Wednesday, December 18, 2019

အိုင်စီဂျေ ကြားနာပွဲအပေါ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောမယ့်

B B C 
ဘီဘီစီ မြန်မာပိုင်း
18 ဒီဇင်္ဘာ2019
အိုင်စီဂျေအမှုကို စာရင်းကနေ လုံးဝပယ်ဖျက်ဖို့ မြန်မာဘက်က တောင်းဆိုထား


မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေမှာ ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့အမှုမှာ မြန်မာ နိုင်ငံဘက်ကနေ ဦးဆောင် လျှောက်ထားချက်ပေးခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ကြားနာမှုဆိုင်ရာ အတွေ့အကြုံနဲ့ ပတ်သက်လို့ ဒီကနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ ဗုဒ္ဓဟူးနေ့ည ၈ နာရီမှာ မြန်မာ့ရုပ်မြင်သံကြားနဲ့ မြန်မာ့အသံ ရေဒီယိုတို့မှာ လူထုကို အစီရင်ခံ တင်ပြတဲ့ မိန့်ခွန်းပြောဖို့ ရှိ တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ပါတယ်။

ရိုဟင်ဂျာ မွတ်ဆလင်တွေကို မြန်မာဘက်က လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ဂျီနိုဆိုက် ကွန်ဗန်ရှင်းကို ချိုး ဖောက်တယ်လို့ ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားပြီး ကြားဖြတ်အစီအမံတွေ ချမှတ်ပေးဖို့ တောင်းဆိုထားတာကို အိုင်စီဂျေမှာ ဒီဇင်ဘာ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ကြားနာခဲ့တာ ဖြစ်ပါတယ်။

၃ ရက်တာ ကြားနာပွဲကို သွားရောက်သတင်းယူခဲ့တဲ့ ဘီဘီစီသတင်းထောက်ရဲ့ တရားသူကြီးတွေကို မေး မြန်း ချက်အရ ဒီအမှုဟာ လာမယ့်နှစ် ဇန်နဝါရီလဆန်းလောက်မှာ အဆုံးအဖြတ် ထွက်လာနိုင်ဖွယ်ရှိ တယ် လို့လည်း သိရပါတယ်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */