် နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ ဥက္ကဋ္ဌ မစ္စတာ ဝမ်းရှောင် ထောင်း တို့ကလည်းကောင်း အပြန်အလှန် လဲလှယ်ကြသည်။

ဆက်လက်၍ “တရုတ်အမျိုးသားရုပ်မြင်သံကြား၊ အသံလွှင့်ဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့အကြား ပူး ပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်” နှင့် “၂၀၂၀ လန်ချန်း-မဲခေါင် ရုပ်မြင်သံကြား သီတင်း ပတ်၏ “မြန်မာနေ့” ပူးတွဲကျင်းပရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ”တို့ကို ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် တရုတ်နိုင်ငံ အမျိုးသား ရေဒီယိုနှင့်ရုပ်မြင်သံကြားစီမံခန့်ခွဲရေးဝန်ကြီး မစ္စတာ ညှဲချန်းရှီး တို့က လည်းကောင်း၊ “မြန်မာနိုင်ငံမှ ဆန်ကို တရုတ်နိုင်ငံသို့ တင်ပို့ရန် စစ်ဆေးခြင်းနှင့် ပိုးမွှားကင်းစင်ရေး သဘောတူ စာချုပ်” ၊ “မြန်မာနိုင်ငံမှ အပူပေးစနစ်ဖြင့် ပြုပြင်ထုတ်လုပ်ထားသော ပိုး အိမ် ခြောက်များ တင်ပို့ခြင်းဆိုင်ရာ သဘောတူစာချုပ်”နှင့် “မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့မည့် ကျွဲ၊နွားများ အတွက် ထိန်းသိမ်းစောင့်ကြည့်ရေးနှင့် ကျန်းမာရေး လိုအပ်ချက်ဆိုင်ရာ သဘောတူ စာချုပ်” တို့ကို စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် မြန်မာနိုင်ငံဆိုင် ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင် တို့ကလည်းကောင်း၊ “စိုက်ပျိုးရေးထွက်ကုန် များ၏ အရည်အ သွေး ထိန်းချုပ်မှုဗဟိုဌာန စီမံကိန်းဆိုင်ရာစာလွှာ” နှင့် “စပ်မျိုးစပါး သုတေသနဗဟိုဌာန စီမံကိန်းဆိုင်ရာစာ လွှာ”တို့ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူနှင့် တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီဥက္ကဋ္ဌ မစ္စတာ ဝမ်းရှောင်ထောင်းတို့ကလည်းကောင်း အပြန်အလှန် လဲလှယ်ကြသည်။

ထို့နောက် “အတိုးမဲ့ချေးငွေဖြင့် လူစီးရထားတွဲများ ဝယ်ယူရေး သဘောတူစာချုပ်”ကို ပို့ဆောင်ရေးနှင့်ဆက် သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်း ရောင်း ဝယ်ရေးဝန်ကြီး မစ္စတာ ကျုံးရှန်း တို့ကလည်းကောင်း၊ “အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ”ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်း ရောင်း ဝယ်ရေး ဝန်ကြီး မစ္စတာ ကျုံးရှန်းတို့က လည်းကောင်း၊ “လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင် ရွက်ရေး နားလည်မှုစာချွန်လွှာ” ကို ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် တရုတ်နိုင်ငံ အပြည် ပြည် ဆိုင် ရာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီဥက္ကဋ္ဌ မစ္စတာ ဝမ်းရှောင်ထောင်း တို့က လည်း ကောင်း ၊ “ကွမ်းလုံတံတားစီမံကိန်း အကောင်အထည် ဖော်မှုဆိုင်ရာ သဘောတူညီချက်” ကို ဆောက် လုပ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီး မစ္စတာ ကျုံးရှန်း တို့ကလည်းကောင်း၊ “ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများအား ပြန် လည် နေရာချထားမှု အကောင်အထည် ဖော်ရေးဆိုင်ရာ စီမံကိန်းစာလွှာ”ကို လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် တရုတ် နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီဥက္ကဋ္ဌ မစ္စတာ ဝမ်းရှောင် ထောင်း တို့က လည်းကောင်း အပြန်အလှန် လဲလှယ်ကြသည်။

ယင်းနောက် “ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာ သဘောတူစာချုပ်”နှင့် “အစုရှယ် ယာများနှင့်သက်ဆိုင်သော သဘောတူစာချုပ်” တို့ကို စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် တရုတ်နိုင်ငံ CITIC Consortium Port Investment Limited ဥက္ကဋ္ဌ မစ္စတာ ချန်ကျန့်မင် တို့ကလည်းကောင်း၊ “မန္တလေးတိုင်းဒေသကြီးနှင့် ယူနန် ပြည်နယ်တို့အကြား မြန်မာ့စီး ပွားရေးစင်္ကြံ ပူးတွဲတည်ထောင်ရေး မူဘောင်အောက်မှ ဒေသန္တရအဆင့် ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ”ကို မန္တလေး တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူနှင့် တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ် ကော်မတီအတွင်းရေးမှူး မစ္စတာ ကျန်းကော်ဟွာ တို့က လည်းကောင်း၊ “ရန်ကုန်တိုင်းဒေ သကြီးနှင့် ယူနန်ပြည်နယ်တို့အကြား ချစ်ကြည်ရေးဆက်ဆံမှု တည်ထောင်ရေးဆိုင်ရာ နားလည်မှု စာချွန် လွှာ”ကို ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးနှင့် တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ် ကော်မတီအတွင်းရေးမှူး မစ္စတာ ကျန်းကော်ဟွာ တို့ကလည်းကောင်း၊ “ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ်စာလွှာ”ကို ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမောင် မောင်စိုးနှင့် China Communications Construction Company Ltd., ဥက္ကဋ္ဌ မစ္စတာ စုန့်ဟိုင်လျန် တို့က လည်းကောင်း၊ “နှစ်နိုင်ငံသံရုံးမြေနှင့် အဆောက်အအုံ အပြန်အလှန်ထောက်ပံ့ခြင်းဆိုင်ရာ သဘော တူညီ ချက်” နှင့် “နိုင်ငံခြားရေး ဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ နားလည်မှု စာ ချွန်လွှာ”တို့ကို နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန် ဦးစိုးဟန်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံ အမတ်ကြီး မစ္စတာချန်းဟိုင် တို့ကလည်းကောင်း၊ “တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ဓာတ်အား လိုင်းစီ မံကိန်း ဖြစ်မြောက်နိုင်စွမ်း လေ့လာမှု ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ”ကို လျှပ်စစ်နှင့် စွမ်း အင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးနှင့် တရုတ်နိုင်ငံ China South Power Grid ဘုတ် အဖွဲ့ဥက္ကဋ္ဌ မစ္စတာ မုံ့ကျန့်ဖျင် တို့က လည်းကောင်း၊ “နှစ်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်များ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နည်းလည်မှုစာချွန်လွှာ”ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင်တို့က လည်းကောင်း၊ “မန္တလေး-ထီးချိုင့်-မူဆယ် အမြန်လမ်းမကြီးနှင့် ကျောက်ဖြူ-နေပြည်တော် အဝေးပြေးလမ်းမကြီး စီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှု အစီရင်ခံစာ” ကို ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့်နှင့် တ ရုတ်နိုင်ငံ China Harbour Engineering Co.Ltd. ဥက္ကဋ္ဌ မစ္စတာ ထန်ချောင်န်လျန် တို့က လည်းကောင်း၊ “မူဆယ်-မန္တလေးရထားလမ်း ဖြစ်နိုင်ခြေလေ့လာမှုအစီရင်ခံစာ” ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်နှင့် တရုတ်နိုင်ငံ China Railway Engineering Company ဥက္ကဋ္ဌ မစ္စတာ ကျန်းကျုံးရန် တို့ကလည်းကောင်း အပြန်အလှန် လဲလှယ်ကြသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတ နိုင် ငံသမ္မတ မစ္စတာရှီကျင့်ဖျင်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။

ဂုဏ်ပြုနေ့လယ်စာစားပွဲအပြီးတွင်  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က တရုတ် ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်ထံ ခရီးစဉ်မှတ်တမ်း ဓာတ်ပုံအယ်လ်ဘမ်ကို ပေးအပ်သည်။

(သတင်းစဉ်)Link : Here























No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */