VOA
လွတ်လပ်သောစုံစမ်းစစ်ဆေးရေး ကော်မရှင် (ICOE) ရဲ့ အပြီးသတ် အစီရင်ခံစာ ထွက်ပေါ်အပြီးမှာ တပ်မတော်ဘက်က မှားယွင်း လုပ်ဆောင်ချက်တွေ အတွက် ဆက်လက် စုံစမ်း စစ်ဆေးသွားမယ်လို့ တပ်မတော်ဖက်က ပြောပါတယ်။
ဒါပေမယ့် အခုလို တပ်မတော် စစ်ခုံရုံးက စစ်ဆေးမှု လုပ်နေဆဲ ဘူးသီးတောင်မြို့နယ်ဂူတာပြင် လူသတ်ခံရမှု မှာတော့ ပွင့်လင်း မြင်သာမှု မရှိဘူးလို့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။
အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်း သတင်းပေးပို့ထားပါတယ်။
လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်(ICOE)ရဲ့ အပြီးသတ် အစီရင်ခံစာနှင့် စပ်လျဉ်းပြီး ရခိုင်ပြည်နယ်အ တွင်း တပ်မတော်က နယ်မြေတည်ငြိမ်မှုစစ်ဆင်ရေး ဆောင်ရွက်ရာမှာ ကွပ်ကဲမှု အဆင့်ဆင့်တွင် မှားယွင်းစွာ လုပ်ဆောင် သူများကို စုံစမ်းစစ်ဆေးရေးခုံရုံးက ဆက်လက် စုံစမ်းစစ်ဆေးသွားမယ်လို့ တပ်မတော်သတင်းမှန်ထုတ်ပြန်ရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။
“ကျွန်တော်တို့က (ICOE)အစီရင်ခံစာမထွက်ပေါ်မီတုန်းက နိုဝင်ဘာလ(၂၅) ရက်နေ့တုန်းက ကျွန်တော်တို့ထုတ်ပြန်ထား တဲ့ ထုတ်ပြန်ချက်တစောင်ရှိပါတယ်။ အဲတာကတော့ ဂူတာပြင် ကိစ္စနဲ့ပတ်သက်ပြီး သတင်စစ်ဆေးတော့မယ်ဆိုတဲ့ ထုတ် ပြန်ချက်ဖြစ်တယ်။ အဲဒီထုတ်ပြန်ချက်ရဲ့ နောက်ဆုံးအပိုဒ်မှာ (ICOE) နဲ့ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှုရှိတယ်။ (ICOE) အစီရင်ခံစာထွက်ပေါ်လာချိန်မှာလဲ ကျွန်တော်တို့ဥပဒေအရချိုးဖေါက်မှုအား နဲချက်တွေ ကျွန်တော်တို့အနေနဲ့ လုပ်ထုံး လုပ်နည်းအရစုံစမ်းစစ်ဆေးသွားပြီးတော့ကာ သက်သေခိုင်လုံရင် အ ရေးယူဆောင်ရွက်သွားဖို့လုပ်ပါမယ်လို့။
ဒီကြားထဲမှာ (ICOE)က မေပြီးတော့ တပ်မတော်မှာ သက်သေတွေ စစ်ဆေးလို့ရတယ်။ (ICOE)က ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ နောက်ပြီးရင် လိုအပ်တဲ့ အချက်အလက် အထောက်အထားတွေကို အပြည့်အဝဆောင် ရွက်ခဲ့တယ်။ နိုင်ငံတော်အစိုးရရှေ့နေ ချုပ်ရုံး ကနေပြီးတော့ တောင်းခံထားတဲ့ဟာတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။ သက်သေ အထောက်အထားခိုင်လုံတယ် ဆိုလို့ ရှိရင် စစ်တရားရုံးတက်ပြီးတာတွေ အရေးယူတာတွေဆောင် ရွက်သွားမှာဖြစ်ပါတယ်။ တပ်မတော်မှာလဲ နိုင်ငံတော် ကာ ကွယ်ရေး အတွက် နယ်မြေဒေသလုံခြုံရေး နယ်မြေလူထုလုံခြုံရေးဆောင်ရွက်တဲ့အခါမှာ စစ်မြေပြင်မှာ လက်တွေ့ဆောင် ရွက်တဲ့အခါမှာတော့ အမှားအယွင်းများရှိနိုင်တယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့က ဆောင်ရွက်ရမှာဖြစ်ပါတယ်။”
၂၀၁၈ ခုနှစ်၊ ဇူလိုင်က မြန်မာအစိုးရက ဖွဲ့စည်းပေးခဲ့တဲ့အဖွဲ့ဝင် ၄ ဦးပါ လွတ်လပ်သော စုံစမ်းရေးကော်မရှင်(ICOE) ရဲ့ အပြီးသတ် အစီရင်ခံစာကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၁ ရက် နေ့တွင် ထုတ်ပြန်ခဲ့ပါတယ်။
ယင်းကြေညာချက်မှာ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှ စက်တင်ဘာလ ၅ ရက်နေ့အတွင်း ရခိုင်ပြည်နယ် မြောက် ပိုင်းမှာ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဥပဒေမဲ့လုပ်ရပ်တွေကို တပ်မတော်၊ ARSA အပါ အဝင် အဖွဲ့အစည်း တွေက ကျူးလွန်ခဲ့ကြကြောင်း၊ ဒီအထဲမှာ တပ်မတော်သားတချို့ကလည်း ကျူးလွန်ခဲ့ပေမဲ့ အဆိုပါ သတ်ဖြတ်မှုနဲ့ နေအိမ်တွေကို ဖျက်ဆီးမှုတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် လုံလောက်တဲ့ သက်သေအထောက်အထား မတွေ့ရှိ ခဲ့ရကြောင်း ဖော်ပြထားပါတယ်။
တပ်မတော်အနေနဲ့ ဘုူးသီးတောင်မြို့နယ်ဂူတာပြင်ကျေးရွာဖက် သတ်ဖြတ်မှုနဲ့ပက်သက်လို့ စစ်ခုံရုံးဖွဲ့စစ်ဆေးဖို့ နိုဝင် ဘာလ(၂၅)ရက်နေ့က တပ်မတော်ဘက်ကထုတ်ပြန်ထားတာ ဖြစ်ပြီး နိုဝင်ဘာလကနေ ဒီဇင်ဘာလအ ထိ ဂူတာပြင်ဖြစ ်စဉ်နဲ့ပက်သက်ပြီးစစ်ဆေးနေတာ(၉)ကြိမ်ရှိပြီးလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောပါတယ်။
“နောက်ဆုံးအခြေအနေ ကတော့ကျွန်တော်တို့ တလခွဲလောက်မှာ(၉)ကြိမ် စစ်ဆေးခဲ့တယ်။ တရားလိုဘက်သက် သေများ စုံစမ်းစစ်ဆေးမှုပြီးဆုံးခါနီး ဖြစ်ပါတယ်။ ကျွန်တော်တို့ တရားခံဘက် သက်သေများ ဆက်လက်စစ်ဆေးမှာဖြစ်ပါတယ်။ စစ်ဆေးပြီးရင်တော့ ကျွန်တော်တို့ဒီ သာမန်တရားရုံးနဲ့ အတူတူပါဘဲဗျာ။ အပြန်လှန်ဆွေးနွေးတာတွေရှိတယ်။ ထပ်မံဆွေး နွေးတာတွေရှိတယ်။ ဒီအစုံအလင်ရပြီးဆိုရင်တော့ တရားရုံးရဲ့ဆုံးဖြတ်ချက်တွေထွက်လာပါလိမ့်မယ်။ အဲဒီအခါမှ ကျွန်တော်တို့ သတင်းထုတ်ပြန်တာတွေ ဆောင်ရွက်မယ်။”
ဘူးသီးတောင်မြို့နယ်က ဂူတာပြင် စစ်တရားရုံးကြားနာမှုကို ဘူးသီးတောင် နယ်မြေခံ တပ်ရင်းထဲမှာ ၂၀၁၉ နို ဝင်ဘာလ မှာ စတင်ခဲ့ပေမဲ့ မြန်မာစစ်တပ်ဘက်က ဘယ်သူဘယ်ဝါ ဘယ်နှစ်ဦး ကျူးလွန်ခဲ့တာ တရားလို တရားခံ ထွက်ဆိုချက်တွေကို တော့ ထုတ်ဖေါ်ခြင်းမရှိခဲ့ပါဘူး။
အဲဒီစစ်ဆေးမှုကို လာရောက်နားထောင်တဲ့ ဒေသခံ ၂၆၄ ယောက်ရှိ တယ်လို့လည်း တပ်မတော်က သတင်းထုတ်ပြန် ထားတာပါ။ ဒါပေမယ့် ဒီလို တပ်မတော်ရဲ့ ခုံရုံးစစ်ဆေးမှုမှာ ပွင့်လင်းမြင်သာမှု အားနည်း တယ်လို့ ဘူးသီးတောင်မြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။
“ဘယ်သူတွေ ဘယ်သူတွေပါလဲကျွန်တော်တို့မသိဘူး။ဒီစစ်ဆေးမှု၊ စုံစမ်းမှုတွေတင်ထဲမှာ ကျွန်တော်တို့ ပါဝင်ပူးပေါင်းဖို့ အတွက်ကို ကျွန်တော်တို့ကိုဖိတ်တာ မရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့က ထဲထဲဝင်ဝင် မသိပါဘူးဗျ။”
ရခိုင်ပြည်နယ်အတွင်း၂၀၁၇ခုနှစ်မှာ လူမျိုးဘာသာရေးအသွင်ဆောင်တဲ့ အကြမ်းဖက်မှု ပေါ်ပေါက်ခဲ့ပြီး ဩဂုတ် ၂၈ ရက်နေ့မှာ တပ်မတော်ဘက်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်တာမှာ ဂူတာပြင်ရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ (၂၀)နီးပါးသေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။
ဒီသေဆုံးမှုအတွက် "အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ် (ARSA)"နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲစဉ်အတွင်း ARSA တပ်ဖွဲ့ဝင် အလောင်း ၁၉ လောင်းကို တွေ့ရှိခဲ့ကြောင်း သမ္မတရုံးက အစောပိုင်းမှာ ထုတ်ပြန်ခဲ့ပေမယ့် ဂူတာပြင်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တချို့အတွက် စစ်တရားရုံးမှာ စစ်ဆေးစီရင်ရန် ပြင်ဆင်နေကြောင်း တပ် မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ကနေ ၂၀၁၉ခုနှစ် သြဂုတ်လကုန်ပိုင်းမှာ သတင်းထုတ်ပြန်ခဲ့တာပါ။
၂၀၁၇ ခုနှစ် တပ်မတော်က “နယ်မြေရှင်းလင်းရေး” လုပ်ဆောင်မှုအတွင်း မောင်တောမြို့နယ် အင်းဒင်ရွာမှာ မွတ်ဆလင် အမျိုးသား ၁၀ ဦးကို သတ်ဖြတ်ခဲ့တယ် ဆိုတဲ့ သတင်းထွက်ပေါ်လာတဲ့ အတွက် ပါဝင်ပက်သက်တဲ့သူတွေကို စစ်ခုံရုံးကနေ အရေးယူမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ သူတို့ကိုပြစ်ဒဏ်(၁၀)နှစ်ချမှတ်ခဲ့ပေမယ့် တပ်မ တော်ကာကွယ်ရေး ဦးစီးချူပ်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ တနှစ်မပြည့်ခင် ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
တပ်မတော်က“နယ်မြေရှင်းလင်းရေးလုပ်ဆောင်မှုအတွင်း ဒေသတွင်းမူဆလင်ဦးရေ(၇)သိန်းခန့် နေရပ်စွန့်ခွာတိမ်း ရှောင် နေကြတာပါ။ ဒေသခံမွတ်ဆလင်တွေ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ သုံးစွဲခေါ်ဝေါ်နေတာကိုမြန်မာအစိုးရက လက်မခံခဲ့ပေမဲ့ ဒီစစ် ပြေးဒုက္ခသည်တွေ နေရပ်ရင်း ပြန်နိုင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်။
လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ရဲ့ အပြီးသတ်အစီရင်ခံစာမှာ ဖော်ပြထားတဲ့ ရခိုင်ပြည်နယ် မှာဖြစ်ခဲ့တဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေအတွင်း ပစ္စည်းဥစ္စာဖျက်ဆီးခံရတာ ဒါမှမဟုတ် လုယက်တာ ဒါမှ မဟုတ် အရပ်သားတွေက ကျူးလွန်ခဲ့တဲ့ တခြားရာဇဝတ်မှုကြီးတွေကို ဆက်လက် စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုဖို့ဖြစ် တယ်လို့ သမ္မတရုံးကနေထုတ်ပြန်ထားပါတယ်။

No comments:
Post a Comment