Friday, November 15, 2019

မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် ကုလကော်မတီ အတည်ပြု

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
ခင်မောင်စိုး
2019-11-14
၂၀၁၉ နိုဝင်ဘာ ၁၄ ရက်နေ့ကကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ လူ့အခွင့်အရေးနဲ့ လူမှုရေးဆိုင်ရာ ကော်မတီ အစည်းအဝေးကို တွေ့ရစဉ် Photo: UN Web TV

 
 မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံ တတိယကော်မတီက နိုဝင်္ဘာ ၁၄ ရက်နေ့မှာ ထောက်ခံမဲ ၁၄၀ ကန့်ကွက်မဲ ၉ မဲ နဲ့ အတည်ပြုခဲ့ ပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနက် တရုတ်၊ ရုရှား၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘယ် လာရုစ်နဲ့ ဇင်ဘာဘွေနိုင်ငံတွေက မြန်မာနိုင်ငံဘက်က ရပ်တည်ကန့်ကွက်ခဲ့ပြီး စင်္ကာပူနိုင်ငံက ကြားနေ ခဲ့ ပါတယ်။ အခုလို ဆုံးဖြတ်ချက် ချမှတ်ရေးအတွက် အဆိုပြုရာမှာ ပါဝင်တဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် ပြည်ထောင်စု ကိုယ်စား လှယ်အဖွဲ့ရဲ့ တင်ပြချက်ကို RFA က ရရှိခဲ့ရာမှာ ရခိုင်၊ ကချင် နဲ့ ရှမ်းပြည်နယ်အပါ အဝင် မြန်မာနိုင်ငံတဝန်း ဆက် လက်ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုနဲ့ မတရားနှိပ်စက်မှုတွေကို ပြစ်တင်ရှုတ်ချကြောင်းနဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆောင်ရွက်ချက်တွေကို ထောက် ခံကြောင်း ဖေါ်ပြထားပါတယ်။

ဆက်လက်ပြီး မြန်မာအာဏာပိုင်တွေကို ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်ဖို့၊ တပ်မ တော် ကို အရပ်သားအစိုးရ ကွပ်ကဲမှုအောက် ထားရှိရေး အခြေချဆောင်ရွက်ဖို့၊ လူ့အခွင့်အရေး ချိုး ဖေါက်ခဲ့သူတွေကို အရေးယူ အပြစ်ပေးဖို့၊ လွတ်လပ်စွာ သတင်းရယူခွင့်၊ ပြောဆိုခွင့်နဲ့ ကိုးကွယ်မှု အပါအ ဝင် အခြေခံ လူ့အခွင့်အရေးတွေ ကို ကာကွယ် မြှင့်တင်ပေးဖို့နဲ့ ရခိုပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီး ကိုဖီ အာနန် ဦးဆောင်တဲ့အကြံပေး ကော်မရှင်က ထောက်ခံတင်ပြခဲ့တာတွေကို အကောင်အထည်ဖေါ်ဖို့ စတဲ့ အ ချက်တွေကို တောင်းဆိုထားပါတယ်။ တဆက်တည်းမှာပဲ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန် မာနိုင်ငံဆိုင်ရာ အထူးကိုယ် စားလှယ် Chistine Burgener ခရစ်စတင်း ဘာ့ဂနာ ရဲ့ လူ့အခွင့်အရေး တိုးတက် အောင် ကြိုးပမ်းမှုနဲ့ မြန်မာ့လူ ဘောင်အသိုင်းအဝန်းနဲ့ တွေ့ဆုံဆောင်ရွက်မှုတွေကိုလည်း ထောက်ခံအား ပေးပါကြောင်း ဖေါ်ပြထား ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ကမကထပြုဖွဲ့စည်းခဲ့တဲ့ IIFFM အချက်အလက် ရှာဖွေရေးကော်မရှင်ရဲ့ အစီရင်ခံစာကို လေးနက်စွာ ထောက်ခံကြောင်း၊ နောက်ထပ်ဖွဲ့စည်းလိုက်တဲ့ IIMM မြန် မာနိုင်ငံဆိုင် ရာ လွတ်လပ်သော စုံစမ်းရေးအဖွဲ့ကို ကြိုဆိုကြောင်းနဲ့ အဲဒီအဖွဲ့ကို နိုင်ငံတကာက ကူညီ ထောက်ခံကြဖို့ လည်း တိုက်တွန်းကြောင်း စသဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေးနဲ့ လူမှုရေးကော်မတီမှာ အမေရိကန် ကိုယ်စားလှယ်အဖွဲ့က တင်ပြခဲ့ပါတယ်။

အခုလို အမေရိကန်ပြည်ထောင်စုက ပါဝင်တင်ပြတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို ကန့်ကွက် ဆွေး နွေးခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒို စွမ်းက RFA ကိုပြောပါတယ်။

တတိယကော်မတီက မနေ့က ချမှတ်ခဲ့တဲ့ အဲဒီမူကြမ်းကို ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ လာမယ့် ဒီဇင်္ဘာလအတွင်း မဲခွဲ အတည်ပြုမှာ ဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */