Monday, December 9, 2019

ICJ တရားခွင်မှာ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံရေးအရ ဆောင် ရွက် မှုမျိုး မကြိုးစားသင့်ဟုဆို

MCN TV CHANNEL
2019 ဒီဇင်္ဘာလ 09

● နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ မကြာခင် နယ်သာလန်နိုင်ငံ The Hagu မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ရဲ့ တရားခွင်မှာ အမှုရင်ဆိုင်တဲ့အခါ နိုင်ငံတကာ ဥပဒေကြောင်းအရသာ ဆောင်ရွက်ဖို့နဲ့ နိုင်ငံ ရေးအရ ချည်းကပ် ဆောင်ရွက်တာမျိုးတွေ မကြိုးစား စေချင်ဘူးလို့ Aid Network ရဲ့ Founder ဖြစ်သလို နိုင် ငံတကာ လူ့အခွင့် အရေး ဥပဒေပညာရှင် ဦးအောင်ထူးက တိုက်တွန်းပြောကြား လိုက်ပါတယ်။
● ဒါ့အပြင် လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေး သဘောတူစာချုပ် Genocide Convention ကို စတင်လက် မှတ်ရေးထိုးစဉ်က ခြွင်းချက်အနေနဲ့ မြန်မာနိုင်ငံက လက်မှတ် မရေးထိုးခဲ့တဲ့ ပုဒ်မ (၂) ခုကို အကြောင်းပြုပြီး တရားစွဲဆိုခွင့် မရှိဘူးလို့ ပယ်ချတာမျိုး လုပ်ဆောင်လို့ မရနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေတယ်လို့လည်း BLC လို့ခေါ်တဲ့ Burma Lawer Council ရဲ့ အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သူ ဦးအောင်ထူး က ထောက်ပြထားတာပါ။

● ဒါကြောင့် Genocide Convention ပုဒ်မ (၅) မှာ ဖော်ပြထားတဲ့ "သက်ဆိုင်ရာ နိုင်ငံက လူသားမျိုးတုန်း သတ် ဖြတ်မှု တားဆီးရေးနဲ့ အရေးယူ အပြစ်ပေးရေးဆိုင်ရာ ဥပဒေ ရေးဆွဲပြဌာန်းရမယ်" ဆိုတဲ့ ပြ ဌာန်း ချက်အရ မြန်မာနိုင်ငံအနေနဲ့ ဒီဥပဒေမျိုးကို ရေးဆွဲအတည်ပြု ပြဌာန်းကျင့်သုံးသွားမယ်ဆိုတဲ့ အချက်မျိုးနဲ့ ဆောင်ရွက်သင့်တယ်လို့လည်း ပြောကြားထားတာပါ။

 
 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */