VOA
ဗွီအိုအေ (မြန်မာပိုင်း)
15 နိုဝင်ဘာ၊ 2019
Bangladesh နိုင်ငံဒုက္ခသည်စခန်းတွေကနေ မလေးရှားကို သွားဖို့ကြိုးစားတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁၂၂ ယောက်ကို ဘင်္ဂလားပင်လယ်အော်ထဲမှာ Bangladesh ကမ်းရိုးတမ်းစောင့်တပ်ဖွဲ့က ကြာသပတေးနေ့က ကယ်တင်ခဲ့ရတယ်လို့ တပ်ဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။
15 နိုဝင်ဘာ၊ 2019
၂၀၁၇ တုန်းက ထွက်ပြေးလာတဲ့ လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည်များ
ပင်လယ်ထဲမှာ စက်လှေတစင်း စက်ပျက်ပြီး နစ်မလိုဖြစ်နေတယ်လို့ တံငါသည်တွေက အကြောင်းကြားတဲ့အ တွက် ကင်းလှည့်အဖွဲ့ သွားရောက်ကယ်ဆယ်ခဲ့ရကြောင်း ကမ်းရိုးတမ်းစောင့်တပ် ဒုတိယတပ်မှူး Saiful Islam က Reuters သတင်းဌာနကို ဒီကနေ့ ပြောကြားပါတယ်။
ဒုက္ခရောက်နေတဲ့ စက်လှေပေါ်က အမျိုးသမီး ၅၈ ယောက်၊ အမျိုးသား ၄၇ ယောက်နဲ့ ကလေး ၁၇ ယောက် ကို ကယ်တင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဒီနှစ်ထဲမှာပဲ ဒုက္ခသည်စခန်းတွေကနေ မလေးရှားကို ပို့ပေးမယ့် လူကုန်ကူးသူတွေလက်ကနေ ရိုဟင်ဂျာ ၅၀၀ ထက်မနည်းကို Bangladesh ရဲတပ်ဖွဲ့နဲ့ ကမ်းရိုးတမ်းစောင့် တပ်ဖွဲ့တွေက ကယ်တင်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ Bangladesh နိုင်ငံဖက် ထွက်သွားခဲ့ကြတဲ့ ရိုဟင်ဂျာတွေဟာ ဒုက္ခသည် စခန်းတွေကနေ ပိုမိုကောင်းမွန်တဲ့ ဘဝရမယ်လို့ မျှော်လင့်ပြီး ထိုင်းနဲ့ မလေးရှားဖက်တွေကို သွားဖို့ ကြိုးစား ကြတာဖြစ်ပါတယ်။ မြန်မာနဲ့ Bangladesh နိုင်ငံဖက်က ရိုဟင်ဂျာတွေ ရေကြောင်းကနေ မလေးရှားဖက်ကို သွားကြတာ ၂၀၁၆ နဲ့ ၂၀၁၇ခုနှစ်တွေမှာ ရပ်နေခဲ့ပေမဲ့ မနှစ်ကစပြီး ပြန်လုပ်လာကြတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးကပြောပါတယ်။
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာနိုင်ငံမှာလည်း ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတွေကနေ မလေးရှားနိုင်ငံကို စက်လှေနဲ့ သွားဖို့ကြိုးစားသူတွေကို မနှစ်က ၃ ကြိမ်ဖမ်းမိခဲ့ပါတယ်။
Link : Here
No comments:
Post a Comment