Friday, November 1, 2019

Western Union ငွေလွှဲကုမ္ပဏီကို မြဝတီဘဏ်နဲ့ လက်မတွဲဖို့ ရိုဟင်ဂျာအဖွဲ့တွေတောင်းဆို

လွတ်လပ်တဲ့ အာရှအသံ( RFA )
2019-10-31
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်က မြဝတီဘဏ်ခွဲ။
Photo: MOI Web Portal Myanmar 

ကမ္ဘာတဝှမ်း ငွေလွှဲလုပ်ငန်းလုပ်နေတဲ့ Western Union ကုမ္ပဏီက မြန်မာ့တပ်မတော်ရဲ့ မြဝတီ ဘဏ်နဲ့ ဆက်စပ်ငွေလွှဲနေတာကို ရပ်ဖို့ အမေရိကန်နဲ့ ဗြိတိန်အခြေစိုက် ရိုဟင်ဂျာအဖွဲ့တွေက မနေ့ကရက်စွဲနဲ့ ကြေညာချက်ထုတ်ပြီး တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ BROUK ၊ Burma Campaign UK နဲ့ အမေရိကန်အခြေစိုက် ရိုဟင် ဂျာအရေးအပြည်ပြည်ဆိုင်ရာလှုပ်ရှားမှုအဖွဲ့ International Campaign for the Rohingya ဆိုတဲ့ အဖွဲ့သုံးဖွဲ့က အောက်တိုဘာလ ၃၁ ရက်နေ့မှာတောင်းဆိုလိုက်တာပါ။

 Western Union ဟာ မြန်မာ့တပ်မတော်ပိုင် ပြည်ထောင်စုစီးပွားရေးဦးပိုင်လီမိတက် လက်အောက်ခံ မြဝတီ ဘဏ်နဲ့ စီးပွားရေးအကျိုးတူဆောင်ရွက်နေတဲ့အတွက် မြဝတီဘဏ်ကနေတဆင့် စစ်တပ်ကို အကျိုးဖြစ် aစတယ်လို့ သူတို့အဖွဲ့ကထောက်ပြပါတယ်။

ရိုဟင်ဂျာတွေအရေးမှာ လူမျိုးတုန်းသုတ်သင်မှုကျူးလွန်ထားတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ ရဲ့ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင် UNFFM က ထောက်ပြထားတဲ့ မြန်မာ့တပ်မတော်နဲ့ Western Union က စီးပွားရေးအကျိုးတူလုပ်တယ်ဆိုတာ ကုမ္ပဏီအတွက် ဂုဏ်သိက္ခာထိခိုက်စေ တယ်လို့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ BROUK ရဲ့ ဥက္ကဋ္ဌ ကိုထွန်းခင်ကပြောပါတယ်။

ရိုဟင်ဂျာအရေး လှုပ်ရှားတဲ့အဖွဲ့တွေရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ Western Union ရဲ့ အမှုဆောင် အ ဖွဲ့ကို RFA ကတယ်လီဖုန်းနဲ့ရော၊ အီးမေးလ်နဲ့ပါဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန် ပါဘူး။ Western Union ရဲ့ အမှုဆောင်အရာရှိချုပ် Hikmet Ersek က ဒုက္ခသည်တွေရဲ့အခွင့်အရေးအတွက် ထုတ်ဖော်ပြော ဆိုခဲ့လို့ အများရဲ့ချီးကျူးတာခံထားရပါတယ်။

ဒါပေမယ့် ရိုဟင်ဂျာ ၇ သိန်းကျော် ထွက်ပြေးအောင်လုပ်ထားတဲ့ မြန်မာ့တပ်မတော်နဲ့ စီးပွားရေးအကျိုးတူ လုပ်ကိုင်နေတာတွေ့ရတယ်လို့ အမေရိကန်အခြေစိုက် ရိုဟင်ဂျာအရေး အပြည်ပြည်ဆိုင်ရာလှုပ်ရှားမှုအဖွဲ့ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး Simon Billenness ကပြောပါတယ်။

Western Union အနေနဲ့ မြန်မာနိုင်ငံမှာ စစ်တပ်နဲ့မပတ်သက်တဲ့ တခြားကုမ္ပဏီတွေနဲ့ လက်တွဲ လုပ်ကိုင်စ ရာ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ရက်စက်တဲ့မြန်မာစစ်တပ်ရဲ့အိတ်ထဲ ကိုတော့ ငွေဝင် အောင်မလုပ်သင့်ပါဘူးလို့ Burma Campaign UK အဖွဲ့ညွှန်ကြားရေးမှူး Mark Farmaner ကပြောပါတယ်။

Western Union ဟာ ကမ္ဘာတလွှား ငွေလွှဲလုပ်ငန်းလုပ်တဲ့ ကုမ္ပဏီကြီးဖြစ်ပြီး၊ မြန်မာနိုင်ငံမှာလဲ ဘဏ်အ တော်များများနဲ့ ချိတ်ဆက်ထားတဲ့အတွက် နိုင်ငံတကာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေက သူတို့ရဲ့မိသား စုတွေ၊ မိတ်ဆွေ၊ သူငယ်ချင်းတွေဆီကို အဲဒီကုမ္ပဏီကနေ ငွေလွှဲလေ့ရှိသလို၊ မြန်မာပြည်က လက်ခံမယ့် သူတွေက နီးစပ်ရာဘဏ်တွေမှာ သွားထုတ်ယူနိုင်ပါတယ်။

Link : Here


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */