" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, November 24, 2019

ရိုဟင်ဂျာ-မွတ်စလင် ဖိအားကြောင့် ရင်းနှီးမြုပ်နှံမှု ထိခိုက် လာ နိုင် ပြင်ဆင်ထားကြဖို့ အတိုင်ပင်ခံပြော

MCN TV NEWS
24 November 2019

ဘင်္ဂါလီ-ရိုဟင်ဂျာမွတ်စလင် ဖိအားတွေကြောင့် မြန်မာနိုင်ငံမှာ အနောက်နိုင်ငံတွေရဲ့ ရင်းနှီးမြုပ်နှံမှုတွေ လျော့နည်း ထိခိုက်လာနိုင်အတွက် အခုတည်းက ပြင်ဆင်ထားဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က သတိပေး ပြောကြားလိုက်ပြီ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၃ ရက်နေ့က နိုင်ငံတော်သမ္မတအိမ်တော်မှာပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တရားခွင်ကို သွားရောက်ရင်ဆိုင်ဖြေရှင်းရေးဆိုင်ရာ ဆွေးနွေးပွဲမှာ အတိုင်ပင်ခံပုဂ္ဂိုလ်က အဲ့ဒီလိုပြော ကြားခဲ့တဲ့အကြောင်း ပြည်ထောင်စုဝန်ကြီးတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး BBC သတင်းဌာနက ဖော်ပြထားတာပါ။

လက်ရှိအခြေအနေမှာတော့ မြန်မာနိုင်ငံကို “လူမျိုးတုံး သတ်ဖြတ်မှု တားဆီးရေး စာချုပ်” (Genocide Convention) ပါ အချက်တွေကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အစ္စလာမစ်နိုင်ငံများအဖွဲ့ OIC ကိုယ်စား ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ တရားစွဲဆိုထားတာပါ။

ဒီလိုတရားဆွဲဆိုခံရတဲ့အပေါ် နိုင်ငံတော်ရဲ့အကျိုးစီးပွားအတွက် ရည်ရွယ်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ကာ ICJ တရားခွင်ကို သွားရောက် ရင်ဆိုင် ဖြေရှင်းတော့မှာ ဖြစ်ပါတယ်။

လင့်၊https://www.mcntv.biz/news/local-news/24/11/2019/138708/

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */